သားျဖစ္သူ မင္းျမတ္ပိုင္ရဲ႕ ေမြးေန႔မွာ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ ဆုမြန္ေကာင္းေလး ေတာင္းေပးခဲ့တဲ့ စိုးမိုးၾကည္

စိုးမိုးၾကည္ကေတာ့ ေခတ္အဆက္ဆက္ ေအာင္ျမင္တဲ့မင္းသမီးတစ္လက္အေနနဲ႔ ရပ္တည္ခဲ့တဲ့သူတစ္ေယာက္ပါ။ သူ႔လို႔ပဲ ေခ်ာေမာခန႔္ညားတဲ့သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး သားျဖစ္သူမင္းျမတ္ပိုင္ကလည္း အႏုပညာေသြးပါသူတစ္ေယာက္ပါပဲေနာ္။ အခုႏွစ္မွာ က်င္းပခဲ့တဲ့ ေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲႀကီးမွာ

ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အသက္(၁၈) ႏွစ္သာရွိေသးေပမယ့္ အရပ္(၆)ေပ (၃)လက္မနဲ႔ ျမင့္မားတဲ့အရပ္ပိုင္ဆိုင္ထားသူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ဒီေန႔ကေတာ့ မင္းျမတ္ပိုင္ရဲ႕ ေမြးေန႔ရက္ျမတ္ေလးျဖစ္ၿပီး ေမေမ စိုးမိုးၾကည္ကေတာ့

သားျဖစ္သူရဲ႕ေမြးေန႔ေလးမွာ ” လိမၼာေသာ သားေလး မင္းျမတ္ပိုင္ ေမြးေန႔မွစၿပီး က်န္းမာေပ်ာ္႐ႊင္ စိတ္ေအးခ်မ္းစြာနဲ႔သားေလးရဲ႕ရည္မွန္းခ်က္ေတြအားလုံး အဆင္ေျပ ေခ်ာေမြ႕ေအာင္ျမင္ပါေစလို႔ ေမေမ ဆုေတာင္းေပးလိုက္ပါတယ္” လို႔ေရးသားကာ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔

ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။ေမေမ့ရဲ႕ ေမြးေန႔ဆုေတာင္းေလးအတိုင္း ရည္မွန္းခ်က္ေတြအစစအရာရာ အဆင္ေျပေခ်ာေမြ႕ႏိုင္ပါေစေနာ္။ ေမေမစိုးမိုးၾကည္လိုမ်ိဳး ေအာင္ျမင္တဲ့သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း အႏုပညာလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ မင္းျမတ္ပိုင္ေရ..

Read in UNICODE

စိုးမိုးကြည်ကတော့ ခေတ်အဆက်ဆက် အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့သူတစ်ယောက်ပါ။ သူ့လို့ပဲ ချောမောခန့်ညားတဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားဖြစ်သူမင်းမြတ်ပိုင်ကလည်း အနုပညာသွေးပါသူတစ်ယောက်ပါပဲနော်။ အခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကြီးမှာ

ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသက်(၁၈) နှစ်သာရှိသေးပေမယ့် အရပ်(၆)ပေ (၃)လက်မနဲ့ မြင့်မားတဲ့အရပ်ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီနေ့ကတော့ မင်းမြတ်ပိုင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မေမေ စိုးမိုးကြည်ကတော့

သားဖြစ်သူရဲ့မွေးနေ့လေးမှာ ” လိမ္မာသော သားလေး မင်းမြတ်ပိုင် မွေးနေ့မှစပြီး ကျန်းမာပျော်ရွှင် စိတ်အေးချမ်းစွာနဲ့သားလေးရဲ့ရည်မှန်းချက်တွေအားလုံး အဆင်ပြေ ချောမွေ့အောင်မြင်ပါစေလို့ မေမေ ဆုတောင်းပေးလိုက်ပါတယ်” လို့ရေးသားကာ ချစ်ခြင်းမေတ္တာအပြည့်နဲ့

မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။မေမေ့ရဲ့ မွေးနေ့ဆုတောင်းလေးအတိုင်း ရည်မှန်းချက်တွေအစစအရာရာ အဆင်ပြေချောမွေ့နိုင်ပါစေနော်။ မေမေစိုးမိုးကြည်လိုမျိုး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မင်းမြတ်ပိုင်ရေ..

Source : Soe Moe Kyi’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *