ဦးခေါင်းခွဲစိတ်ကုသပြီး အခုထိ သတိမလည်သေးတဲ့ ဦးမန်းဝင်းအတွက် ထောက်ပံ့ကြေးငွေ(၁)သိန်း လှူဒါန်းခဲ့တဲ့ ငြိမ်းချမ်း
Read in UNICODE
အနုပညာလောကမှာ လူရွှင်တော်တွေအဖြစ်ရပ်တည်နေကြပြီး ဇာတ်ကားတွေအများအပြားမှာလည်းပါဝင်သရုပ်ဆောင်နေကြတဲ့ ငြိမ်းချမ်းနဲ့ ဦးမန်းဝင်းတို့ နှစ်ယောက်ကတော့ ဟိုးအရင်ကတည်းက အငြိမ့်တွေမှာလည်းအတူတူဆုံကြပြီး အနုပညာအလုပ်တွေကို
တွဲလုပ်ခဲ့ကြတာဖြစ်ပါတယ်။ငြိမ်းချမ်းနဲ့မန်းဝင်းတို့နှစ်ယောက်လုံးက ပရိသတ်တွေရဲ့အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားပြီး သူတို့ရဲ့ဟာသလေးတွေကလည်း ပရိသတ်တွေကိုအမောလေးတွေခဏတာပြေပျောက်စေပါတယ်နော်။ လက်ရှိမှာလည်း
အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲတွေလည်းလိုက်နေရတဲ့ငြိမ်းချမ်းက မနေ့ကဆိုရင်တော့ ဦးမန်းဝင်းဆီသွားရောက်ပြီး အလှူငွေကျပ်(၁)သိန်းကို ရန်ကုန်လူရွှင်တော်အသင်းကိုယ်စား သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဦးမန်းဝင်းကတော့
ပင်လုံဆေးရုံမှာ ဦးခေါင်းခွဲစိတ်ကုသမှုခံယူနေတာဖြစ်ပြီး ပရိသတ်တွေကလည်း မြန်မြန်သက်သာလာပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်နော်။ငြိမ်းချမ်းကတော့”ပင်လုံဆေးရုံတွင် ဦးခေါင်းခွဲစိတ်ကုသမှုခံယူနေရသောလူရွှင်တော်ကြီး ဦးမန်းဝင်း
အား ရန်ကုန်လူရွှင်တော်အသင်းမှ ပံ့ပိုးကူညီကန်တော့ငွေ၁သိန်းကျပ်အား အသင်းကိုယ်စား သွားရောက်ပေးလှုခဲ့ပါကြောင်း”ဆိုပြီး မှတ်တမ်းတင်ဓာတ်ပုံလေးကိုမျှဝေလာတာဖြစ်ပါတယ်။တစ်ယောက်အခက်အခဲဖြစ်နေချိန်မှာ လူရွှင်တော်တွေအချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ ရန်ကုန်လူရွှင်တော်အသင်းလေးက လေးစားစရာဖြစ်ပါတယ်နော်။
Source : Nyein Chan &Man Win-Joker’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *