ကံထူးသူ ပရိသတ်(၁၆၅)ဦးကို သူမရဲ့ အဝတ်အစားတွေ အလကားပို့ပေးမယ်ဆိုတဲ့ နန်းဆုရတီစိုး
Read in UNICODE
နန်းဆုရတီစိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်အလုပ်တွေကိုလည်း လုပ်ကိုင်နေခဲ့သလို သီချင်းကောင်းလေးတွေကိုလည်း သီဆိုခဲ့သူလေးပဲ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို
ပိုင်ဆိုင်ထားတဲ့ သူမကတော့ အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသလို မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင့်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ကံထူးသွားတဲ့ ပရိသတ်၁၆၅ယောက်ဆီကို သူမရဲ့အဝတ်အစားတွေကို အလကားပို့ပေးမယ့်အကြောင်း
ပြောလာခဲ့ပါတယ်။သူမကတော့ ” page live ကနေ ကံထူးတဲ့ အယောက်၁၅၀ နဲ့ we love groupက ကံထူးတဲ့သူ ၁၅ယောက် စုစုပေါင်း ကံထူးတဲ့ ၁၆၅ယောက် အတွက် ပထမဆုံး အသုတ် အနေဖြင့် ၇၅ ယောက်ကို မနက်ဖြန် စတင်ပို့ဆောင်ဖို့
delivery နဲ့အပ်ပြီးပါပြီရှင့် ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ ” မဲပေါက်သူတွေရဲ့ လိပ်စာတွေကိုစာရင်းလုပ်တဲ့ အခါ တစ်ချို့ ကံထူးသူတွေက လိပ်စာလေးတွေ မပို့ထားတာတို့ တစ်ချို့က ဖုန်းနံပါတ်နဲ့ လိပ်စာအပြည့်အစုံမပေးတာတို့တွေ ရှိနေသေးတာကြောင့်
လာပို့ပေးဖို့ တောင်းဆိုပါတယ်နော် .ပို့ထားပေမယ့် admin team က လိပ်စာစစ်တဲ့အခါ မတွေ့လိုက်တဲ့သူတွေရှိနေရင်လည်း ထပ်ပို့ပေးပါနော် message တွေ အများကြီးထဲက ရှာယူရတာမို့ နားလည်ပေးစေချင်ပါတယ်ရှင့်.စိတ်ရှည်ရှည်နဲ့စောင့်မျှော်နေကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။
Source : Nansu Yati Soe’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *