အႏုပညာေၾကးရတာ နည္းတဲ့ စက္မႈလုပ္သားေတြရဲ႕ အခက္အခဲကိုေတြးၿပီး စိတ္ပူေနတယ္ဆိုတဲ့ စိုးျပည့္သဇင္

သ႐ုပ္ေဆာင္ စိုးျပည့္သဇင္ကေတာ့ Covid ကာလမွာ အႏုပညာေလာကသားေတြထဲက စက္မႈအလႊာမွာ အလုပ္လုပ္ၾကသူေတြအတြက္ စားဝတ္ေနေရးအခက္အခဲျဖစ္မွာ စိတ္ပူေနခဲ့တာပါတဲ့။သူမကိုယ္တိုင္လည္း တတ္ႏိုင္သေလာက္ အလႉေလးေတြ လုပ္တယ္လို႔ ေျပာျပခဲ့ပါတယ္။ “Covid ကာလအတြင္းမွာ အဓိက ကေတာ့ စိုးျပည့္ ဂ႐ုဏာသက္မိတာက စက္မႈအလႊာပါ။ ႐ုပ္ရွင္အဖြဲ႕အစည္းတစ္ခုမွာဆိုရင္လည္း အႏုပညာေၾကးအေနနဲ႔ အနည္းဆုံးသူေတြျဖစ္တဲ့အတြက္ ပိုၿပီးေတာ့ က႐ုဏာသက္မိတယ္။ တတ္ႏိုင္သေလာက္

လႉတာေတြလည္းရွိတယ္။ Covid စျဖစ္ကာစက သူတို႔အတြက္ ပိုၿပီးေတာ့ စိတ္ပူတယ္။ လုပ္ငန္းေတြ လည္ပတ္ေနမွ အဆင္ေျပတာေလ ဒါေပမယ့္ ႐ုပ္ရွင္အစည္းအ႐ုံးကေရာ၊ ေလာကသားေတြကပါ ဝိုင္းဝန္းပံ့ပိုးေပးၾကတဲ့အေပၚမွာလည္း အရမ္းဝမ္းသာမိတယ္” ဆိုၿပီးေတာ့ ဇြန္လ ၈ ရက္ေန႔က ႐ုပ္ရွင္ႏွစ္(၁၀၀) ျပည့္အတြက္ ႐ိုက္ကူးေရးလုပ္ရင္း ေျဖဆိုခဲ့တာပါ။ COVID-19 ကာလျဖစ္တာေၾကာင့္အႏုပညာအလုပ္ေတြလည္း ရပ္နားထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္

ပရိသတ္ေတြရဲ႕ က်န္းမာေရးကို အထူးဂ႐ုစိုက္ၾကဖို႔ စိုးျပည့္သဇင္က ေျပာလာပါတယ္။“ အခက္အခဲေတြ ရင္ဆိုင္ေနရတဲ့ ပရိသတ္ေတြ အေနနဲ႔လည္း ေသေသခ်ာခ်ာေလး စည္းကမ္းတက် ေနထိုင္မယ္ ဆိုရင္ ပိုေကာင္းပါတယ္။ အခုလည္းစိုးျပည့္တို႔ ေက်ာ္ျဖတ္ေနၿပီလို႔ထင္ပါတယ္။ ေရာဂါပိုး ေတြ႕ရွိ တဲ့သူေတြလည္း နည္းသြားၿပီလို႔ထင္ပါတယ္။ ကံတရားက စိုးျပည့္တို႔ ျမန္မာႏိုင္ငံဘက္ကို

အမ်ားႀကီး ပါတယ္လို႔ ထင္တဲ့အတြက္ စည္းကမ္းေလးေတြ ထိန္းသိမ္းေစခ်င္တယ္။ အားလုံးသာ သတိထားၿပီး ေဆာင္႐ြက္ၾကမယ္ဆိုရင္ ဒီကာလႀကီးကို ျဖတ္ေက်ာ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ စိုးျပည့္သဇင္က အသက္(၁၈) ႏွစ္အ႐ြယ္မွာ “မိုးည အိပ္မက္ျမဴ” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆု အျဖစ္

ပထမဆုံးအႀကိမ္ အကယ္ဒမီဆု ရရွိခဲ့တာျဖစ္ပါတယ္။ သူမဟာ အသက္ ၁၃ ႏွစ္ကတည္းက အႏုပညာေလာကထဲကို စတင္ ဝင္ေရာက္ခဲ့သူပါ။ သူမဟာ သ႐ုပ္ေဆာင္ပိုင္းမွာသာမက အဆိုပိုင္းမွာလည္းပရိသတ္အားေပးမႈရရွိထားသူ ျဖစ္ၿပီး ခ်စ္သူေ႐ြးမယ္ေတးစီးရီးနဲ႔ အခ်စ္ကို ရွာေဖြေတြ႕ရွိျခင္း ဆိုတဲ့ ေတးစီးရီးေတြထြက္ရွိထားပါတယ္။ ဂီတ နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေအာင္ျမင္မႈေတြ ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Read in UNICODE

သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ Covid ကာလမှာ အနုပညာလောကသားတွေထဲက စက်မှုအလွှာမှာ အလုပ်လုပ်ကြသူတွေအတွက် စားဝတ်နေရေးအခက်အခဲဖြစ်မှာ စိတ်ပူနေခဲ့တာပါတဲ့။သူမကိုယ်တိုင်လည်း တတ်နိုင်သလောက် အလှူလေးတွေ လုပ်တယ်လို့ ပြောပြခဲ့ပါတယ်။ “Covid ကာလအတွင်းမှာ အဓိက ကတော့ စိုးပြည့် ဂရုဏာသက်မိတာက စက်မှုအလွှာပါ။ ရုပ်ရှင်အဖွဲ့အစည်းတစ်ခုမှာဆိုရင်လည်း အနုပညာကြေးအနေနဲ့ အနည်းဆုံးသူတွေဖြစ်တဲ့အတွက် ပိုပြီးတော့ ကရုဏာသက်မိတယ်။ တတ်နိုင်သလောက်

လှူတာတွေလည်းရှိတယ်။ Covid စဖြစ်ကာစက သူတို့အတွက် ပိုပြီးတော့ စိတ်ပူတယ်။ လုပ်ငန်းတွေ လည်ပတ်နေမှ အဆင်ပြေတာလေ ဒါပေမယ့် ရုပ်ရှင်အစည်းအရုံးကရော၊ လောကသားတွေကပါ ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့အပေါ်မှာလည်း အရမ်းဝမ်းသာမိတယ်” ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့က ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးလုပ်ရင်း ဖြေဆိုခဲ့တာပါ။ COVID-19 ကာလဖြစ်တာကြောင့်အနုပညာအလုပ်တွေလည်း ရပ်နားထားတယ်လို့ သိရပါတယ်။ ဒါကြောင့်

ပရိသတ်တွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ စိုးပြည့်သဇင်က ပြောလာပါတယ်။“ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ပရိသတ်တွေ အနေနဲ့လည်း သေသေချာချာလေး စည်းကမ်းတကျ နေထိုင်မယ် ဆိုရင် ပိုကောင်းပါတယ်။ အခုလည်းစိုးပြည့်တို့ ကျော်ဖြတ်နေပြီလို့ထင်ပါတယ်။ ရောဂါပိုး တွေ့ရှိ တဲ့သူတွေလည်း နည်းသွားပြီလို့ထင်ပါတယ်။ ကံတရားက စိုးပြည့်တို့ မြန်မာနိုင်ငံဘက်ကို

အများကြီး ပါတယ်လို့ ထင်တဲ့အတွက် စည်းကမ်းလေးတွေ ထိန်းသိမ်းစေချင်တယ်။ အားလုံးသာ သတိထားပြီး ဆောင်ရွက်ကြမယ်ဆိုရင် ဒီကာလကြီးကို ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ “မိုးည အိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု အဖြစ်

ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *