သတိပြန်မလည်သေးတဲ့ အဖေဖြစ်သူ ဦးမန်းဝင်းကို ဒုတိယအကြိမ်ခွဲစိတ်ပြီး အရင်လိုပြန်ကျန်းမာလာပါစေဆိုတဲ့ သမီးဖြစ်သူ




Read in UNICODE
ဦးမန်းဝင်းကတော့ ကျန်းမာရေးမကောင်းဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရတာကိုတော့ ပရိသတ်တွေ သိရှိပြီးသားဖြစ်ကြမှာပါနော်..။ ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ(၁)ရက်နေ့က ပင်လုံဆေးရုံကို

တက်ရောက်ခဲ့ကာ ဇွန်လ(၂)ရက်နေ့မှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် ရက်အတော်ကြာတဲ့အထိ ပြန်မနိုးလာခဲ့ဘဲ သတိမေ့ အိပ်ပျော်နေခဲ့ပါတယ်နော်..။ ဦးမန်းဝင်းတစ်ယောက် ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် ဦးနှောက်ထဲလေဝင်နေတာကြောင့်

ဇွန်လ(၈)ရက်နေ့အထိ သတိပြန်မလည်လာသေးပေမယ့် ဇွန်လ(၉)ရက်နေ့မှာ ခွဲစိတ်မှု ထပ်မံပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်နော်..။ ပရိသတ်တွေ စိုးရိမ်ပူပန်နေကြတဲ့ ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေလေးတွေကိုတော့ ဦးမန်းဝင်းရဲ့ Fb

စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာ ဖြစ်ပြီး အားလုံးက စိတ်ပူနေကြပါတယ်နော်..။ “ည 9နာရီမှာ ဖေကြီးကို ဒုတိယအကြိမ် ခွဲစိတ်နေပါတယ်။ ခွဲစိတ်မှုအောင်မြင်ပြီး အရင်လိုပြန်ကျန်းမာပါစေ..”

ဆိုပြဖိး ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေလေးကို ပြောပြထားတာပါ..။ အဲ့ဒီပို့်ရဲ့အောက်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တေံကလည်း စိတ်ပူစွာနဲ့ ဆုတောင်းစကားလေးတွေ တောင်းပေးထားကြတာ တွေ့ရပါတယ်နော်..။
Source : Man Win & San San Phyu’s Facebook | Reference & Credit : Myanmarload