အောင်ဘာလေ သိန်းထီဆုကြီးပေါက်တာ အခုမှသိပြီး ပျော်ရွှင်နေတဲ့ နန်းမြတ်ဖြိုးသင်း
Read in UNICODE
သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကို မျှဝေလာပါတယ်။ သတင်းကောင်းလေးကတော့ နန်းမြတ်က (၁၃)ကြိမ်မြောက်
အောင်ဘာလေသိန်းဆုထီကြီးကို ပေါက်သွားခဲ့တာပဲဖြစ်ပါတယ်။နန်းမြတ်ကတော့ အောင်ဘာလေ သိန်းဆုထီတွေများစွာထဲမှာမှ (၁)သိန်းဆုကြီးကို ပေါက်သွားခဲ့တာဖြစ်ပြီး အခုလို ထီပေါက်တဲ့ အတွက်ပျော်ရွှင်နေကြောင်းသူ့ရဲ့
လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။ “(၁၃)ကြိမ်မြောက်မှာထီပေါက်နေတာ မနေ့ကမှတိုက်မိတယ်။ ပျော်လိုက်တာ ဟီးဟီး” လို့ ပျော်ရွှင်စွာနဲ့ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ ထီကလကုန်ပြီးကတည်းက
ထွက်နေခဲ့ပြီဖြစ်ပေမဲ့ နန်းမြတ်ကတော့ မနေ့ကမှထီတိုက်မိလို့ထီပေါက်တာကို အခုမှ သိခဲ့တာပါတဲ့။ ပရိသတ်ကြီးတွေရော အရင်လက ထီထိုးထားပြီး အခုထိထီမတိုက်ရသေးတဲ့ ပရိသတ်တွေရှိရင် ထီတိုက်ကြည့်လိုက်ကြဦးနော်။
Source : Nann Myat Phyo Thin | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *