ဆံုးပါးသြားၿပီျဖစ္တဲ့ မိခင္ႀကီးရဲ႕ ေနာက္ဆံုးခရီး လိုက္ပို႔ေပးတဲ့သူေတြကို ေက်းဇူးတင္စကား ေျပာခဲ့တဲ့ ေက်ာ္ဇင္ထြဋ္

ေက်ာ္ဇင္ထြဋ္ကေတာ့ ဗီလိန္ဇာတ္႐ုပ္ေတြနဲ႔ အမုန္းခံၿပီး ဇာတ္ပို႔တစ္ေယာက္ရဲ႕တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ရင္း အႏုပညာခရီးကို ေလွ်ာက္လွမ္းေနသူတစ္ေယာက္ပါ။ မေန႔ကေန႔လည္(၂)နာရီမွာေတာ့ ေက်ာ္ဇင္ထြဋ္ရဲ႕မိခင္ျဖစ္သူ ကင္ဆာေရာဂါနဲ႔

ဆုံးပါးသြားခဲ့ၿပီျဖစ္ေၾကာင္း ပရိသတ္ကိုစိတ္မေကာင္းစြာ မွ်ေဝခဲ့ပါတယ္။ ကင္ဆာေရာဂါနဲ႔ ဆုံးပါးသြားတဲ့မိခင္ႀကီးကို ေန႔မကူးဘဲ အသုဘခ်ဖို႔ေဆာင္႐ြက္ခဲ့ၿပီး လိုအပ္ေနတဲ့အကူညီေပးသူေတြနဲ႔ မိခင္ရဲ႕ေနာက္ဆုံးခရီးလိုက္ပါပို႔ေဆာင္ေပးခဲ့သူေတြကို

ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ” (9.6.2020) ေန႔လည္(၂)နာရီအခ်ိန္တြင္ ေမေမေဒၚျမင့္ျမတ္ေအး အသက္(၇၄)ႏွစ္သည္ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္သြားပါ၍ အေမ့ ေနာက္ဆုံးခရီးစဥ္ကို လိုက္ပို႔ေပးခဲ့ၾကတဲ့အေမ့ရဲ႕ ေဆြမ်ိဳးညီအကိုေမာင္ႏွမမ်ား

အားလုံးကို အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္းသတင္းပို႔ပါသည္…..100%ေက်ာ္ဇင္ထြဋ္ရဲ႕ေမေမ ေကာင္းရာသုဂတိလားပါေစ ” ဆိုၿပီး ဝမ္းနည္းစြာနဲ႔ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ေက်ာ္ဇင္ထြဋ္ရဲ႕ မိခင္ ေနာက္ဆုံးခရီးကိုေတာ့

ဦးေက်ာ္သူနာေရးကူညီမႈအသင္းႀကီးရဲ႕ အကူညီနဲ႔အတူ မင္းသားထြန္းကိုကိုဦးေဆာင္ၿပီး ေရေဝးသုႆန္မွာ ပို႔ေဆာင္ သၿဂိဳလ္ခဲ့ပါတယ္။ မိခင္ျဖစ္သူ ဆုံးပါးသြားမႈေၾကာင့္ ဝမ္းနည္းေနတဲ့ ေက်ာ္ဇင္ထြဋ္အတြက္ အားေပးစကားေျပာခဲ့ပါဦးေနာ္။

Read in UNICODE

ကျော်ဇင်ထွဋ်ကတော့ ဗီလိန်ဇာတ်ရုပ်တွေနဲ့ အမုန်းခံပြီး ဇာတ်ပို့တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အနုပညာခရီးကို လျှောက်လှမ်းနေသူတစ်ယောက်ပါ။ မနေ့ကနေ့လည်(၂)နာရီမှာတော့ ကျော်ဇင်ထွဋ်ရဲ့မိခင်ဖြစ်သူ ကင်ဆာရောဂါနဲ့

ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း ပရိသတ်ကိုစိတ်မကောင်းစွာ မျှဝေခဲ့ပါတယ်။ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားတဲ့မိခင်ကြီးကို နေ့မကူးဘဲ အသုဘချဖို့ဆောင်ရွက်ခဲ့ပြီး လိုအပ်နေတဲ့အကူညီပေးသူတွေနဲ့ မိခင်ရဲ့နောက်ဆုံးခရီးလိုက်ပါပို့ဆောင်ပေးခဲ့သူတွေကို

ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ” (9.6.2020) နေ့လည်(၂)နာရီအချိန်တွင် မေမေဒေါ်မြင့်မြတ်အေး အသက်(၇၄)နှစ်သည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပါ၍ အမေ့ နောက်ဆုံးခရီးစဉ်ကို လိုက်ပို့ပေးခဲ့ကြတဲ့အမေ့ရဲ့ ဆွေမျိုးညီအကိုမောင်နှမများ

အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းသတင်းပို့ပါသည်…..100%ကျော်ဇင်ထွဋ်ရဲ့မေမေ ကောင်းရာသုဂတိလားပါစေ ” ဆိုပြီး ဝမ်းနည်းစွာနဲ့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ကျော်ဇင်ထွဋ်ရဲ့ မိခင် နောက်ဆုံးခရီးကိုတော့

ဦးကျော်သူနာရေးကူညီမှုအသင်းကြီးရဲ့ အကူညီနဲ့အတူ မင်းသားထွန်းကိုကိုဦးဆောင်ပြီး ရေဝေးသုဿန်မှာ ပို့ဆောင် သဂြိုလ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆုံးပါးသွားမှုကြောင့် ဝမ်းနည်းနေတဲ့ ကျော်ဇင်ထွဋ်အတွက် အားပေးစကားပြောခဲ့ပါဦးနော်။

Source : Kyaw Zin Htut’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *