ယေန႔ ေစ့စပ္လိုက္ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလိုက္တဲ့ ေက်ာ္ထက္ေအာင္
|ျမန္မာအိုင္ေဒါရဲ႕ Host တစ္ေယာက္အေနနဲ႔ ေက်ာ္ထက္ေအာင္ကေတာ့ ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိခဲ့သူတစ္ေယာက္ပါ။ ျမင့္မားတဲ့အရပ္ ေယာက်ာ္းပီသတဲ့မ်က္ႏွာကို ပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္ျဖစ္တာမို႔လည္း မိန္းကေလးပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ဝန္းရံအားေပးျခင္း ရရွိခဲ့သူျဖစ္ပါတယ္။ သူကေတာ့

အားေပးဝန္းရံသူပရိသတ္ေတြေၾကာင့္ အခုဆိုရင္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ႐ုပ္ရွင္ဇာတ္ကားေတြ႐ိုက္ကူးလာခဲ့တာ အေတာ္ခရီးေပါက္ေနၿပီလို႔ ဆိုရမွာပါ။ ကိုယ္ပိုင္အရည္အခ်င္းအျပည့္နဲ႔ ဆက္တိုက္ႀကိဳးစားေနသူေက်ာ္ထက္ေအာင္ကေတာ့

အခ်စ္ေရးနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာခ်ျပခဲ့ျခင္းမရွိေပမယ့္ ဒီေန႔မွာေတာ့ ေစ့စပ္လက္စြပ္ဝတ္ဆင္ထားတဲ့ပုံရိပ္တစ္ခုနဲ႔အတူ ” Engagement Accomplished” ဆိုတဲ့စာသားေလးနဲ႔ မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ.. ပိုင္ရွင္ရွိသြားၿပီလို႔ အဓိပၸါယ္ရတဲ့ပို႔စ္ေလးေၾကာင့္ မိန္းကေလးပရိသတ္တခ်ိဳ႕ကေတာ့ ဝမ္းနည္းေၾကာင္းမွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္။ ေက်ာ္ထက္ေအာင္ကေတာ့

ဒီပို႔စ္ေလးနဲ႔ပတ္သက္ၿပီး ေနာက္ေနတာလား တကယ္လား ပရိသတ္ကို ဖြင့္ဟေျပာၾကားထားျခင္းမရွိေသးပါဘူးေနာ္.. ပရိသတ္ႀကီးကေရာ မင္းသားေခ်ာေက်ာ္ထက္ေအာင္ကို ဒီတိုင္းေလးပဲ ေနေစခ်င္ေသးလား.. ဆိုင္သူရွိေစခ်င္ၿပီလား မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။
Read in UNICODE
မြန်မာအိုင်ဒေါရဲ့ Host တစ်ယောက်အနေနဲ့ ကျော်ထက်အောင်ကတော့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့သူတစ်ယောက်ပါ။ မြင့်မားတဲ့အရပ် ယောကျာ်းပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်တာမို့လည်း မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်း ရရှိခဲ့သူဖြစ်ပါတယ်။ သူကတော့

အားပေးဝန်းရံသူပရိသတ်တွေကြောင့် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလာခဲ့တာ အတော်ခရီးပေါက်နေပြီလို့ ဆိုရမှာပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ဆက်တိုက်ကြိုးစားနေသူကျော်ထက်အောင်ကတော့

အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာချပြခဲ့ခြင်းမရှိပေမယ့် ဒီနေ့မှာတော့ စေ့စပ်လက်စွပ်ဝတ်ဆင်ထားတဲ့ပုံရိပ်တစ်ခုနဲ့အတူ ” Engagement Accomplished” ဆိုတဲ့စာသားလေးနဲ့ မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ.. ပိုင်ရှင်ရှိသွားပြီလို့ အဓိပ္ပါယ်ရတဲ့ပို့စ်လေးကြောင့် မိန်းကလေးပရိသတ်တချို့ကတော့ ဝမ်းနည်းကြောင်းမှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။ ကျော်ထက်အောင်ကတော့

ဒီပို့စ်လေးနဲ့ပတ်သက်ပြီး နောက်နေတာလား တကယ်လား ပရိသတ်ကို ဖွင့်ဟပြောကြားထားခြင်းမရှိသေးပါဘူးနော်.. ပရိသတ်ကြီးကရော မင်းသားချောကျော်ထက်အောင်ကို ဒီတိုင်းလေးပဲ နေစေချင်သေးလား.. ဆိုင်သူရှိစေချင်ပြီလား မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Kyaw Htet Aung | Reference & Credit : Cele Gabar