ေမြးေန႔မွာ အြန္လိုင္းကေနၿပီး ေငြက်ပ္(၃၆)သိန္းဖိုး ကံစမ္းမဲေဖာက္ေပးမယ္ဆိုတဲ့ စမိုင္း

စမိုင္းလ္ကေတာ့ ဇြန္လ (၂၂) ရက္ေန႔မွာ က်ေရာက္မယ့္ေမြးေန႔မွာ ပရိသတ္ေတြအတြက္ ေပ်ာ္စရာေကာင္းတဲ့ အစီအစဥ္ေတြ လုပ္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ ဒီအစီအစဥ္ကိုေတာ့ ဇြန္လ (၂၁) ရက္ေန႔ ညမွာ ျပဳလုပ္သြားမယ္လို႔ သူက ေျပာပါတယ္။ “ကြၽန္မခ်စ္ရတဲ့ Smiley ေတြကိုဘယ္လိုေပ်ာ္ေအာင္လုပ္ေပးရမလဲ။ ဘယ္လိုစိတ္ခ်မ္းသာေအာင္လုပ္ရမလဲအၿမဲစဥ္းစားေနတတ္တဲ့ကြၽန္မ အခုေမြးေန႔လည္းနီးလာၿပီဆိုေတာ့ ခ်စ္ရတဲ့သူေတြကိုဘာလုပ္ေပးရမလဲစဥ္းစားေနတာ။ အခုလို Covid အခ်ိန္မွ

ာလူေတြအဓိကလိုအပ္ေနတာ ပိုက္ဆံပဲဆိုေတာ့ Smile ရဲ႕ေမြးေန႔မွာ ေပ်ာ္ေပ်ာ္ပါးပါးဂိမ္းေတြလည္း Live ကစားၾကမယ္” ဆိုၿပီးေတာ့ ဇြန္လ ၉ ရက္ေန႔ ည ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ စမိုင္းလ္ရဲ႕ Facebook Page ကေနတဆင့္ ဂိမ္းေတြ ေဆာ့ကစားရင္း ကံစမ္းမဲေတြေဖာက္ေပးမယ္လို႔ သူက ဆိုပါတယ္။ “Smiley ေတြအကုန္လုံးကလည္းပါဝင္ကစားႏိုင္မယ္ ၿပီးေတာ့ ကံစမ္းမဲေတြလည္းလုပ္မယ္။ ပထမဆု- ၁၀သိန္း၊ ဒုတိယဆု – ၅ သိန္းအပါအဝင္

သိန္းေပါင္း ၃၆သိန္းတိတိကို ခ်စ္ရတဲ့သူေတြကို လက္ေဆာင္ျပန္ေပးမဲ့အစီအစဥ္ေလးကို ၂၁ရက္ေန႔ မွာက်င္းပမယ္ေနာ္. ဒီ Page ေလးကို Like နဲ႔ See first လုပ္ထားၾကအုန္းေနာ္။Smile ရဲ႕ Online Birthdayparty” လို႔လည္း ဆက္လက္ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္စမိုင္းလ္ဟာ ေမလ(၈) ရက္ေန႔က ေဝဘာဂီေဆး႐ုံႀကီးမွာ က်ပ္သိန္း(၁၀၀) ေက်ာ္တန္ အသက္ရႈစက္တစ္လုံး လႉခဲ့တယ္လို႔ သိရပါတယ္။ သူမဟာ Covid ကာလမွာ We Love Yangon ကေနတဆင့္

အလႉအတန္းေတြ လုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ သူခ်စ္ရတဲ့ ခင္ပြန္းရယ္၊ သမီးေလး ႏွစ္ေယာက္ရယ္ နဲ႔ေပ်ာ္႐ႊင္စရာ မိသားစုဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ စမိုင္းလ္တို႔မိသားစုကိုေတာ့ အားမက်တဲ့ ပရိသတ္မရွိသေလာက္ပါပဲ။ စမိုင္းလ္ဟာ ခင္ပြန္းေကာင္းကိုလည္း ပိုင္ဆိုင္ထားသူျဖစ္သလို၊ အရမ္းလိမၼာတဲ့ သမီးေလး ႏွစ္ေယာက္ကို လည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ စမိုင္းလ္ ဟာ အခုခ်ိန္မွာ ကိုယ္ပိုင္စီးပြားေရးေတြလည္း

အမ်ားႀကီးပိုင္ဆိုင္ထားသလိုကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး ကိုလည္း စီစဥ္ေဆာင္႐ြက္ေနသူတစ္ဦးပါ။ ဒီလိုပိုင္ဆိုင္မႈေတြရွိလာႏိုင္ေအာင္လည္း ခင္ပြန္းျဖစ္သူက အလုပ္ႀကိဳးစားသလို သူကိုယ္တိုင္ကလည္း အိမ္ေထာင္မႈကိုထိန္းသိမ္း ရ တယ္လို႔ အင္တာဗ်ဴးမွာေျဖဆိုခဲ့ဖူးပါတယ္။ အခုဆိုရင္ စမိုင္းလ္႐ုပ္ရွင္ထုတ္လုပ္ေရးကိုပါ ဦးေဆာင္ေနသလို ပရိသတ္နဲ႔ အဆက္အသြယ္မျပတ္ဖို႔ သ႐ုပ္ေဆာင္ အလုပ္ေတြပါ ျပန္လုပ္ေနၿပီလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အဘြားျဖစ္သူ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ေဒၚခင္ေလးေဆြရယ္၊ သူခ်စ္ရတဲ့ ခင္ပြန္းရယ္၊ သမီးေလး ႏွစ္ေယာက္ရယ္ နဲ႔ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

Read in UNICODE

စမိုင်းလ်ကတော့ ဇွန်လ (၂၂) ရက်နေ့မှာ ကျရောက်မယ့်မွေးနေ့မှာ ပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့ အစီအစဉ်တွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကိုတော့ ဇွန်လ (၂၁) ရက်နေ့ ညမှာ ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်။ “ကျွန်မချစ်ရတဲ့ Smiley တွေကိုဘယ်လိုပျော်အောင်လုပ်ပေးရမလဲ။ ဘယ်လိုစိတ်ချမ်းသာအောင်လုပ်ရမလဲအမြဲစဉ်းစားနေတတ်တဲ့ကျွန်မ အခုမွေးနေ့လည်းနီးလာပြီဆိုတော့ ချစ်ရတဲ့သူတွေကိုဘာလုပ်ပေးရမလဲစဉ်းစားနေတာ။ အခုလို Covid အချိန်မှ

ာလူတွေအဓိကလိုအပ်နေတာ ပိုက်ဆံပဲဆိုတော့ Smile ရဲ့မွေးနေ့မှာ ပျော်ပျော်ပါးပါးဂိမ်းတွေလည်း Live ကစားကြမယ်” ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ စမိုင်းလ်ရဲ့ Facebook Page ကနေတဆင့် ဂိမ်းတွေ ဆော့ကစားရင်း ကံစမ်းမဲတွေဖောက်ပေးမယ်လို့ သူက ဆိုပါတယ်။ “Smiley တွေအကုန်လုံးကလည်းပါဝင်ကစားနိုင်မယ် ပြီးတော့ ကံစမ်းမဲတွေလည်းလုပ်မယ်။ ပထမဆု- ၁၀သိန်း၊ ဒုတိယဆု – ၅ သိန်းအပါအဝင်

သိန်းပေါင်း ၃၆သိန်းတိတိကို ချစ်ရတဲ့သူတွေကို လက်ဆောင်ပြန်ပေးမဲ့အစီအစဉ်လေးကို ၂၁ရက်နေ့ မှာကျင်းပမယ်နော်. ဒီ Page လေးကို Like နဲ့ See first လုပ်ထားကြအုန်းနော်။Smile ရဲ့ Online Birthdayparty” လို့လည်း ဆက်လက်ပြောပြလာပါတယ်။ သရုပ်ဆောင်စမိုင်းလ်ဟာ မေလ(၈) ရက်နေ့က ဝေဘာဂီဆေးရုံကြီးမှာ ကျပ်သိန်း(၁၀၀) ကျော်တန် အသက်ရှုစက်တစ်လုံး လှူခဲ့တယ်လို့ သိရပါတယ်။ သူမဟာ Covid ကာလမှာ We Love Yangon ကနေတဆင့်

အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ စမိုင်းလ်ဟာ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သလို၊ အရမ်းလိမ္မာတဲ့ သမီးလေး နှစ်ယောက်ကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း

အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *