ေလာေလာဆယ္ ေရြးခ်ယ္ထားတဲ့ အက္ရွင္ဝါသနာပါတဲ့ ကေလး(၈)ေယာက္ကို ေျမေတာင္ေျမႇာက္ေပးသြားမယ္ဆိုတဲ့ ေနထူးႏိုင္

ေနထူးႏိုင္ဟာ ကိုယ္ပိုင္ Studio တည္ေထာင္ၿပီးသြားတဲ့ေနာက္မွာ သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီး ဖိုက္တင္အပိုင္းကို စိတ္ဝင္စားတဲ့ ဝါသနာရွင္ေတြကိုလည္း ေျမေတာင္ေျမႇာက္ေပးသြားမယ့္အေၾကာင္း ေျပာလာပါတယ္။ “ ကြၽန္ေတာ့္လိုပဲ အက္ရွင္ဝါသနာပါတဲ့ ကေလးေတြကို ေျမေတာင္ေျမႇာက္ေပးခ်င္တယ္။ ကြၽန္ေတာ္က အသက္ႀကီးေနၿပီ။ တစ္ခါလာလည္း ေနထူးႏိုင္၊ ေနာက္တစ္ခါလာလည္း ေနထူးႏိုင္ဆိုရင္ သူတို႔လည္း ပ်င္းေနမွာေပါ့။ ဒါေၾကာင့္ ေနထူးႏိုင္နဲ႔ ေနာက္ထပ္ အသစ္ေတြ အတူတူ႐ိုက္မယ္။ အခုလည္း ဒီမွာ ႐ိုက္လို႔ရၿပီဆိုတာနဲ႔ “ၾကယ္တံခြန္ အင္တာတိန႔္မန႔္” က သ႐ုပ္ေဆာင္

အသစ္ေလးေတြကို ေခၚထားမယ္။ သူတို႔ကိုလည္း စတန႔္ေတြေရာ အကုန္သင္ထားၿပီးၿပီ။ ဒီကေလးေတြနဲ႔ ကြၽန္ေတာ္ စ႐ိုက္ေတာ့မယ္” ဆိုၿပီးေတာ့ ဇြန္လ (၈) ရက္ေန႔က Target Stunts Studio ဖြင့္ပြဲမွာ ေျဖဆိုခဲ့တာပါ။ သ႐ုပ္ေဆာင္ ေနထူးႏိုင္က ဇြန္လ(၈) ရက္ေန႔ မနက္ပိုင္းက ကိုယ္ပိုင္စတူဒီယိုျဖစ္တဲ့ ” Target Stunts Studio” ကိုသီရိမြန္ပလာဇာမွာ ဖြင့္လွစ္ခဲ့ပါတယ္။ အရင္ကထက္ ပိုေကာင္းတဲ့ အရာေတြကို ျပသခ်င္တာေၾကာင့္ အခုလို ဖြင့္ခဲ့တာလို႔လည္း သူက ဆိုပါတယ္။ ” ကြၽန္ေတာ္တို႔မွာ သူမ်ားႏိုင္ငံေတြမွာလို Studio ေကာင္းေကာင္း မရွိဘူး။ အဲဒီအတြက္

အခန္းလိုက္ရွာရင္းနဲ႔ ဒီမွာပဲ အၿပီးအစီး႐ိုက္လို႔ရေအာင္ လုပ္ထားတယ္။ ေနာက္ဆိုရင္ေတာ့ ကြၽန္ေတာ္လည္း ဒီထဲမွာပဲ ဇာတ္ကား႐ိုက္ျဖစ္ဖို႔ မ်ားပါတယ္။ Outdoor ႐ိုက္ရမယ့္ ဟာေတြဆိုရင္ေတာ့ အျပင္ထြက္ရမွာေပါ့ေလ။ ထူးျခားတာကေတာ့ ကြၽန္ေတာ္က ဘယ္သူ႔ကို မွီဖို႔၊ ဘယ္သူ႔ကို ယွဥ္ဖို႔ဆိုတာထက္ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အၿမဲတမ္းၿပိဳင္တယ္၊ ယွဥ္တယ္။ ကြၽန္ေတာ့္ရဲ႕ ဖိုက္တင္ေတြကို အရင္ကထက္ ပိုေကာင္းေအာင္ ဘယ္လိုေတြ လုပ္မလဲ၊ ပရိသတ္ကို ဘယ္လို အသစ္အဆန္းေတြ ခ်ျပမလဲ၊ ေဖ်ာ္ေျဖေရး ျဖစ္တာေၾကာင့္ ၾကည့္ရႈရတာ ဘယ္လို အဆင္ေျပမလဲ

ဆိုတာကိုၾကည့္ရမယ္။ အခ်ိန္ (၂) နာရီေလာက္ ေပးၿပီး ၾကည့္မယ့္ ပရိသတ္ေတြကို အသစ္အဆန္းေတြ ခ်ျပခ်င္တယ္” လို႔ သူကဆိုပါတယ္။ေနထူးႏိုင္က လက္ရွိမွာ ဝါသနာရွင္အသစ္ေလး(၈) ေယာက္ကို ဇာတ္ကားအတူတြဲ႐ိုက္ဖို႔ ေ႐ြးခ်ယ္ ထားၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။ “ ကြၽန္ေတာ္ ေ႐ြးထားတဲ့ သ႐ုပ္ေဆာင္အသစ္ေလး(၈) ေယာက္ရွိတယ္။ ဒီ (၈) ေယာက္ကေတာ့ အိုက္တင္ဆိုလည္း ေျပာလို႔ရတယ္။ ကြၽမ္းလည္း သင္လို႔ရတယ္။ ဖိုက္တင္ဆိုလည္း လုပ္လို႔ရတယ္ဆိုေတာ့ အကုန္လုံးကို ေဒါင္ေဒါင္ျမည္ ကြၽန္ေတာ္ ေ႐ြးခ်ယ္ထားပါတယ္။ ဘယ္သူ ျဖစ္မယ္၊ မျဖစ္ဘူးဆိုတာကိုေတာ့

ေျပာလို႔ မရပါဘူး။ အာမလည္း မခံႏိုင္ပါဘူး။ သူတို႔ ႀကိဳးစားရင္ ႀကိဳးစားသလိုေတာ့ ျဖစ္မွာပါ။ ဘယ္အရာပဲျဖစ္ျဖစ္ ေစ့ေစ့စပ္စပ္ စြဲစြဲၿမဲၿမဲ လုပ္ရင္ေတာ့ ျဖစ္လာမွာပါပဲ” လို႔ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ေနထူးႏိုင္ကိုေတာ့ ပရိသတ္ေတြက အက္ရွင္မင္းသားတစ္ေယာက္အျဖစ္ စတင္သိရွိလာခဲ့ၾကတာပါ။ လက္ရွိမွာလည္း အက္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။ သူဟာ အႏုပညာနဲ႔ ပတ္သက္ၿပီး ဇာတ္ကားေတြလည္း ႐ိုက္ကူးေနတာျဖစ္သလို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဗီဒီယို အဖြဲ႕မွာလည္း အတြင္းေရးမႉးတစ္ေယာက္အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ လက္ရွိမွာလည္း ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ အားတက္သေရာ ပါဝင္ေလ့ရွိတဲ့ မင္းသားေခ်ာ တစ္ေယာက္ျဖစ္ပါတယ္။

Read in UNICODE

နေထူးနိုင်ဟာ ကိုယ်ပိုင် Studio တည်ထောင်ပြီးသွားတဲ့နောက်မှာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဖိုက်တင်အပိုင်းကို စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေကိုလည်း မြေတောင်မြှောက်ပေးသွားမယ့်အကြောင်း ပြောလာပါတယ်။ “ ကျွန်တော့်လိုပဲ အက်ရှင်ဝါသနာပါတဲ့ ကလေးတွေကို မြေတောင်မြှောက်ပေးချင်တယ်။ ကျွန်တော်က အသက်ကြီးနေပြီ။ တစ်ခါလာလည်း နေထူးနိုင်၊ နောက်တစ်ခါလာလည်း နေထူးနိုင်ဆိုရင် သူတို့လည်း ပျင်းနေမှာပေါ့။ ဒါကြောင့် နေထူးနိုင်နဲ့ နောက်ထပ် အသစ်တွေ အတူတူရိုက်မယ်။ အခုလည်း ဒီမှာ ရိုက်လို့ရပြီဆိုတာနဲ့ “ကြယ်တံခွန် အင်တာတိန့်မန့်” က သရုပ်ဆောင်

အသစ်လေးတွေကို ခေါ်ထားမယ်။ သူတို့ကိုလည်း စတန့်တွေရော အကုန်သင်ထားပြီးပြီ။ ဒီကလေးတွေနဲ့ ကျွန်တော် စရိုက်တော့မယ်” ဆိုပြီးတော့ ဇွန်လ (၈) ရက်နေ့က Target Stunts Studio ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။ သရုပ်ဆောင် နေထူးနိုင်က ဇွန်လ(၈) ရက်နေ့ မနက်ပိုင်းက ကိုယ်ပိုင်စတူဒီယိုဖြစ်တဲ့ ” Target Stunts Studio” ကိုသီရိမွန်ပလာဇာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အရင်ကထက် ပိုကောင်းတဲ့ အရာတွေကို ပြသချင်တာကြောင့် အခုလို ဖွင့်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ ” ကျွန်တော်တို့မှာ သူများနိုင်ငံတွေမှာလို Studio ကောင်းကောင်း မရှိဘူး။ အဲဒီအတွက်

အခန်းလိုက်ရှာရင်းနဲ့ ဒီမှာပဲ အပြီးအစီးရိုက်လို့ရအောင် လုပ်ထားတယ်။ နောက်ဆိုရင်တော့ ကျွန်တော်လည်း ဒီထဲမှာပဲ ဇာတ်ကားရိုက်ဖြစ်ဖို့ များပါတယ်။ Outdoor ရိုက်ရမယ့် ဟာတွေဆိုရင်တော့ အပြင်ထွက်ရမှာပေါ့လေ။ ထူးခြားတာကတော့ ကျွန်တော်က ဘယ်သူ့ကို မှီဖို့၊ ဘယ်သူ့ကို ယှဉ်ဖို့ဆိုတာထက် ကျွန်တော့်ကိုယ် ကျွန်တော် အမြဲတမ်းပြိုင်တယ်၊ ယှဉ်တယ်။ ကျွန်တော့်ရဲ့ ဖိုက်တင်တွေကို အရင်ကထက် ပိုကောင်းအောင် ဘယ်လိုတွေ လုပ်မလဲ၊ ပရိသတ်ကို ဘယ်လို အသစ်အဆန်းတွေ ချပြမလဲ၊ ဖျော်ဖြေရေး ဖြစ်တာကြောင့် ကြည့်ရှုရတာ ဘယ်လို အဆင်ပြေမလဲ

ဆိုတာကိုကြည့်ရမယ်။ အချိန် (၂) နာရီလောက် ပေးပြီး ကြည့်မယ့် ပရိသတ်တွေကို အသစ်အဆန်းတွေ ချပြချင်တယ်” လို့ သူကဆိုပါတယ်။နေထူးနိုင်က လက်ရှိမှာ ဝါသနာရှင်အသစ်လေး(၈) ယောက်ကို ဇာတ်ကားအတူတွဲရိုက်ဖို့ ရွေးချယ် ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ “ ကျွန်တော် ရွေးထားတဲ့ သရုပ်ဆောင်အသစ်လေး(၈) ယောက်ရှိတယ်။ ဒီ (၈) ယောက်ကတော့ အိုက်တင်ဆိုလည်း ပြောလို့ရတယ်။ ကျွမ်းလည်း သင်လို့ရတယ်။ ဖိုက်တင်ဆိုလည်း လုပ်လို့ရတယ်ဆိုတော့ အကုန်လုံးကို ဒေါင်ဒေါင်မြည် ကျွန်တော် ရွေးချယ်ထားပါတယ်။ ဘယ်သူ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကိုတော့

ပြောလို့ မရပါဘူး။ အာမလည်း မခံနိုင်ပါဘူး။ သူတို့ ကြိုးစားရင် ကြိုးစားသလိုတော့ ဖြစ်မှာပါ။ ဘယ်အရာပဲဖြစ်ဖြစ် စေ့စေ့စပ်စပ် စွဲစွဲမြဲမြဲ လုပ်ရင်တော့ ဖြစ်လာမှာပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။နေထူးနိုင်ကိုတော့ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ လက်ရှိမှာလည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် အားတက်သရော ပါဝင်လေ့ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *