ပိုက်ဆံတွေ အများကြီးရပေမယ့် အကြွေးဆပ်လိုက်ရလို့ကုန်သွားကြောင်း ဟာသလေးနှောပြီး ပြောပြခဲ့တဲ့ ထူးအောင်





Read in UNICODE

ထူးအောင်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူပါ။ အားကစားလိုက်စားတဲ့ ထူးအောင်ရဲ့ အမိုက်စားခန္ဓာကိုယ်ကလည်း မိန်းကလေးပရိသတ်တွေကြား

သည်းသည်းလှုပ်သဘောကျမှုကို ရရှိနေတာပါ။ ထူးအောင်ကတော့ Forever Group ရဲ့ မင်းသားတစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါ့အပြင် ” ပျောက်ဆုံးနေသော အမှန်တရား ” ဇာတ်လမ်းတွဲနဲ့ ” အကြင်နာမြစ်ဖျား ” ဇာတ်လမ်းတွဲတို့မှာလည်း ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်သူအဖြစ်

ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသေးတယ်။ ထူးအောင်က အနုပညာမောင်နှမတချို့ကိုလည်း Gym နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ

” အကြွေး မဆပ်ခင်အကြွေးဆပ်ပြီးပုံ ကိုတော့ comment မှာ ရှိုး ”ဆိုတဲ့စာလေးနဲ့ ပိုက်ဆံအထပ်လိုက်နဲ့ပုံလေးကို ရိုက်ကာပရိသတ်တွေကိုအရွှန်းဖောက်ခဲ့တာပါ။ သူ့ရဲ့ ပိုစ်Commentမှာ အကြွေးဆပ်ပီးတဲ့ပုံလေးကို တင်လာခဲ့တာပါ။ ပရိသတ်ကြီးရော ထူးအောင်နဲ့အဖြစ်တူတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Htoo Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *