သက္ႀကီး႐ြယ္အိုမ်ား ခိုကိုးရာမဲ့ေနသူမ်ားအတြက္ မၾကာခဏ အလႉအတန္းေတြလုပ္ျဖစ္တယ္ဆိုတဲ့ ထြန္းကိုကို

ထြန္းကိုကို ကေတာ့ သူ႔ကို ခ်စ္ၾကတဲ့ ” ထြန္းကိုကို ကိုခ်စ္သူမ်ား” အဖြဲ႕နဲ႔ အတူ ပရဟိတအလုပ္ေတြ မၾကာခဏ လုပ္ျဖစ္ေနတဲ့အေၾကာင္း ေျပာျပလာပါတယ္။ အခုလို အလႉအတန္းေတြ လုပ္ေနတာ (၃) ႏွစ္ရွိၿပီလို႔လည္း သိရပါတယ္။ “ကြၽန္ေတာ္တို႔က ပုံမွန္ေတာ့ လႉေနၾကပါပဲ။ သက္ႀကီး႐ြယ္အိုေတြ၊ ခိုကိုးရာမဲ့ေတြကို ဦးစားေပးၿပီးေတာ့ အလႉလုပ္ျဖစ္တယ္။ အခုဆိုလည္း ဒုကၡေရာက္ေနၾကတဲ့သူေတြကို တစ္ႏိုင္ငံလုံး ေနရာအႏွံ႔လိုက္ရွာၿပီးေတာ့ လႉျဖစ္တယ္။ နယ္မွာဆိုရင္လည္း

ကြၽန္ေတာ္ကိုယ္တိုင္ သြားကန္ေတာ့တယ္။ တခ်ိဳ႕ သက္ႀကီး႐ြယ္အိုေတြ ဆိုရင္ ေနစရာအိမ္လည္း မရွိဘူး၊ သားသမီးလည္း မရွိဘူး။ ရပ္ကြက္က ေထာက္ပံ့ေနရတဲ့ အဘိုးအဘြား ေတြကို ဆိုရင္ အၿမဲ လႉေနၾကပါ။ တစ္လ တစ္ႀကိမ္ေတာ့ အတတ္ႏိုင္ဆုံး လႉျဖစ္တယ္” လို႔ သူက ေျပာပါတယ္။ ထြန္းကိုကိုနဲ႔ ထြန္းကိုကို ကိုခ်စ္သူမ်ား အဖြဲ႕ဟာ ဇြန္လ (၇) ရက္ေန႔က သန္လ်င္ၿမိဳ႕နယ္၊ ဘုရားသုံးဆူ အနီး ပဒုန္းလမ္းမွာေနထိုင္ၾကတဲ့ သက္ႀကီး႐ြယ္အို ဇနီးေမာင္ႏွံ ႏွစ္ဦးအတြက္ က်န္းမာေရး ေထာက္ပံ့ေငြမ်ား သြားေရာက္ လႉဒါန္းခဲ့ေသးတယ္လို႔ ဆိုပါတယ္။ “အဘိုးက

ဆီးေရာဂါျဖစ္ေနေတာ့ ဆီးပိုက္ တန္းလန္းနဲ႔ အဘြားကေတာ့ ေျခေထာက္က လမ္းေလွ်ာက္လို႔မရေတာ့ဘူး။ အသက္လည္း ႀကီးေနၿပီ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဖးမကူညီေနရတဲ့အျပင္ က်န္းမာေရးကလည္း မေကာင္းေတာ့ ဘိုးဘြားရိပ္သာကလည္း ေထာက္ပံ့ေၾကးေပးေသးတယ္လို႔ ေျပာတယ္။အဲဒီ ပိုက္ဆံေလးေတြ စုၿပီး အိမ္ေလး ေဆာက္ေနတယ္။ အခုေနတဲ့ ၿခံေလးမွာလည္း ၿခံပိုင္ရွင္က ေပးေနတယ္တဲ့။ ဒါေၾကာင့္ သန္လ်င္မွာရွိတဲ့ ကြၽန္ေတာ့္ ပရိသတ္ေတြက ဒီလိုေလးေတြရွိတယ္လို႔ ေျပာလာတာနဲ႔ ေသခ်ာ

စိစစ္ၿပီးေတာ့ သြား လႉျဖစ္ၾကတာပါ” ဆိုၿပီးေတာ့လည္း ဆက္လက္ ေျပာျပလာပါေသးတယ္။ ထြန္းကိုကိုဟာ မိန္းကေလး ပရိသတ္မ်ားစြာ ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြလည္း ႐ိုက္ကူးေနရသူပါ။ ၂၀၁၃ ခုႏွစ္တုန္းက ကိုရီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ Asia New Star Model Contest ၿပိဳင္ပြဲမွာWinner ဆု ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံရဲ႕ ပရိသတ္ေတြ စတင္ သတိထားမိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာေတြ ကေနတဆင့္ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈ ပိုမိုရရွိလာတာျဖစ္ပါတယ္။

Read in UNICODE

ထွန်းကိုကို ကတော့ သူ့ကို ချစ်ကြတဲ့ ” ထွန်းကိုကို ကိုချစ်သူများ” အဖွဲ့နဲ့ အတူ ပရဟိတအလုပ်တွေ မကြာခဏ လုပ်ဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။ အခုလို အလှူအတန်းတွေ လုပ်နေတာ (၃) နှစ်ရှိပြီလို့လည်း သိရပါတယ်။ “ကျွန်တော်တို့က ပုံမှန်တော့ လှူနေကြပါပဲ။ သက်ကြီးရွယ်အိုတွေ၊ ခိုကိုးရာမဲ့တွေကို ဦးစားပေးပြီးတော့ အလှူလုပ်ဖြစ်တယ်။ အခုဆိုလည်း ဒုက္ခရောက်နေကြတဲ့သူတွေကို တစ်နိုင်ငံလုံး နေရာအနှံ့လိုက်ရှာပြီးတော့ လှူဖြစ်တယ်။ နယ်မှာဆိုရင်လည်း

ကျွန်တော်ကိုယ်တိုင် သွားကန်တော့တယ်။ တချို့ သက်ကြီးရွယ်အိုတွေ ဆိုရင် နေစရာအိမ်လည်း မရှိဘူး၊ သားသမီးလည်း မရှိဘူး။ ရပ်ကွက်က ထောက်ပံ့နေရတဲ့ အဘိုးအဘွား တွေကို ဆိုရင် အမြဲ လှူနေကြပါ။ တစ်လ တစ်ကြိမ်တော့ အတတ်နိုင်ဆုံး လှူဖြစ်တယ်” လို့ သူက ပြောပါတယ်။ ထွန်းကိုကိုနဲ့ ထွန်းကိုကို ကိုချစ်သူများ အဖွဲ့ဟာ ဇွန်လ (၇) ရက်နေ့က သန်လျင်မြို့နယ်၊ ဘုရားသုံးဆူ အနီး ပဒုန်းလမ်းမှာနေထိုင်ကြတဲ့ သက်ကြီးရွယ်အို ဇနီးမောင်နှံ နှစ်ဦးအတွက် ကျန်းမာရေး ထောက်ပံ့ငွေများ သွားရောက် လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ “အဘိုးက

ဆီးရောဂါဖြစ်နေတော့ ဆီးပိုက် တန်းလန်းနဲ့ အဘွားကတော့ ခြေထောက်က လမ်းလျှောက်လို့မရတော့ဘူး။ အသက်လည်း ကြီးနေပြီ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီနေရတဲ့အပြင် ကျန်းမာရေးကလည်း မကောင်းတော့ ဘိုးဘွားရိပ်သာကလည်း ထောက်ပံ့ကြေးပေးသေးတယ်လို့ ပြောတယ်။အဲဒီ ပိုက်ဆံလေးတွေ စုပြီး အိမ်လေး ဆောက်နေတယ်။ အခုနေတဲ့ ခြံလေးမှာလည်း ခြံပိုင်ရှင်က ပေးနေတယ်တဲ့။ ဒါကြောင့် သန်လျင်မှာရှိတဲ့ ကျွန်တော့် ပရိသတ်တွေက ဒီလိုလေးတွေရှိတယ်လို့ ပြောလာတာနဲ့ သေချာ

စိစစ်ပြီးတော့ သွား လှူဖြစ်ကြတာပါ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ ထွန်းကိုကိုဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *