သံလျှင်မှာဖြစ်ခဲ့တဲ့ ကိုယ့်ဘာကို သတ်သေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ကျန်ခဲ့တဲ့ကလေးတွေအတွက် သနားတယ်ဆိုတဲ့ အားတီ
Read in UNICODE
လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ အားတီ က EDM သီချင်းလေးတွေကို မြူးမြုးကြွကြွ သီဆိုတတ်သူ တစ်ဦးပါ။ အားတီ ရဲ့ သီချင်းလေးတွေက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်လှသလို အားတီ က သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်
တစ်ကိုယ်တော်အခွေတွေကိုလဲ များစွာ ထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူဆိုလဲ မမှားပါဘူး။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရင်ထဲမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုတဲ့ အားတီက ဒီတစ်ခေါက်မှာလည်း သူ့စိတ်ထဲ ဘဝင်မကျတဲ့ကိစ္စကို အခုလိုပဲ
ပြောလာပါတယ်။ အားတီ က “ရှည်ပြီးကြည့်မိတယ်။ လန့်တဲ့စိတ်ထက် ကလေးတွေကို အရမ်းသနားမိတာအမှန်ပါ။ ကလေးတွေရဲ့ စိတ်ခံစားချက်ဘယ်လိုရှိနေမလဲဆိုတာတွေးပြီး ရင်ထဲမကောင်းဘူး😪😪😪 သေသူရဲ့ အကောင့်ကိုပါ link ချပေးနေတာတွေ
မလုပ်ကြပါနဲ့ Please” ဆိုပြီး ကျန်ရစ်ခဲ့တဲ့ ကလေးတွေအတွက် တောင်းဆိုထားတာကို တွေ့ရပါတယ်။ အားတီ ကတော့ ပုထုဇဉ်လူသားပီပီ နှလုံးနာစရာအကြောင်းတွေ မြင်တွေ့ရတဲ့အခါ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Thi Ha Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *