YBS ဘက်စ်ကားနဲ့ တိုက်မိလို့ ကွယ်လွန်သွားခဲ့တဲ့ Taxi သမားရဲ့ မိသားစုအတွက် ဂျွန်လွင်နဲ့အတူ တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ နေဒွေး
Read in UNICODE
မင်းသားနေဒွေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ နေဒွေးကတော့ ဇာတ်ရုပ်တိုင်းအတွက် ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ယောက်ျားပီသကာ ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်
မင်းသားတစ်လက်ပဲဖြစ်ပါတယ်.။ နေဒွေးကတော့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသလိုပဲ အလှူအတန်း ရက်ရောကာ စာနာကူညီမှုတွေကိုလည်း ကိုယ်တိုင် လုပ်အားပေး လုပ်ဆောင်တတ်သူပါ.။ လူတိုင်းကို စာနာကူညီတတ်ပြီး ပြောတဲ့အတိုင်း
သေချာပေါက်လုပ်ဆောင်ကာ ကူညီဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူပါ.။ လတ်တလောမှ ဖြစ်ပျက်သွားတဲ့ YBS ဘက်စ်ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားရတဲ့ Taxi သမားရဲ့ သတင်းဟာ လူထုကြားမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်စေခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်နော်။ ဒီနေ့ ဇွန်လ (၈)ရက်နေ့မှာတော့ နေဒွေးက ဂျွန်လွင်ရဲ့ Taxi သမားအတွက်
နာရေးကူငွေကောက်ခံမှုမှာ ပါဝင် ခဲ့တဲ့အကြောင်းလေးကို “Taxi သမားအတွက်တကယ်စိတ်မကောင်းပါဖူးခင်ဗျာ။ ကျွန်တော့်မိတ်ဆွေများနဲ့ Naymilyအဖွဲ့တို့ စုပေါင်းပြီး ဆရာဂျွန်နဲ့ အတူတတ်နိုင်သမျှလှုပေးခဲ့ပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နေဒွေးကတော့
သူနဲ့အတူ သူ့ရဲ့ Naymily အဖွဲ့နဲ့အတူ ကွယ်လွန်သွားခဲ့တဲ့ Taxi သမားရဲ့ နာရေးကူငွေမှာ ကျပ်တစ်သိန်းခွဲနဲ့အတူ ဆန်တစ်အိတ်ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း နေဒွေးနဲ့ သူ့ရဲ့ Naymily လေးများရဲ့ အလှူအတွက် သာဓုခေါ်ဆိုသွားကြပါဦးနော်.။
Source : Nay Dway’s Facebook
Add a Comment
Your email address will not be published. Required fields are marked *