ချစ်ခင်လေးစား အားကျရတဲ့ အနုပညာရှင်တွေနဲ့အတူ ကုသိုလ်လေးလုပ်ခဲ့ရလို့ ပျော်ရွှင်နေတဲ့ ဖြူဖြူထွေး





Read in UNICODE

ဖြူဖြူထွေးကတော့ လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးလာရာမှ နောက်ပိုင်းမှာ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနိုင်တဲ့အထိ ဖြစ်လာခဲ့တာပါ။ သာမာန်ကျောင်းသူဘဝကနေ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနိုင်တဲ့အထိ အောင်မြင်လာတဲ့ ဖြူဖြူထွေးက

သူမကိုယ်တိုင် ခက်ခဲ့တဲ့ဘဝကနေ တက်လာခဲ့သူမို့ သူတစ်ပါးအပေါ် စာနာပြီး မေတ္တာထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖြူဖြူထွေးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိပြီး အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးက ဒီကနေ့မှာလည်း

ငယ်ငယ်က ဖန်သားပြင်မှာပဲ မြင်ဖူးခဲ့ရတဲ့ အနုပညာရှင်တွေနဲ့ အတူတူ ကုသိုလ်ပြုခွင့်ရလို့ ကျေနပ်နေတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးက ရန်အောင်၊ ခန့်စည်သူ၊ အောင်ရေချမ်း၊ ခိုင်သင်းကြည်တို့နဲ့အတူတူ ဓာတ်ပုံတွဲရိုက်ပြီး “ကိုယ်ချစ်ခင်လေးစားရသော အနုပညာရှင်နှင့် အတူ

ကုသိုလ်အတူပြုအမှတ်တရ ❤️ ” ဆိုပြီး မျှဝေပေးထားတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးကတော့ သူမချစ်ခင်အားကျရတဲ့ အနုပညာရှင်တွေနဲ့တွေ့ရတော့ ကလေးတစ်ယောက်လိုပဲ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Source : Phyu Phyu Htwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *