ထီးေတြ ဖိနပ္ေတြ ျပင္ရင္း မိသားစု စားဝတ္ေနေရးအတြက္ အသက္ေမြးေနရတဲ့ ဟာသသ႐ုပ္ေဆာင္ ပါက်ဲ

အႏုပညာေလာကမွာ ဗီဒီယိုေဈးကြက္ ပ်က္သြားၿပီးေနာက္ပိုင္းမွာေတာ့ ဇာတ္ပို႔ဇာတ္ရံအခ်ိဳ႕ဟာလည္း ထမင္းအိုးေပ်ာက္သြားၾကတယ္လို႔ဆိုရမွာပါ ။ ဗီဒီယိုေဈးကြက္ ေကာင္းစဥ္အခါက အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္ေနၾကရေပမယ့္ ေဈးကြက္ပ်က္ၿပီးေနာက္မွာေတာ့ တခ်ိဳ႕ ဇာတ္ပို႔ဇာတ္ရံအႏုပညာရွင္ေတြဟာ တစ္ဝမ္းတစ္ခါးအတြက္

ကိုယ္ပိုင္စီးပြားေရးေလးေတြ လုပ္ရင္း႐ုန္းကန္ ရွင္သန္ေနၾကရတာျဖစ္ၿပီး အဆင္ေျပသူေတြရွိသလို အဆင္မေျပတဲ့သူေတြလည္း ရွိခဲ့ပါတယ္ ။ တခ်ိန္က ပရိသတ္ေတြအႀကိဳက္ေတြ႕ခဲ့တဲ့ ဟာသ သ႐ုပ္ေဆာင္ ပါက်ဲကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြ

မ႐ိုက္ရေတာ့တဲ့ ေနာက္ပိုင္းမွာေတာ့ ထီးျပင္ ဖိနပ္ျပင္တဲ့အလုပ္ေလးနဲ႔ မိသားစု စားဝတ္ေနေရးအတြက္႐ုန္းကန္ေနခဲ့ရပါတယ္ ။ (၂၀၁၉) ခုႏွစ္ကေတာ့ ယုန္ေလးရဲ႕ ကူညီေပးမႈနဲ႔ ႐ုပ္ရွင္ကားမွာပါဝင္သ႐ုပ္ေဆာင္ခဲ့ရေပမယ့္ အခုေတာ့ အရင္လို ဖိနပ္ျပင္ ထီးျပင္အလုပ္နဲ႔ပဲ

ဆက္လက္အသက္ေမြးဝမ္းေၾကာင္းျပဳေနရတာျဖစ္ပါတယ္ ။ အဆင္ေျပတဲ့ေန႔ေတြဆို ဝင္ေငြ (၁၃၀၀၀) ေလာက္ရသလို ၇ေထာင္ ၈ေထာင္ရတဲ့ေန႔ေတြနဲ႔ ေဈးဦးေတာင္ မေပါက္တဲ့ေန႔ေတြလည္း ရွိခဲ့ပါတယ္တဲ့ ။ Covid ကာလမွာ ဆိုင္မဖြင့္ျဖစ္တဲ့အတြက္

တစ္လ (၇) ေသာင္းနဲ႔ငွားထားတဲ့ အိမ္ငွားခကို မေပးႏိုင္လို႔ အေပါင္ဆိုင္မွာ ျမန္မာဝတ္စုံတစ္စုံသြားေပါင္ခဲ့ရတယ္လို႔လည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့ပါေသးတယ္ ။ တစ္ခါတေလက်ေတာ့လည္း ကိုယ္ဝါသနာပါတဲ့ အႏုပညာအလုပ္နဲ႔

ကိုယ္ လုပ္ေနရတာက တစ္ျခားစီပါလားလို႔ ေတြးမိေပမယ့္လည္း မိသားစုစားဖို႔အတြက္ မလုပ္လို႔က မရဘူးလို႔သူ႔ဘဝအေျခေနကို ဟာသ သ႐ုပ္ေဆာင္ပါက်ဲက ေျပာျပခဲ့တာျဖစ္ပါတယ္ ။ အိမ္ပိုင္ေလးတစ္လုံးေလာက္လိုခ်င္ၿပီး မခ်မ္းသာရင္ေနပါေစ (၁၀) ေပပတ္လည္ ေလာက္အိမ္ေလးတစ္လုံးေတာ့ ပိုင္ခ်င္တယ္ ။

Read in UNICODE

အနုပညာလောကမှာ ဗီဒီယိုဈေးကွက် ပျက်သွားပြီးနောက်ပိုင်းမှာတော့ ဇာတ်ပို့ဇာတ်ရံအချို့ဟာလည်း ထမင်းအိုးပျောက်သွားကြတယ်လို့ဆိုရမှာပါ ။ ဗီဒီယိုဈေးကွက် ကောင်းစဉ်အခါက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေကြရပေမယ့် ဈေးကွက်ပျက်ပြီးနောက်မှာတော့ တချို့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တွေဟာ တစ်ဝမ်းတစ်ခါးအတွက်

ကိုယ်ပိုင်စီးပွားရေးလေးတွေ လုပ်ရင်းရုန်းကန် ရှင်သန်နေကြရတာဖြစ်ပြီး အဆင်ပြေသူတွေရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိခဲ့ပါတယ် ။ တချိန်က ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဟာသ သရုပ်ဆောင် ပါကျဲကတော့ ရုပ်ရှင်ဇာတ်ကားတွေ

မရိုက်ရတော့တဲ့ နောက်ပိုင်းမှာတော့ ထီးပြင် ဖိနပ်ပြင်တဲ့အလုပ်လေးနဲ့ မိသားစု စားဝတ်နေရေးအတွက်ရုန်းကန်နေခဲ့ရပါတယ် ။ (၂၀၁၉) ခုနှစ်ကတော့ ယုန်လေးရဲ့ ကူညီပေးမှုနဲ့ ရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ရပေမယ့် အခုတော့ အရင်လို ဖိနပ်ပြင် ထီးပြင်အလုပ်နဲ့ပဲ

ဆက်လက်အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပါတယ် ။ အဆင်ပြေတဲ့နေ့တွေဆို ဝင်ငွေ (၁၃၀၀၀) လောက်ရသလို ၇ထောင် ၈ထောင်ရတဲ့နေ့တွေနဲ့ ဈေးဦးတောင် မပေါက်တဲ့နေ့တွေလည်း ရှိခဲ့ပါတယ်တဲ့ ။ Covid ကာလမှာ ဆိုင်မဖွင့်ဖြစ်တဲ့အတွက်

တစ်လ (၇) သောင်းနဲ့ငှားထားတဲ့ အိမ်ငှားခကို မပေးနိုင်လို့ အပေါင်ဆိုင်မှာ မြန်မာဝတ်စုံတစ်စုံသွားပေါင်ခဲ့ရတယ်လို့လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသေးတယ် ။ တစ်ခါတလေကျတော့လည်း ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်နဲ့

ကိုယ် လုပ်နေရတာက တစ်ခြားစီပါလားလို့ တွေးမိပေမယ့်လည်း မိသားစုစားဖို့အတွက် မလုပ်လို့က မရဘူးလို့သူ့ဘဝအခြေနေကို ဟာသ သရုပ်ဆောင်ပါကျဲက ပြောပြခဲ့တာဖြစ်ပါတယ် ။ အိမ်ပိုင်လေးတစ်လုံးလောက်လိုချင်ပြီး မချမ်းသာရင်နေပါစေ (၁၀) ပေပတ်လည် လောက်အိမ်လေးတစ်လုံးတော့ ပိုင်ချင်တယ် ။

Source : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *