ဘဝတခုမွာ ၾကံဳဖူးခဲ့တဲ့ မကြ်တ္မလြတ္တဲ့ အေဒၚႀကီးကို အမွ်ေပးေဝၿပီး ဘဝကူးေကာင္းေအာင္ လုပ္ေပးခဲ့တဲ့ ျမတ္သူေက်ာ္

ပရိသတ္ရဲ႕အခ်စ္ေတာ္မင္းသားေခ်ာျမတ္သူေက်ာ္ကေတာ့ သူ႔ဘဝမွာတစ္ခါမွမႀကဳံဖူးခဲ့တဲ့အေျခအေနတစ္ခုကို မေန႔က ႀကဳံခဲ့ရေၾကာင္းမွ်ေဝခဲ့ပါတယ္။ သူကေတာ့ ဘာသာတရား႐ိုေသကိုင္းရႈိင္းတဲ့သူတစ္ေယာက္ျဖစ္တဲ့အျပင္ မျမင္ရတဲ့ပရေလာကသားေတြအတြက္လည္း စိတ္ကိုအၿမဲျပင္ဆင္ထားေလ့ရွိသူပါတဲ့။ မေန႔ကညကေတာ့

အိပ္ေနတုန္း တစ္စုံတစ္ေယာက္က လႈပ္ႏႈိးေနသလိုခံစားခဲ့ရၿပီး အဲ့ဒီေနာက္မွာေတာ့ ၾကက္သီးထစရာေကာင္းေလာက္ေအာင္ အိပ္မက္ထဲမွာ ႐ုပ္ပ်က္ဆင္းပ်က္နဲ႔အေဒၚႀကီးတစ္ေယာက္ကို ျမင္ခဲ့ရပါတယ္တဲ့။ သူကိုယ္တိုင္ ဘယ္ေလာက္ျပင္ဆင္ထားထား တကယ္ႀကဳံေတြ႕လာခဲ့ရတဲ့အခ်ိန္မွာ သမၺဳေဒၶဂါထာေတာ္ကိုေၾကာက္ေၾကာက္လန႔္လန႔္နဲ႔

႐ြတ္ဆိုခဲ့ရပါတယ္တဲ့။ အဲ့ဒီလို႐ြတ္ဆိုေနတုန္းမွာပဲ ေသသူအမ်ိဳးသမီးရဲ႕မ်က္ႏွာက သန႔္ျပန႔္ၿပီးၾကည့္ေကာင္းတဲ့အမ်ိဳးသမီးတစ္ေယာက္ရဲ႕ပုံစံအျဖစ္ကို ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အိပ္မက္ထဲမွာ ေနာက္ထပ္ထူးဆန္းတာေတြေတြ႕ျမင္ခဲ့ရၿပီး အဲ့ဒီအမ်ိဳးသမီးႀကီးကိုေတာ့ အမွ်ေပးကာ သာဓုေခၚႏိုင္ဖို႔ျပဳလုပ္ေပးခဲ့ပါတယ္တဲ့။ ျမတ္သူေက်ာ္ကေတာ့

သူအိပ္မက္ထဲမွာ ႀကဳံေတြ႕ခဲ့ရတာေတြနဲ႔ပတ္သက္ၿပီး “အိပ္မက္က လန႔္ႏိုးလာေတာ့ႏိုးႏိုးခ်င္း ေၾကာက္လည္းေၾကာက္.. အံ့လည္းၾသ ေၾကာက္တာထပ္ အံ့ၾသတာကပိုပါတယ္.. သိလိုက္တာက ေၾသာ္.. ငါနဲ႔ဘဝတစ္ခုမွာ ႀကဳံဆုံခဲ့ဖူးတဲ့အမ်ိဳးအေဆြ ထဲကတစ္ေယာက္ေယာက္ ကြၽတ္ခ်ိန္တန္လို႔ ဒီဘဝမွာ သူ႔အတြက္ရည္စူးၿပီး

အာ႐ုံဆြမ္းကပ္ခ်ိန္ အားလုံးကို လိုက္ႏႈတ္ဆက္တန္ေကာင္းပါရဲ႕… သူ႔အတြက္ ဒီလိုမကြၽတ္ခင္ ဘယ္ဘုံဘဝမွာ ဘယ္လိုဘဝနဲ႔ ေနရပါလိမ့္ဆိုတာေတြးရင္းဝမ္းနည္းသလို ခုလို ကြၽတ္တန္းလြတ္တန္း ဝင္သြားေတာ့လည္း သူဘယ္သူဘယ္ဝါဆိုတာ ခုထိမသိေပမယ့္ အတိုင္းမသိ ဝမ္းသာ ၾကည္ႏူးမိပါတယ္” ဆိုၿပီး သူႀကဳံေတြ႕ခဲ့ရတဲ့အရာေလးကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။

Read in UNICODE

ပရိသတ်ရဲ့အချစ်တော်မင်းသားချောမြတ်သူကျော်ကတော့ သူ့ဘဝမှာတစ်ခါမှမကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို မနေ့က ကြုံခဲ့ရကြောင်းမျှဝေခဲ့ပါတယ်။ သူကတော့ ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မမြင်ရတဲ့ပရလောကသားတွေအတွက်လည်း စိတ်ကိုအမြဲပြင်ဆင်ထားလေ့ရှိသူပါတဲ့။ မနေ့ကညကတော့

အိပ်နေတုန်း တစ်စုံတစ်ယောက်က လှုပ်နှိုးနေသလိုခံစားခဲ့ရပြီး အဲ့ဒီနောက်မှာတော့ ကြက်သီးထစရာကောင်းလောက်အောင် အိပ်မက်ထဲမှာ ရုပ်ပျက်ဆင်းပျက်နဲ့အဒေါ်ကြီးတစ်ယောက်ကို မြင်ခဲ့ရပါတယ်တဲ့။ သူကိုယ်တိုင် ဘယ်လောက်ပြင်ဆင်ထားထား တကယ်ကြုံတွေ့လာခဲ့ရတဲ့အချိန်မှာ သမ္ဗုဒ္ဓေဂါထာတော်ကိုကြောက်ကြောက်လန့်လန့်နဲ့

ရွတ်ဆိုခဲ့ရပါတယ်တဲ့။ အဲ့ဒီလိုရွတ်ဆိုနေတုန်းမှာပဲ သေသူအမျိုးသမီးရဲ့မျက်နှာက သန့်ပြန့်ပြီးကြည့်ကောင်းတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံစံအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အိပ်မက်ထဲမှာ နောက်ထပ်ထူးဆန်းတာတွေတွေ့မြင်ခဲ့ရပြီး အဲ့ဒီအမျိုးသမီးကြီးကိုတော့ အမျှပေးကာ သာဓုခေါ်နိုင်ဖို့ပြုလုပ်ပေးခဲ့ပါတယ်တဲ့။ မြတ်သူကျော်ကတော့

သူအိပ်မက်ထဲမှာ ကြုံတွေ့ခဲ့ရတာတွေနဲ့ပတ်သက်ပြီး “အိပ်မက်က လန့်နိုးလာတော့နိုးနိုးချင်း ကြောက်လည်းကြောက်.. အံ့လည်းသြ ကြောက်တာထပ် အံ့သြတာကပိုပါတယ်.. သိလိုက်တာက သြော်.. ငါနဲ့ဘဝတစ်ခုမှာ ကြုံဆုံခဲ့ဖူးတဲ့အမျိုးအဆွေ ထဲကတစ်ယောက်ယောက် ကျွတ်ချိန်တန်လို့ ဒီဘဝမှာ သူ့အတွက်ရည်စူးပြီး

အာရုံဆွမ်းကပ်ချိန် အားလုံးကို လိုက်နှုတ်ဆက်တန်ကောင်းပါရဲ့… သူ့အတွက် ဒီလိုမကျွတ်ခင် ဘယ်ဘုံဘဝမှာ ဘယ်လိုဘဝနဲ့ နေရပါလိမ့်ဆိုတာတွေးရင်းဝမ်းနည်းသလို ခုလို ကျွတ်တန်းလွတ်တန်း ဝင်သွားတော့လည်း သူဘယ်သူဘယ်ဝါဆိုတာ ခုထိမသိပေမယ့် အတိုင်းမသိ ဝမ်းသာ ကြည်နူးမိပါတယ်” ဆိုပြီး သူကြုံတွေ့ခဲ့ရတဲ့အရာလေးကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

Source : Myat Thu Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *