အားက်ေလးစားရတဲ့ ေက်းဇူးရွင္ျဖစ္သူ လူမင္းကို ေထာပတ္ထမင္းနဲ႔ သြားေရာက္ ဂါရဝျပဳခဲ့တဲ့ ညီနႏၵ

က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ သရုပ္ေဆာင္ေကာင္း ညီနႏၵကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ဗီဒီယုိေခတ္ေတြထဲက ခန္႕ညားၿပီး ၾကည့္ေကာင္းတဲ့ ရုပ္ရည္နဲ႕ သိမ္းပိုက္ထားၿပီး ဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နို္င္လို႕လည္း ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕အမုန္းေတြကို ကာရိုက္တာေျပာင္းတိုင္း တစ္မ်ိဳးစီ ရရွိထားသူပါ.။ လက္ရွိ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနဆဲပဲျဖစ္ေပမယ့္ Covid ကာလေၾကာင့္ အနုပညာအလုပ္ေတြကို ရပ္နားထားရတဲ့

အခ်ိန္မွာ မိသားစု ဝမ္းေရးအတြက္ အြန္လိုင္းေပၚကေန ေထာပတ္ထမင္း ေရာင္းတဲ့ အလုပ္ကို လုပ္ကိုင္ခဲ့ၿပီး ေအာ္ဒါေတြတတ္ကာ အခ်ိန္မအားမလပ္နိုင္ေအာင္ ေရာင္းေကာင္းေနသူပါ.။ ဒီေန႕ ဇြန္လ (၈)ရက္ေန႕မွာေတာ့ ညီနႏၵကေတာ့ သူ႕ရဲ႕ ေလးစားရတဲ့ အနုပညာရွင္ ေက်းဇူးရွင္ အန္ကယ္ေလးလို႕ အမ်ားေခၚတဲ့ မင္းသားလူမင္းအတြက္ ကိုယ္တိုင္ လုပ္ထားတဲ့ ေထာပတ္ထမင္းသြားပို႕ကာ ကန္ေတာ့ဂါရဝျပဳခဲ့တဲ့ ၾကည္ႏူးဖြယ္ အေၾကာင္းေလးကို “ေထာပတ္ထမင္းသည္ႀကီး ေထာတဲ့ေန႔ (4.6.20)…။ ကြၽန္ေတာ့ေထာပတ္ထမင္း ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေရာက္လာတဲ့အခ်ိန္

ကြၽန္ေတာ္အလုပ္ခ်င္ဆုံးဆႏၵက ကြၽန္ေတာ့ သင္ဆရာ ျမင္ဆရာ ၾကားဆရာေတြ၊ ကြၽန္ေတာ့ကို ကူညီေစာင့္ေရွာက္ခဲ့ၾကတဲ့ ေက်းဇူးရွင္ေတြကို အလွည့္က် အနည္းဆုံးတစ္ပတ္ႏွစ္ႀကိမ္ ကြၽန္ေတာ့ေထာပတ္ထမင္းနဲ႔ လိုက္ကန္ေတာ့ခ်င္တာပါ…။ ၿပီးခဲ့တဲ့ (4.6.20) ရက္ေန႔မွာ အလွည့္က်တဲ့ ေက်းဇူးရွင္ကေတာ့ အန္ကယ္ေလး “‘Ayarwady Lu Min”‘ ပါ…။ အဲဒီေန႔က ကြၽန္ေတာ္ဂါရဝျပဳဖို႔ အန္ကယ္ေလးဆီကို ဖုန္းဆက္ၿပီး ကြၽန္ေတာ္တို႔ car parking မွာဆုံၾကပါတယ္…။ ကြၽန္ေတာ့ေထာပတ္ထမင္း ေအာင္ျမင္ေနတာ အရမ္းဝမ္းသာေၾကာင္း နဲ႔ ဘုရားတရားကိုလုံးဝပ်က္မသြားဖို႔ ဆုံးမစကားေျပာၿပီးေတာ့၊ ကြၽန္ေတာ္အရမ္းႀကိဳက္ၿပီး ကြၽန္ေတာ့တစ္သက္

ကြၽန္ေတာ့ပိုက္ဆံနဲ႔တစ္ခါမွဝယ္မဝတ္ဖူးေသးတဲ့ Hugo Boss စပို႔ရွပ္တစ္ထည္ လက္ေဆာင္ေပးလိုက္တယ္…။ ေထာပတ္ထမင္းသည္ႀကီးရဲ႕အေတြးက “‘အင္း… အန္ကယ္ေလးကို တစ္ပတ္သုံးႀကိမ္ေလာက္ ေထာပတ္ထမင္းအဆက္မပ်က္ပို႔ရင္ ေကာင္းမလား”‘ ေပါ့.။ အန္ကယ္ေလး လက္ေဆာင္ေပးတဲ့ စပို႔ရွပ္ေလးကို အရမ္းႀကိဳက္တယ္…။ ေက်းဇူးလည္းအရမ္းတင္ပါတယ္ အန္ကယ္ေလး..။ အန္ကယ္ေလး ေကာင္းက်ိဳးလိုအင္ဆႏၵေတြျပည့္စုံပါေစ ခင္ဗ်ာ..။ ဒီစပို႔ရွပ္ေလးရဲ႕ Logo အတိုင္း “‘Boss”‘ ျဖစ္ေအာင္အစြမ္းကုန္ႀကိဳးစားသြားပါ့မယ္ ခင္ဗ်ာ…” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္။.ညီနႏၵကေတာ့ ေလးစားရသူ ေက်းဇူးရွင္ လူမင္းကို ကန္ေတာ့ဂါရဝျပဳခဲ့ေပမယ့္ သူ႕ကို ျပန္လည္ၿပီးေစ်းႀကီးတဲ့ စပုိ႕ရွပ္တစ္ထည္ လက္ေဆာင္ျပန္ေပးခံရလို႕ ဝမ္းသာမိတဲ့ အေၾကာင္းေလးကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္..ပရိသတ္ႀကီး.။

Read in UNICODE

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်း ညီနန္ဒကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ဗီဒီယိုခေတ်တွေထဲက ခန့်ညားပြီး ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ သိမ်းပိုက်ထားပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်လို့လည်း ပရိသတ်တွေရဲ့ အချစ်နဲ့အမုန်းတွေကို ကာရိုက်တာပြောင်းတိုင်း တစ်မျိုးစီ ရရှိထားသူပါ.။ လက်ရှိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပဲဖြစ်ပေမယ့် Covid ကာလကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရတဲ့

အချိန်မှာ မိသားစု ဝမ်းရေးအတွက် အွန်လိုင်းပေါ်ကနေ ထောပတ်ထမင်း ရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး အော်ဒါတွေတတ်ကာ အချိန်မအားမလပ်နိုင်အောင် ရောင်းကောင်းနေသူပါ.။ ဒီနေ့ ဇွန်လ (၈)ရက်နေ့မှာတော့ ညီနန္ဒကတော့ သူ့ရဲ့ လေးစားရတဲ့ အနုပညာရှင် ကျေးဇူးရှင် အန်ကယ်လေးလို့ အများခေါ်တဲ့ မင်းသားလူမင်းအတွက် ကိုယ်တိုင် လုပ်ထားတဲ့ ထောပတ်ထမင်းသွားပို့ကာ ကန်တော့ဂါရဝပြုခဲ့တဲ့ ကြည်နူးဖွယ် အကြောင်းလေးကို “ထောပတ်ထမင်းသည်ကြီး ထောတဲ့နေ့ (4.6.20)…။ ကျွန်တော့ထောပတ်ထမင်း အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာတဲ့အချိန်

ကျွန်တော်အလုပ်ချင်ဆုံးဆန္ဒက ကျွန်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ၊ ကျွန်တော့ကို ကူညီစောင့်ရှောက်ခဲ့ကြတဲ့ ကျေးဇူးရှင်တွေကို အလှည့်ကျ အနည်းဆုံးတစ်ပတ်နှစ်ကြိမ် ကျွန်တော့ထောပတ်ထမင်းနဲ့ လိုက်ကန်တော့ချင်တာပါ…။ ပြီးခဲ့တဲ့ (4.6.20) ရက်နေ့မှာ အလှည့်ကျတဲ့ ကျေးဇူးရှင်ကတော့ အန်ကယ်လေး “‘Ayarwady Lu Min”‘ ပါ…။ အဲဒီနေ့က ကျွန်တော်ဂါရဝပြုဖို့ အန်ကယ်လေးဆီကို ဖုန်းဆက်ပြီး ကျွန်တော်တို့ car parking မှာဆုံကြပါတယ်…။ ကျွန်တော့ထောပတ်ထမင်း အောင်မြင်နေတာ အရမ်းဝမ်းသာကြောင်း နဲ့ ဘုရားတရားကိုလုံးဝပျက်မသွားဖို့ ဆုံးမစကားပြောပြီးတော့၊ ကျွန်တော်အရမ်းကြိုက်ပြီး ကျွန်တော့တစ်သက်

ကျွန်တော့ပိုက်ဆံနဲ့တစ်ခါမှဝယ်မဝတ်ဖူးသေးတဲ့ Hugo Boss စပို့ရှပ်တစ်ထည် လက်ဆောင်ပေးလိုက်တယ်…။ ထောပတ်ထမင်းသည်ကြီးရဲ့အတွေးက “‘အင်း… အန်ကယ်လေးကို တစ်ပတ်သုံးကြိမ်လောက် ထောပတ်ထမင်းအဆက်မပျက်ပို့ရင် ကောင်းမလား”‘ ပေါ့.။ အန်ကယ်လေး လက်ဆောင်ပေးတဲ့ စပို့ရှပ်လေးကို အရမ်းကြိုက်တယ်…။ ကျေးဇူးလည်းအရမ်းတင်ပါတယ် အန်ကယ်လေး..။ အန်ကယ်လေး ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်စုံပါစေ ခင်ဗျာ..။ ဒီစပို့ရှပ်လေးရဲ့ Logo အတိုင်း “‘Boss”‘ ဖြစ်အောင်အစွမ်းကုန်ကြိုးစားသွားပါ့မယ် ခင်ဗျာ…” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။.ညီနန္ဒကတော့ လေးစားရသူ ကျေးဇူးရှင် လူမင်းကို ကန်တော့ဂါရဝပြုခဲ့ပေမယ့် သူ့ကို ပြန်လည်ပြီးဈေးကြီးတဲ့ စပို့ရှပ်တစ်ထည် လက်ဆောင်ပြန်ပေးခံရလို့ ဝမ်းသာမိတဲ့ အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။

Source : Nyi Nanda’s Facebook

Add a Comment

Your email address will not be published. Required fields are marked *