မျက်နှာပြောင်ရင်း ကပ်ချွဲနေတဲ့ သန္တာဗိုလ်ကို ချစ်မဝဖြစ်နေတဲ့ ကောင်းပြည့်
Read in UNICODE
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော ကောင်းပြည့်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ ချစ်သူဖြစ်သူ
မော်ဒယ်သန္တာဗိုလ်နဲ့ အချစ်ရေးအကြောင်းကိုလည်း ပရိသတ်တွေရှေ့ တရားဝင် ချပြထားပြီး ချစ်စရာကောင်းလွန်းတဲ့ သူတို့အတွဲလေးကို ပရိသတ်တွေက အချစ်တွေ ပိုနေရသူတွေ ပဲဖြစ်ပါတယ်။ကောင်းပြည့်ကတော့ ချစ်သူ ကောင်မလေး သန္တာဗိုလ်နဲ့
အတူရှိနေရင် ပြုံးပျော်နေပြီး အမြဲတက်ကြွနေတတ်တဲ့ ချစ်သူလေးရဲ့ အပြုအမူလေးတွေကြောင့် ပြုံးပျော်နေတတ်တဲ့သူပါ.။ သန္တာဗိုလ်လေးကလည်း အမြဲတမ်း ပျော်ရွှင်တက်ကြွနေပြီး ချစ်သူ ကောင်းပြည့်ကို စနောက်နေတတ်တဲ့ သူတို့အတွဲလေးကို ပရိသတ်တွေ
ချစ်မြတ်နိုးတာတော့ ဆန်းမယ်မထင်ပါဘူးနော်.။ ဒီနေ့ ဇွန်လ (၈)ရက်နေ့မှာတော့ ကောင်းပြည့်က ချစ်သူ သန္တာဗိုလ်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို အသည်းပုံ Emoji လေးတွေနဲ့အတူ သူကရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချစ်စရာကောင်းတဲ့
အပြုအမူလေးတွေနဲ့အတူ ပျော်ရွှင်နေကြတဲ့ ကောင်းပြည့်တို့ အတွဲလေးရဲ့ ပုံရိပ်လေးတွေ ကြည့်ရတာ တကယ့်ကို လိုက်ဖက်လွန်းတဲ့ အတွဲလေးပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း အားကျရတဲ့ အိုင်ဒေါအတွဲလေးဖြစ်တဲ့ ကောင်းပြည့်တို့ စုံတွဲရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source : Kaung Pyae’s Facebook
Add a Comment
Your email address will not be published. Required fields are marked *