အမဖြစ်သူဖူးဖူးနဲ့ အကိုဖြစ်သူနိုင်းနိုင်းတို့ကို ငယ်ငယ်တုန်းကလို ဘိုကျအနိုင်ကျင့်နေဆဲဖြစ်ကြောင်း ပြောပြလာတဲ့ အောင်မင်းခန့်






Read in UNICODE

အောင်မင်းခန့်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်.။ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အောင်မင်းခန့်ကတော့

ယောကျာ်းပီသတဲ့ အမိုက်စားBodyလေးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး အနေအထိုင်အေးဆေးကာ တည်ကြည်စွာနဲ့ စကားပြောဆိုတတ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီး

ရုပ်ရှင်ဇာတ်ကားကြီးတွေ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတဲ့ အောင်မင်းခန့်ကတော့ မင်းသားချောလေးကြီး နိုင်းနိုင်း ၊ မင်းသမီးဖူးဖူးတို့နဲ့ ညီအကိုမောင်နှမတော်စပ်ကြပါတယ်။ အောင်မင်းခန့်ကတော့ ယခုမှာ အကိုဖြစ်သူနိုင်းနိုင်းနဲ့ အမဖြစ်သူဖူးဖူးတို့ကို

ငယ်ငယ်တုန်းကလို အနိုင်ကျင့်ဘိုကျနေဆဲဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။အောင်မင်းခန့်ကတော့ ” ငယ်ငယ်တုန်းကလဲ အိမ်မှာသွားအိပ်တယ်ဘိုကျတယ်ခုကြီးလာတော့လဲ အိမ်သစ်ကြီးမှာ ဘိုသွားကျမယ်ဟီးဟီး ” ဆိုပြီး

ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်မင်းခန့်တို့မောင်နှမတွေရဲ့ ပျော်ရွှင်ပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Aung Min Khant’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *