မစားရတာကြာပြီဖြစ်လို့ မိသားစုနဲ့အတူ တက်ညီလက်ညီ ဝက်သားဒုတ်ထိုး သွားစားခဲ့တဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ အသက်(၃၁)နှစ်အရွယ်ရောက်ရှိနေပေမယ့် နုပျိုမှုတွေက မကုန်ခမ်းသွားတာကြောင့် အမြဲတမ်းလှပနေတာပဲဖြစ်ပါတယ်။ဖွေးဖွေးရဲ့ အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပိုကောင်းလာတာကြောင့် အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ပရိသတ်အများအပြားရဲ့အားပေးချစ်ခင်မှုတွေကိုလည်း

ပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးကစိတ်သဘောထားလည်းပြည့်ဝလို့ လူချစ်လူခင်ပေါများပါတယ်နော်။ဖွေးဖွေးကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အမြဲကြိုးစားနေသူလေးပါ။ဖွေးဖွေးက လတ်တလောမှာဆိုရင်တော့ အနုပညာအလုပ်တွေခေတ္တရပ်နားထားပြီး မိသားစုနဲ့သာ နွေးနွေးထွေးထွေးနေထိုင်နေတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်း

အတွင်းကလည်း ဖွေးဖွေးတို့မိသားစုက ကလောဘက်ကို ခရီးထွက်ခဲ့ကြပြီး တောင်ပေါ်မြို့ရဲ့အလှအပတွေကိုခံစားရင်း အပန်းဖြေခဲ့ကြတာဖြစ်ပါတယ်နော်။ဖွေးဖွေးကတော့ အားနေတဲ့အချိန်လေးမှာ မိသားစုကိုအချိန်အပြည့်ပေးပြီး ဖေဖေ၊မေမေတို့နဲ့လည်း ဈေးအတူတူထွက်ဝယ်တဲ့အပြင် မိသားစုတွေအရမ်းပျော်ရွှင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့

ဖွေးဖွေးတို့မိသားစုလေးက ဆိုင်မှာထိုင်မစားရတာကြာနေပြီဖြစ်လို့ တက်ညီလက်ညီနဲ့ ဝက်သားတုတ်ထိုးထိုင်စားနေကြတာဖြစ်ပါတယ်။ဖွေးဖွေးတို့မိသားစုကတော့ ဘယ်အရာမဆိုစိတ်တူကိုယ်တူရှိကြလို့ အခုဆိုရင်လည်း ပျော်ပျော်ပါးပါးဝက်သားတုတ်ထိုးထိုင်စားနေကြတဲ့ပုံလေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : Kyaw Kyaw Win’s Facebook |. Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *