ေမြးေန႔မွာ မထင္မွတ္ထားပဲ ပရိသတ္ေတြ စပ႐ိုက္လုပ္ေပးခဲ့တာေၾကာင့္ ေပ်ာ္ေနတဲ့ ေအးျမတ္သူ

ဒီေန႔ (ဇြန္လ ၈ ရက္) ဟာ သ႐ုပ္ေဆာင္ ေအးျမတ္သူရဲ႕ ေမြးေန႔ ျဖစ္ပါတယ္။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ Surprise ေၾကာင့္လည္း အရမ္းေပ်ာ္႐ႊင္ေနတာကို ေတြ႕ရပါတယ္။ “ ၁၁ နာရီေလာက္ကတည္းက ေပ်ာ္ေနရတာပါ။ အဲဒီေလာက္အထိ ေပ်ာ္ရလိမ့္မယ္လို႔လည္း မထင္ထားဘူး။ ေမြးေန႔ဆုေတာင္းေပးခဲ့ၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္” ဆိုၿပီးေတာ့ ဇြန္လ ၈ ရက္ေန႔ မနက္ ၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ Live လႊင့္ရင္းေျပာခဲ့တာ

ျဖစ္ပါတယ္။ “ဒီေန႔ အသက္၃၄ႏွစ္ျပည့္ပါတယ္ရွင့္…..စိတ္ေပ်ာ္႐ႊင္ေအာင္ ဖန္တီးေပးတဲ့ ခ်စ္သူ နဲ႔ ခ်စ္ရသူေတြ အားလုံးကို အရမ္း ခ်စ္ရပါသည္” ဆိုၿပီးေတာ့လည္း သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားထားပါေသးတယ္။ေအးျမတ္သူဟာ သူမကို Surprise လာလုပ္တဲ့ ပရိသတ္ေတြနဲ႔ အတူ Live လႊင့္ရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စေနာက္ခဲ့ၾကပါေသးတယ္။ သူမဟာ COVID-19 ကာလမွာ

We Love Yangon ပရဟိတအဖြဲ႕သားေတြနဲ႔ အတူ အလႉအတန္းေတြ လုပ္ခဲ့ပါေသးတယ္။ လက္ရွိမွာလည္း ” I Do Nation” အဖြဲ႕သားေတြနဲ႔ အတူ ရန္ကုန္ၿမိဳ႕အတြင္းမွာရွိတဲ့ ေခါင္း႐ြက္ ဗ်က္ထိုး ေဈးသည္ေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈေတြမွာလည္း ပါဝင္ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ေအးျမတ္သူ(Aye Myat Thu)ဟာ သ႐ုပ္ေဆာင္ တစ္ေယာက္ မျဖစ္ခင္ကတည္းက

ေဈးထဲမွာ အထည္ေရာင္းခဲ့ရသူပါလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ သူမက အႏုပညာအလုပ္ကို အသက္ ၁၉ ႏွစ္အ႐ြယ္ကတည္းက စတင္လုပ္ကိုင္ခဲ့တာပါ။ အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာတို႔ကို ႐ိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ လက္ရွိမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္ ေဆာင္႐ြက္ေနတာကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

ဒီနေ့ (ဇွန်လ ၈ ရက်) ဟာ သရုပ်ဆောင် အေးမြတ်သူရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ Surprise ကြောင့်လည်း အရမ်းပျော်ရွှင်နေတာကို တွေ့ရပါတယ်။ “ ၁၁ နာရီလောက်ကတည်းက ပျော်နေရတာပါ။ အဲဒီလောက်အထိ ပျော်ရလိမ့်မယ်လို့လည်း မထင်ထားဘူး။ မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်းပြောခဲ့တာ

ဖြစ်ပါတယ်။ “ဒီနေ့ အသက်၃၄နှစ်ပြည့်ပါတယ်ရှင့်…..စိတ်ပျော်ရွှင်အောင် ဖန်တီးပေးတဲ့ ချစ်သူ နဲ့ ချစ်ရသူတွေ အားလုံးကို အရမ်း ချစ်ရပါသည်” ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါသေးတယ်။အေးမြတ်သူဟာ သူမကို Surprise လာလုပ်တဲ့ ပရိသတ်တွေနဲ့ အတူ Live လွှင့်ရင်း ပျော်ပျော်ရွှင်ရွှင် စနောက်ခဲ့ကြပါသေးတယ်။ သူမဟာ COVID-19 ကာလမှာ

We Love Yangon ပရဟိတအဖွဲ့သားတွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ” I Do Nation” အဖွဲ့သားတွေနဲ့ အတူ ရန်ကုန်မြို့အတွင်းမှာရှိတဲ့ ခေါင်းရွက် ဗျက်ထိုး ဈေးသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။အေးမြတ်သူ(Aye Myat Thu)ဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်ကတည်းက

ဈေးထဲမှာ အထည်ရောင်းခဲ့ရသူပါလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *