အသက္(၁၇)ႏွစ္နဲ႔ ေယာက်ာ္းစြန႔္ပစ္တာခံရတဲ့ မိန္းကေလးရဲ႕ (၄၅)ရက္အ႐ြယ္ သားေလးကို ေခၚယူေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ

နိုင္ငံေက်ာ္ အနုပညာရွင္၊ ပရဟိတသမားတစ္ေယာက္ျဖစ္တဲ့ ခိုင္နွင္းေဝက သူမရဲ့ဘဝကို အမ်ားအက်ိဳးကို သယ္ပိုးရင္းနဲ့ပဲ ျဖတ္သန္းေနတာျဖစ္ပါတယ္။ ခိုင္နွင္းေဝက လူမႈအက်ိဳးျပဳပ ရဟိတအသင္းအျပင္ “ခိုင္နွင္းေဝရင္ေသြးေလးမ်ားေဂဟာ” ကိုလည္း တည္ေထာင္ထားျပီး မိဘနဲ့ေဝးကြာေနတဲ့ ကေလးေလးေတြကို သားသမီးအရင္းေတြလို ျပဳစုေစာင့္ေရွာက္ေနသူ

တစ္ေယာက္ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ခိုင္နွင္းေဝက (၄၅) ရက္သားအရြယ္ရိွတဲ့ သားသားေ လးတစ္ေယာက္ကို ေခၚယူေမြးစားျဖစ္ေၾကာင္း အခုလိုပဲ ေျပာျပထားပါတယ္ “Hello! ခိုင္ႏွင္းေဝပရဟိတေဂဟာကပါလား????? က်မ ကေလးေပးခ်င္လို့ပါ စတဲ့ ဖုန္းေပါင္း မ်ားစြာကို ေျဖေနရတဲ့ ကၽြန္မ။ ကေလး ၃၀ ေယာက္ နဲ႔ သူတို့ကိုထိန္းတဲ့ ဆရာမေလးေတြ

ျပည့္ေနတဲ့ေဂဟာ ေနရာ‌က်ဥ္းေလးကို တလွည့္ ၊ ‌ကမၻာကပ္ေရာဂါေၾကာင့္ အလွူရွင္နည္းပါး သြားလို့ ေလ်ာ့သထက္ေလ်ာ့ လာတဲ့ နို့မွုန႔္ဘူးေတြကို တလွည့္ စီ ၾကည့္ရင္း မလြန္ဆန္နိုင္ပဲ ျငင္းပယ္လိုက္ရတဲ့ ဖုန္းေတြၾကားထဲကမွ ဒီေန႔ က်မႏွလုံးသားရဲ့ ဆႏၵကို မလြန္ဆန္နိုင္ပဲ ကေလးတေယာက္ကို ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာသို့ ကၽြန္မကိုယ္တိုင္ ေခၚလာခဲ့ ျပန္ပါျပီရွင္” “အေမက (၁၇)ႏွစ္၊ အေဖက

ပထမအိမ္ေထာင္ရွိေနလို့ နို့မွုန႔္ဖိုးေတာင္ မေထာက္ပံ့ဖူးျငင္းလႊတ္၊ အဘြားျဖစ္သူက ကင္ဆာေရာဂါသည္မို့ ဒီ ၄၅ရက္သား ဗုဒၶဟူးသားေလးကို ကၽြန္မရဲ့ ရင္ခြင္ဆီ ကို ဘုရားက လက္ေဆာင္ပို့ေပးလိုက္ေလသလားလို့ ေတြးမိလိုက္ျခင္းမွာပဲ သားငယ္ေလးက ကၽြန္မမ်က္ႏွာကိုၾကည့္ၿပီး ျပဳံးျပေလရဲ့ ❤️❤️သားငယ္ေလးကို ေခၚလာၿပီး သားေလးဖြား ဖြား အတြက္

ဆန္နဲ႔ဆီလဲ လွူခဲ့ေသးတယ္ေနာ္။ ေမတၱာတရားရဲ့ဓာတ္ကို အသက္ငယ္ေပမယ့္ နားလည္နိုင္တဲ့ ဗုဒၶဟူးသားေလးကို အေမ နာမည္ေပးဖို့ စဥ္းစားလိုက္ပါဦးမယ္ သားေလးေရ” ဆိုျပီး ေျပာထားပါတယ္။ ခိုင္နွင္းေဝကေတာ့ သံေယာဇဥ္ေတြကို သူမကိုယ္တိုင္ထပ္ရွာရင္း အခုလည္း သံေယာဇဥ္ၾကိဳးေ လးတစ္မွ်င္နဲ့ ရစ္ပတ္ေနမိျပန္ပါျပီ။ သားသားေလးလည္း ခိုင္နွင္းေဝရဲ့လက္ထဲမွာ ေကာင္းမြ န္စြာၾကီးျပင္းျပီး တိုင္းျပည္နဲ့ လူမ်ိဳးအတြက္ အက်ိဳးျပဳနုိင္မွာ ေသခ်ာပါတယ္။

Read in UNICODE

နိုင်ငံကျော် အနုပညာရှင်၊ ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေက သူမရဲ့ဘဝကို အများအကျိုးကို သယ်ပိုးရင်းနဲ့ပဲ ဖြတ်သန်းနေတာဖြစ်ပါတယ်။ ခိုင်နှင်းဝေက လူမှုအကျိုးပြုပ ရဟိတအသင်းအပြင် “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ” ကိုလည်း တည်ထောင်ထားပြီး မိဘနဲ့ဝေးကွာနေတဲ့ ကလေးလေးတွေကို သားသမီးအရင်းတွေလို ပြုစုစောင့်ရှောက်နေသူ

တစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက (၄၅) ရက်သားအရွယ်ရှိတဲ့ သားသားေ လးတစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ကြောင်း အခုလိုပဲ ပြောပြထားပါတယ် “Hello! ခိုင်နှင်းဝေပရဟိတဂေဟာကပါလား????? ကျမ ကလေးပေးချင်လို့ပါ စတဲ့ ဖုန်းပေါင်း များစွာကို ဖြေနေရတဲ့ ကျွန်မ။ ကလေး ၃၀ ယောက် နဲ့ သူတို့ကိုထိန်းတဲ့ ဆရာမလေးတွေ

ပြည့်နေတဲ့ဂေဟာ နေရာ‌ကျဉ်းလေးကို တလှည့် ၊ ‌ကမ္ဘာကပ်ရောဂါကြောင့် အလှူရှင်နည်းပါး သွားလို့ လျော့သထက်လျော့ လာတဲ့ နို့မှုန့်ဘူးတွေကို တလှည့် စီ ကြည့်ရင်း မလွန်ဆန်နိုင်ပဲ ငြင်းပယ်လိုက်ရတဲ့ ဖုန်းတွေကြားထဲကမှ ဒီနေ့ ကျမနှလုံးသားရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ပဲ ကလေးတယောက်ကို ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ ကျွန်မကိုယ်တိုင် ခေါ်လာခဲ့ ပြန်ပါပြီရှင်” “အမေက (၁၇)နှစ်၊ အဖေက

ပထမအိမ်ထောင်ရှိနေလို့ နို့မှုန့်ဖိုးတောင် မထောက်ပံ့ဖူးငြင်းလွှတ်၊ အဘွားဖြစ်သူက ကင်ဆာရောဂါသည်မို့ ဒီ ၄၅ရက်သား ဗုဒ္ဓဟူးသားလေးကို ကျွန်မရဲ့ ရင်ခွင်ဆီ ကို ဘုရားက လက်ဆောင်ပို့ပေးလိုက်လေသလားလို့ တွေးမိလိုက်ခြင်းမှာပဲ သားငယ်လေးက ကျွန်မမျက်နှာကိုကြည့်ပြီး ပြုံးပြလေရဲ့ ❤️❤️သားငယ်လေးကို ခေါ်လာပြီး သားလေးဖွား ဖွား အတွက်

ဆန်နဲ့ဆီလဲ လှူခဲ့သေးတယ်နော်။ မေတ္တာတရားရဲ့ဓာတ်ကို အသက်ငယ်ပေမယ့် နားလည်နိုင်တဲ့ ဗုဒ္ဓဟူးသားလေးကို အမေ နာမည်ပေးဖို့ စဉ်းစားလိုက်ပါဦးမယ် သားလေးရေ” ဆိုပြီး ပြောထားပါတယ်။ ခိုင်နှင်းဝေကတော့ သံယောဇဉ်တွေကို သူမကိုယ်တိုင်ထပ်ရှာရင်း အခုလည်း သံယောဇဉ်ကြိုးေ လးတစ်မျှင်နဲ့ ရစ်ပတ်နေမိပြန်ပါပြီ။ သားသားလေးလည်း ခိုင်နှင်းဝေရဲ့လက်ထဲမှာ ကောင်းမွ န်စွာကြီးပြင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးပြုနိုင်မှာ သေချာပါတယ်။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *