အနုပညာရှင်မောင်နှမတွေနဲ့အတူ ရုပ်ရှင်နှစ်(၁၀၀)အတွက် လုပ်ကိုင်ပေးရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေ မျှဝေခဲ့တဲ့ မို့မို့မြင့်အောင်
Read in UNICODE
ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ မိုးမိုးမြင့်အောင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေကြား အထူးအားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးကြီးပဲဖြစ်ပါတယ်။ မင်းသမီးကြီး မိုးမိုးမြင့်အောင်ကိုတော့ ချစ်တဲ့ပရိသတ်တွေက မေမွှေးလို့လည်း ခေါ်တက်ပြီး အနုပညာရှင်မောင်နှမတွေကလည်း လေးစားချစ်ခင်နေရတဲ့သူ
ပဲဖြစ်ပါတယ်။ သူမကတော့ မြန်မာ့ရုပ်ရှင်လောက ဖွံဖြိုး တိုးတတ်ဖို့ ကြိုးစားကြသူတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့်လည်း
အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ် အနုပညာရှင်လေးတွေကိုလည်း မြေတောင်မြှောက်ပေးပြီး အတက်ပညာတွေကိုလည်း စိတ်စေတနာအပြည့်နဲ့ သင်ပြပေးတာကိုလည်းတွေ့ရပါတယ်။ မကြာခဏဆိုသလို မင်းသမီးကြီး မိုးမိုးမြင့်အောင်ကတော့ ပရိသတ်နဲ့ ဝေးကွားမသွားအောင်
သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ယခုမှာလည်း မိုးမိုးမြင့်အောင်က ရုပ်ရှင်နှစ် [၁၀၀] အတွက် လုပ်ကိုင်နေတဲ့အချိန်လေးမှာ အခြားသောအနုပညာမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့ အမှတ်တရပုံလေးတွေ ချပြလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း
မိုးမိုးမြင့်အောင်က “ရုပ်ရှင်နှစ် [၁၀၀] အတွက် ရုပ်ရှင် သမိုင်းပြတိုက်မှာ ကိုယ်စီကိုယ်ငှ တာဝန်ယူကြ မိသားစုကြီးပျော်ရွှင်ကြပေါ့” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ မြန်မာရုပ်ရှင်လောက နှစ် (၁၀၀) အတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေတဲ့ မိုးမိုးမြင့်အောင်တို့ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Academy Moht Moht Myint Aung’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *