သမီးလေး မြမိုးဂင်္ဂါလေးနဲ့ ဆော့ကစားရင်း အတူရှိနေရလို့ ပျော်ရွှင်နေတဲ့ ဘုန်းသိုက်





Read in UNICODE

မော်ဒယ်သရုပ်ဆောင်တစ်လက်ဖြစ်တဲ့ ဘုန်းသိုက်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဘုန်းသိုက်ကတော့ အဆိုတော်ချမ်းချမ်းနဲ့ လမ်းခွဲလိုက်ခဲ့ရပေမယ့် သူရဲ့ သမီးဖြစ်သူနဲ့တော့

မကြာမကြာတွေ့ဆုံလေ့ရှိပါတယ်။ သမီးဖြစ်သူမြမိုးဂင်္ဂါလေးနဲ့တွေ့ဆုံတိုင်းပျော်ရွှင်စရာလေးတွေနဲ့ပဲ အချိန်ကုန်ဆုံးလျက်ရှိသူတစ်ဦးပါပဲနော်။ သူရဲ့ သမီးနဲ့အမှတ်တရပုံရိပ်လေးတွေနဲ့ ဝါသနာပါရာပန်းချီရေးဆွဲထားတဲ့ပုံရိပ်လေးတွေကို

တော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဘုန်းသိုက်ကတော့ “ဟိုင်း ငါတို့သားအဖပါဟ” လို့ဆိုကာ ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်ယောက်တစ်လှည့်ရိုက်ကူးနေကြရင်း

ပျော်ရွှင်နေကြတာပါပဲနော် ပရိသတ်ကြီးတို့ရေ။ ပရိသတ်တွေအတွက် ဘုန်းသိုက်တို့သားအဖရဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း သူတို့သားဖနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကြောင့် ပျော်ရွှင်ကြည်နူးမယ်လို့ထင်ပါတယ်။

Source : Hpone Thaik’s Facebook

Add a Comment

Your email address will not be published. Required fields are marked *