အားေပးၾကည့္႐ွဳသူ ပရိသတ္ေတြ သေဘာက်ေနၾကတဲ့ ဝင့္ယမံုႏိုင္ရဲ႕ ထားဝယ္စကားေျပာတဲ့ ဗီဒီယိုေလး

ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးျမန္မာ႐ုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ အခ်စ္သေကၤတ ဇာတ္လမ္းတြဲမွာ ဗီလိန္ဇာတ္႐ုပ္နဲ႔ အံဝင္ဂြင္က်သ႐ုပ္ေဆာင္ခဲ့သူ ဝင့္ယမုံႏိုင္ကိုေတာ့ သေဘာမက်ဖူးတဲ့သူရွိမယ္ မထင္ပါဘူးေနာ္။ MRTV-4 ရဲ႕မင္းသမီးတစ္လက္ျဖစ္တာနဲ႔အညီ

ဇာတ္လမ္းတြဲေတြမွာ အမ်ားဆုံး ျမင္ေတြ႕ရေလ့ရွိတဲ့အျပင္ ဇာတ္႐ုပ္တိုင္းကိုလည္း ပီပီျပင္ျပင္သ႐ုပ္ေဆာင္ေလ့ရွိသူပါ။ ဝင့္ယမုံႏိုင္ကေတာ့ ပရိသတ္ေတြကို တန္ဖိုးထားဆက္ဆံေလ့ရွိသူတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕တေန႔တာအေၾကာင္းအရာေတြကိုလည္း လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝေလ့ရွိသူပါ။ ဒီတစ္ေခါက္မွာေတာ့ ထားဝယ္သူေလးျဖစ္တဲ့

ဝင့္ယမုံႏိုင္တစ္ေယာက္ သူငယ္ခ်င္းျဖစ္သူနဲ႔ အတူ ထားဝယ္စကားေျပာေနတဲ့ဗြီဒီယိုဖိုင္ေလးကို “နားလည္ရင္နားေထာင္ ထားဝယ္လိုေျပာေနတာ” ဆိုတဲ့စာသားေလးနဲ႔အတူ မွ်ေဝခဲ့ပါတယ္။ ထားဝယ္စကားကေတာ့ ျမန္မာစကားနဲ႔နီးစပ္ေပမယ့္ နားလည္ရခက္ခဲတဲ့စကားတစ္ခုပါ။ ဝင့္ယမုံႏိုင္တစ္ေယာက္

ထားဝယ္စကားေျပာေနတဲ့ဗြီဒီယိုဖိုင္ေလးကေတာ့ လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔ခဲ့ၿပီး ပရိသတ္ေတြလည္း မ်ားစြာသေဘာက်ခဲ့ရပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ ဝင့္ယမုံႏိုင္ရဲ႕ဗြီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ဆယ္လီကမာၻပရိသတ္ႀကီးထဲမွာေရာ ထားဝယ္စကားနားလည္တဲ့သူေတြရွိလား။

Read in UNICODE

မြန်မာနိုင်ငံရဲ့ ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ အချစ်သင်္ကေတ ဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျသရုပ်ဆောင်ခဲ့သူ ဝင့်ယမုံနိုင်ကိုတော့ သဘောမကျဖူးတဲ့သူရှိမယ် မထင်ပါဘူးနော်။ MRTV-4 ရဲ့မင်းသမီးတစ်လက်ဖြစ်တာနဲ့အညီ

ဇာတ်လမ်းတွဲတွေမှာ အများဆုံး မြင်တွေ့ရလေ့ရှိတဲ့အပြင် ဇာတ်ရုပ်တိုင်းကိုလည်း ပီပီပြင်ပြင်သရုပ်ဆောင်လေ့ရှိသူပါ။ ဝင့်ယမုံနိုင်ကတော့ ပရိသတ်တွေကို တန်ဖိုးထားဆက်ဆံလေ့ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တနေ့တာအကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ထားဝယ်သူလေးဖြစ်တဲ့

ဝင့်ယမုံနိုင်တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ အတူ ထားဝယ်စကားပြောနေတဲ့ဗွီဒီယိုဖိုင်လေးကို “နားလည်ရင်နားထောင် ထားဝယ်လိုပြောနေတာ” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေခဲ့ပါတယ်။ ထားဝယ်စကားကတော့ မြန်မာစကားနဲ့နီးစပ်ပေမယ့် နားလည်ရခက်ခဲတဲ့စကားတစ်ခုပါ။ ဝင့်ယမုံနိုင်တစ်ယောက်

ထားဝယ်စကားပြောနေတဲ့ဗွီဒီယိုဖိုင်လေးကတော့ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေလည်း များစွာသဘောကျခဲ့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဝင့်ယမုံနိုင်ရဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော ထားဝယ်စကားနားလည်တဲ့သူတွေရှိလား။

Source : Wint Yamone Naing’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *