ပရိသတ္ေတြ ခ်ီးက်ဴးေနၾကတဲ့ ေလးစားဖို႔ေကာင္းလြန္းတဲ့ ထြန္းကိုကိုရဲ႕ ပရဟိတစိတ္ဓာတ္

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ မင္းသားေခ်ာထြန္းကိုကိုကေတာ့ သရာက္ေဆာင္ အႏုပညာရွင္တစ္ေယာက္ျဖစ္ေပမဲ့ ပရဟိတအလုပ္ေတြကို ေငြအားအျပင္ လူအားနဲ႔ပါ တတ္ႏိုင္သေလာက္ကူညီလုပ္ကိုင္ေနတာလည္း ပရိသတ္ေတြအသိပါ။ နာေရးကူညီမႈအသင္း(ရန္ကုန္)မွာလည္း

အသင္းဝင္ထားၿပီး ဈာပနအခမ္းအနားေတြမွာ ကိုယ္တိုင္ကိုယ္က် လိုက္လံပို႔ေဆာင္ေပးေနခဲ့ပါတယ္။ ထြန္းကိုကိုက နာေရးကူညီမႈအသင္း(ရန္ကုန္)မွာသာမက တျခားေသာပရဟိအလုပ္ေတြအျပင္ မီးေလာင္တဲ့ ေနရာေတြမွာပါ ကိုယ္တိုင္မီးသတ္တဲ့အထိကို

ပါဝင္ကူညီေပးေနခဲ့ပါေသးတယ္။ အခုလိုပရဟိတအလုပ္ေတြလုပ္ကိုင္ေနရတာေတြနဲ႔ ပတ္သက္လို႔ ထြန္းကိုကို ကိုယ္တိုင္က “ဝါသနာအရ အသားက်ေနၿပီျဖစ္တဲ့ ကြၽန္ေတာ့္ရဲ႕ ဒုတိယေလာကဟာ ကြၽန္ေတာ္အတြက္ ဒုတိယအိမ္ပါပဲ

ပရဟိတေဆြမ်ိဳးမ်ားအလယ္ ကြၽန္ေတာ္ေပ်ာ္ပါတယ္”လို႔ သူ႔အတြက္ေတာ့ ဝါသနာပါတဲ့ ပရဟိတအလုပ္ေတြလုပ္ရတာ ေပ်ာ္႐ႊင္ၿပီး ဘယ္ေလာက္ခက္ခဲပါေစ အသားက်ၿပီးေပ်ာ္႐ႊင္ေနပါတယ္လို႔ ဆိုလာပါတယ္။ ထြန္းကိုကိုရဲ႕ပိုစ့္ေအာက္မွာေတာ့

ပရိတ္ေတြက ဒီပရဟိတစိတ္ဓာတ္ေလးကို ခ်ီးက်ဴးေနခဲ့ၾကၿပီး မြန္ျမတ္လွတဲ့ စိတ္ထားေလးျဖစ္ေၾကာင္းမွတ္ခ်က္ေပးေျပာဆိုေနခဲ့ၾကပါေသးတယ္။ ပရိသတ္ႀကီးေရ ထြန္းကိုကိုရဲ႕ ပရဟိတစိတ္ထားေလးကေတာ့ ပရိသတ္ေတြခ်ီးက်ဴးလည္း ခ်ီးက်ဴးထိုက္တဲ့ စိတ္ထားေလးပါပဲေနာ္။

Read in UNICODE

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောထွန်းကိုကိုကတော့ သရာက်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ပရဟိတအလုပ်တွေကို ငွေအားအပြင် လူအားနဲ့ပါ တတ်နိုင်သလောက်ကူညီလုပ်ကိုင်နေတာလည်း ပရိသတ်တွေအသိပါ။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာလည်း

အသင်းဝင်ထားပြီး ဈာပနအခမ်းအနားတွေမှာ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးနေခဲ့ပါတယ်။ ထွန်းကိုကိုက နာရေးကူညီမှုအသင်း(ရန်ကုန်)မှာသာမက တခြားသောပရဟိအလုပ်တွေအပြင် မီးလောင်တဲ့ နေရာတွေမှာပါ ကိုယ်တိုင်မီးသတ်တဲ့အထိကို

ပါဝင်ကူညီပေးနေခဲ့ပါသေးတယ်။ အခုလိုပရဟိတအလုပ်တွေလုပ်ကိုင်နေရတာတွေနဲ့ ပတ်သက်လို့ ထွန်းကိုကို ကိုယ်တိုင်က “ဝါသနာအရ အသားကျနေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ဒုတိယလောကဟာ ကျွန်တော်အတွက် ဒုတိယအိမ်ပါပဲ

ပရဟိတဆွေမျိုးများအလယ် ကျွန်တော်ပျော်ပါတယ်”လို့ သူ့အတွက်တော့ ဝါသနာပါတဲ့ ပရဟိတအလုပ်တွေလုပ်ရတာ ပျော်ရွှင်ပြီး ဘယ်လောက်ခက်ခဲပါစေ အသားကျပြီးပျော်ရွှင်နေပါတယ်လို့ ဆိုလာပါတယ်။ ထွန်းကိုကိုရဲ့ပိုစ့်အောက်မှာတော့

ပရိတ်တွေက ဒီပရဟိတစိတ်ဓာတ်လေးကို ချီးကျူးနေခဲ့ကြပြီး မွန်မြတ်လှတဲ့ စိတ်ထားလေးဖြစ်ကြောင်းမှတ်ချက်ပေးပြောဆိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ထွန်းကိုကိုရဲ့ ပရဟိတစိတ်ထားလေးကတော့ ပရိသတ်တွေချီးကျူးလည်း ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။

Source : Tun Ko Ko | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *