အိမ်တိုင်ရာရောက် ဝက်နံရိုးမီးတောက် တကူးတကလာပို့ခဲ့တဲ့ ထူးခြားတို့ ဇနီးမောင်နှံကို ကျေးဇူးတင်စကား ပြောခဲ့တဲ့ ကျော်ကျော်





Read in UNICODE

ပရိသတ်ကြီးရေရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ကတော့ အနုပညာလောကမှာနှစ်အတော်ကြာ ဖြတ်သန်းလာခဲ့ပြီဖြစ်တဲ့ မင်းသားတစ်လက်ပါ။ အမြဲပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါးပါးနေတတ်တာကလည်း သူ့ရဲ့ထူးခြားတဲ့ ပုံစံတစ်ခုပါပဲနော်။ အချစ်ဆုံးသူငယ်ချင်းညီထွဋ်ခေါင် ၊ဆုမြတ်နိုးဦးတို့နဲ့ အတူ ပရမ်းပတာ

ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ Pageမှာ ဗီဒီယိုဖိုင်လေးတွေတင်လေ့ရှိပြီး ပရိသတ်တွေကလည်း သူတို့သူငယ်ချင်း၃ယောက်ကိုအထူးအားပေးဝန်းရံလေ့ရှိပါတယ်။ ဒါ့အပြင်ကျော်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်အပီပြင်ဆုံးသရုပ်ဆောင်လေ့ရှိတဲ့အပြင်

အခုနောက်ပိုင်းဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်နေတာတွေ့ရပါတယ်။ အမြဲ အခွီဗီဒီယိုလေးတွေစာလေးတွေတင်ကာ ပရိသတ်တွေ အပန်းဖြေဖို့စနောက်လေ့ရှိတဲ့ ကျော်ကျော်ကတော့ဒီနေ့မှာ ” ကျနော့်ကိုစားစေချင်လွန်းလို့ နံရိုးမီးတောက်ကိုတကူးတက

အိမ်အထိလာပို့ပေးတဲ့ ကိုထူးခြားနဲ့ခိုင်ဦးရေ ကျေးဇူးများကြီးတင်ပါတယ်နော်။တစ်နေ့စာတော့ ဖူလုံသွားပီပေါ့လေ ။မှတ်ချက် အရသာကတော့ထိမိလွန်းတယ်”ဆိုတဲ့ စာလေးနဲ့ အတူ ပုံလေးကိုတင်လာခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော ကျော်ကျော် ရဲ့ပရိသတ်တွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Kyaw Naing Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *