ကလေးငယ်လေးတွေအတွက် လိုအပ်နေတဲ့ အရာကို တောင်းဆိုလိုက်တာနဲ့ သွားရောက် လှူဒါန်းပေးတဲ့ ပိုင်ဖြိုးသုကို ကျေးဇူးတင်နေတဲ့ အေးသီတာ
Read in UNICODE
အေးသီတာဟာဆိုရင် ကျရာဇာတ်ရုပ်ရဲ့ ဘယ်နေရာကမဆို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ သူမကတော့ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အပြင် အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း ချစ်ခင်ရင်းနှီးမှုကို ရရှိထားတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ အခုချိန်မှာ အနုပညာအလုပ်တွေရပ်နားနေချိန်မှာ
သူမတို့မိသားစုရဲ့ ဝမ်းရေးအတွက် လုပ်ကိုင်ကြိုးစားနေလျက်ရှိပါတယ်။ အေးသီတာက ကျွမ်းကျင်ဆုံးအရာလေးတစ်ခုဖြစ်တဲ့ မုန့်ဟင်းခါးကို onlineပေါ်ကနေ ရောင်းချကာ သူမကိုယ်တိုင်လိုက်ပို့ ပေးရင် လုပ်ကိုင်ကာ အောင်မြင်နေတဲ့
သူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ အေးသီတာက “သူငယ်ချင်းလေးရေဒါတွေလိုအပ်လို့ပါဆို ဟုတ်တာကြီးဆိုတဲ့ ပိုင်ဖြိုးသု” လို့ဆိုကာ အလှူဒါန်းဆို အမြဲရှေ့ဆုံးကနေ လှူဒါန်းပေးလေ့ရှိတာလေးကို
ချီးကျူးကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။မိဘမဲ့ကလေးငယ်တွေအတွက် အဝတ်အစားတွေလိုအပ်နေတယ်လို့ပြောလိုက်တာနဲ့ လှူဒါန်းပေးလိုက်တဲ့ ပိုင်ဖြိုးသုကြောင့် ပျော်ရွှင်မိတာလေးကို
တင်ပေးလိုက်တာပါပဲနော်။ ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ့ လှူဒါန်းခဲ့တဲ့အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပိုင်ဖြိုးသုရဲ့ လှူဒါန်းမှုလေးကြောင့် ပရိသတ်တွေလည်း ထပ်တူ ဝမ်းသာပီတိဖြစ်မိမယ်လို့ထင်ပါတယ်။
Source : Aye Thida’s Facebook
Add a Comment
Your email address will not be published. Required fields are marked *