ကပ်ရောဂါတွေကြောင့် ပျားရည်စမ်း ခရီးမထွက်ရပဲ ဟော်တယ်မှာပဲ မင်္ဂလာဦးအချိန်လေးကို ဖြတ်သန်းနေရတဲ့ အိမ့်ချစ်တို့ ဇနီးမောင်နှံ





Read in UNICODE

အိမ့်ချစ်ကတော့ သူမကိုအရမ်းချစ်ပြီး နောက်ကွယ်ကနေ အစစအရာရာ ပံ့ပိုးပေးနေတဲ့ အသက်သုံးနှစ်ကြီးတဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲခဲ့ပြီပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို မချပြခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကမှ

ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြခဲ့တာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က မနေ့က ဇွန်လ (၆)ရက်နေ့ကပဲ သူမရဲ့ချစ်သူနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ မင်္ဂလာလက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာလက်မှတ်ထိုးပြီးစဖြစ်တဲ့

အိမ့်ချစ်တို့ဇနီးမောင်နှံက သူတို့ရဲ့ မင်္ဂလာဦးအချိန်အခါက ကပ်ရောဂါတွေ ပျံ့နှံ့နေသေးတာမို့ ပျားရည်ဆမ်းခရီးကို မသွားရသေးပါဘူး။ ဒါပေမယ့် အိမ့်ချစ်တို့ ဇနီးမောင်နှံက ရန်ကုန်မြို့ထဲက နာမည်ကြီးဟိုတယ်မှာ Staycation လုပ်ပြီး နှစ်ကိုယ်တူအချိန်လေးကို

ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သူမကို တကယ်ချစ်ပြီး မြတ်နိုးတဲ့ ချစ်သူလေးနဲ့ အတူတူနေခွင့်ရပြီမို့ ပြုံးပျော်နေတာပဲနော်။ ပရိသတ်ကြီးလည်း အိမ့်ချစ်တို့ရဲ့ ပူပူနွေးနွေးဇနီးမောင်နှံရဲ့ ပုံရိပ်လေးကို သဘောကျကြမယ်လို့ ထင်ပါတယ်။

Source : Eint Chit’s Facebook

Add a Comment

Your email address will not be published. Required fields are marked *