တရက်ကို အခါ(၅၀)လောက် သားနဲ့ ရန်ဖြစ်တယ်လို့ စနောက်ရင်း အမေဖြစ်သူကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပိုင်ဇေရဲထွန်း






Read in UNICODE

မင်းသားချော ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကတော့ အနုပညာရှင်အချင်းချင်းကတောင် အားကျချစ်ခင်နေရတဲ့ စံပြစုံတွဲလေး ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက မင်းသမီးတစ်ဦးလို ချောမောလှပတဲ့ ချစ်ဇနီလေးအပြင် ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့

သားနှစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးကတော့ မြင်သူတိုင်း လိုချင်တောင့်တရတဲ့ ပျော်ရွှင်စရာမိသားစုလေးပဲ ဖြစ်ပါတယ်……။ ဒါ့အပြင် ပိုင်ဇေရဲထွန်းရဲ့ မိဘတွေကလည်း ချွေးမလေး ဇင်သဲနိုင်နဲ့ မြေး ( ၃) ယောက်ကိုလည်း

သည်းသည်းလှုပ် ချစ်နေတာလည်း တွေ့ရပါတယ်.။ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိတဲ့ ပိုင်ဇေရဲထွန်းက ယခုလက်မှာတော့ အမေဖြစ်သူရဲ့ မွေးနေ့မှာ

ဆုတောင်းစကားလေးပြောရင်း ကြည်နှုးစရာ ပုံရိပ်လေးကို တင်ပေးလါတာပဲ ဖြစ်ပါတယ်….။ ပိုင်ဇေရဲထွန်းက ” Happy Birthday အမေ ဘဝမှာ အစားထိုးပြန်မရနိုင်တဲ့ တခုတည်းသော သက်ရှိဘုရား ဖေဖေ နဲ့ မေမေ တနေ့ ၂၄နာရီ မှာ အခါ

၅၀ လောက်သားနဲ့ရန်ဖြစ်ကြတဲ့ ချစ်သောမေမေ သားတို့နဲ့ နောက်နှစ်ပေါင်းများစွာ အတူတူ နေပေးပါ အသက်၄၃ နှစ်မှ မေမေ့ကိုဖက်ပီးရိုက်ဖြစ်တဲ့ဓါတ်ပုံလေး ” ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။

Source : Paing Zay Ye Tun’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *