ငယ်ဘဝတုန်းက အကြော်ရောင်းပြီး ပင်ပန်းဆင်းရဲခဲ့တဲ့ မိခင်ကြီးကို ယခုအချိန်မှာ စိတ်ချမ်းသာအောင် ထားနိုင်ပြီမို့ ပျော်နေတဲ့ အောင်သူ






Read in UNICODE

မြန်မာလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးအောင်သူကတော့ လက်ရှိမှာ ရတနာပုံအသင်းမှာ ကစားလျက်ရှိနေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ မင်းသမီးချောလေးပိုးအိအိခန့်နဲ့အတူ အိမ်ထောင်သည်ဘဝကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ယခုမှာတော့ အောင်သူတစ်ယောက် မေမေကို

ကြည်နူးစရာကောင်းလွန်းတဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။အောင်သူကတော့” Happy Birthday ပါအမေ ဒီမွေးနေ့ကစနောက်နှစ်ပေါင်းများစွာကိုစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့သားဆုတောင်းပေးပါတယ်နော် သဘာဝတိုင်းဖြစ်ပျက်နေတဲ့ ဘဝတွေကိုအမေခံစားပြီစိတ်မညစ်ပါနဲ့အမေ ပျော်ပျော်ကြီးနေပစ်လိုက်ပါဟိုငယ်ငယ်တုန်းက

ရဲစခန်းထဲမှာ မိသားစုလိုက်အကြော်ရောင်းခဲ့တုန်းက အမေမှာအားချိန်ရှိလား နားချိန်ရှိလား အေးဆေးဖြစ်တဲ့ချိန်ဆိုတာမရှိခဲ့ဘူးလေ တော်ကြာ သစ်ပင်စိုက်ပါဦး တော်ကြာ ဘာပြိုင်ပွဲရှိလို့ တော်ကြာ သန့်ရှင်းရေး တော်ကြာ လိုင်းခန်းစစ်မယ် တော်ကြာ အရာရှိတွေစားဖို့သားပစ်အိမ်ပစ်နဲ့ထမင်းဟင်းလိုက်ချက်ပေးခဲ့ရတဲ့ စိတ်ညစ်စရာချိန်တွေကို

အမေအများကြီးဖြတ်သန်းပြီပြီလေ ခုအဖေနဲ့အမေကိုသားတို့တွေချမ်းချမ်းသာသာကြီးမထားနိုင်ရင်တောင် စိတ်အေးအေးချမ်းချမ်းရှိမဲ့နေရာမှာသားတို့တွေထားနိုင်ပြီလို့သားထင်တယ် အမေ “ဆိုပြီးရေးသားထားပါတယ်။အောင်သူကတော့” အဲ့လိုပြောလို့အဖေနဲ့အမေပေါ်မှာတာဝန်ကျေပြီလို့ပြောချင်တာမဟုတ်ပါဘူး သားပြောချင်တာက အရင်တုန်းက

အမေမှာ(၁) အေးဆေးဖြစ်ချိန်ဆိုတာမရှိဘူး (၂) ငွေကျေးအခက်ခဲ အခုအဲ့ဒါတွေအသင့်သင့်ရှိနေပြီပဲ အမေ ပျော်ပျော်ရွှင်ရွှင်နဲ့နေပါ…..အမေ ချစ်တဲ့သားမိုက်ကြီး အောင်သူဗဒင်ဟိန်းမင်းကို ” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်သူတို့ မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Aung Thu’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *