ဘဝက မျပည့္စံုေသးေပမယ့္ မိဘကို လုပ္ေကြ်းျပဳစုႏိုင္ျပီဆိုၿပီး အေဖျဖစ္သူကို ေျခေထာက္ေဆးေပးေနတဲ့ ေရႊသမီး

ပါဝင္တဲ့ ဇာတ္ကားတိုင္းမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္မႈေတြနဲ႔ ဇာတ္လမ္းရဲ႕ အႏွစ္သာရကို ပီျပင္စြာ သ႐ုပ္ေဆာင္ရင္း အႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ားစြာနဲ႔ ရပ္တည္ေနတဲ့ သူေလးကေတာ့ မင္းသမီးေခ်ာေလး ေ႐ႊသမီး ပဲ ျဖစ္ပါတယ္။ ေ႐ႊသမီးက ” ခ်ည္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး လူအမ်ားကအႀကိဳက္ေတြ႕ေစခဲ့တာမို႔ ပရိသတ္ခ်စ္ေမတၱာကို အျပည့္အဝ

ခံယူေနတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္…..။ေ႐ႊသမီး ကေလးေလးတစ္ေယာက္လို ခ်စ္စရာေကာင္းၿပီး သြက္လပ္တဲ့ အမႈအရာေလးေတြနဲ႔ မိဘႏွစ္ပါးကို အလုပ္ေကြၽးျပဳစုေနတဲ့ သမီးေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြသာမကပဲ အႏုပညာရွင္အခ်င္းခ်င္းကပါ အားေပးခ်စ္ခင္ေနၾကတာပါေနာ္။ ယေန႔မွာလည္း ေ႐ႊသမီးက သူမရဲ႕ ဖခင္ျဖစ္သူကို

​ေျခေထာက္ေခ်းတြန္းေပးေနတဲ့ ပုံေလးေတြကို တင္ရင္း ” မျပည့္စုံေသးေပမဲ့ ေပ်ာ္႐ႊင္ရတဲ့ ကြၽန္မဘဝဒီအခ်ိန္မွာ ေ႐ႊ႕မိဘႏွစ္ပါးလဲရွိေနေသးတယ္ ေ႐ႊ႕မိသားစုအားလုံးလဲက်န္းက်န္းမာရွိေနၾကေသးတယ္ ေ႐ႊလုပ္ခ်င္တဲ့အလုပ္ ေ႐ႊဝါသနာပါတဲ့အလုပ္ေတြလုပ္ၿပီး မိဘကိုမျပဳစုေပးႏိုင္ေသးေပမဲ့ လုပ္ေကြၽးႏိုင္ၿပီ ေ႐ႊေပ်ာ္ရတယ္ ႐ိုးရွင္းေပမဲ့ေပ်ာ္႐ႊင္ရတဲ့မိသားစုကို

ကြၽန္မပိုင္ဆိုင္ထားပါတယ္….. ။ သူငယ္ခ်င္းေကာင္းေတြလဲကြၽန္မမွာရွိတယ္ ဒီအခ်ိန္ေလးကိုကြၽန္မအႏွစ္သက္ဆုံးပါဘဲ အိမ္လြမ္းလို႔ပုံေလးေတြျပန္ၾကည့္ရင္း မႏၲေလးရဲ႕ေဆာင္းမနက္ခင္းေလးဆီခဏျပန္ေရာက္သြားတယ္ မႏၲေလးေရာက္တိုင္း ေ႐ႊမၾကာခဏလုပ္ျဖစ္တဲ့အလုပ္က

ေဖေဖ့ေျခေထာက္ကိုေဆးေပးျခင္းပါ ၿပီးရင္စားခ်င္တာေတြဝယ္ေကြၽးခိုင္းတယ္ သမီးအငယ္ဆုံးေလး အရမ္းသိတတ္တာဘဲေနာ္ Ps ေ႐ႊဖ်ားေနေတာ့အိမ္ပိုလြမ္းမိေနတယ္ ခုေတာ့သက္သာပါတယ္ (လည္ပင္းနာၿပီး နဲနဲဖ်ားေနေပမဲ့ အစားေတြအမ်ားႀကီး အမ်ားႀကီးစားျဖစ္ေနလို႔ ကိုယ့္ဟာကိုနာမည္ေပးပစ္လိုက္တယ္ ဝက္တုပ္ေကြး)” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္……။

Read in UNICODE

ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်စွာ သရုပ်ဆောင်ရင်း အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူလေးကတော့ မင်းသမီးချောလေး ရွှေသမီး ပဲ ဖြစ်ပါတယ်။ ရွှေသမီးက ” ချည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး လူအများကအကြိုက်တွေ့စေခဲ့တာမို့ ပရိသတ်ချစ်မေတ္တာကို အပြည့်အဝ

ခံယူနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်…..။ရွှေသမီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းပြီး သွက်လပ်တဲ့ အမှုအရာလေးတွေနဲ့ မိဘနှစ်ပါးကို အလုပ်ကျွေးပြုစုနေတဲ့ သမီးလေးဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာပါနော်။ ယနေ့မှာလည်း ရွှေသမီးက သူမရဲ့ ဖခင်ဖြစ်သူကို

ခြေထောက်ချေးတွန်းပေးနေတဲ့ ပုံလေးတွေကို တင်ရင်း ” မပြည့်စုံသေးပေမဲ့ ပျော်ရွှင်ရတဲ့ ကျွန်မဘဝဒီအချိန်မှာ ရွှေ့မိဘနှစ်ပါးလဲရှိနေသေးတယ် ရွှေ့မိသားစုအားလုံးလဲကျန်းကျန်းမာရှိနေကြသေးတယ် ရွှေလုပ်ချင်တဲ့အလုပ် ရွှေဝါသနာပါတဲ့အလုပ်တွေလုပ်ပြီး မိဘကိုမပြုစုပေးနိုင်သေးပေမဲ့ လုပ်ကျွေးနိုင်ပြီ ရွှေပျော်ရတယ် ရိုးရှင်းပေမဲ့ပျော်ရွှင်ရတဲ့မိသားစုကို

ကျွန်မပိုင်ဆိုင်ထားပါတယ်….. ။ သူငယ်ချင်းကောင်းတွေလဲကျွန်မမှာရှိတယ် ဒီအချိန်လေးကိုကျွန်မအနှစ်သက်ဆုံးပါဘဲ အိမ်လွမ်းလို့ပုံလေးတွေပြန်ကြည့်ရင်း မန္တလေးရဲ့ဆောင်းမနက်ခင်းလေးဆီခဏပြန်ရောက်သွားတယ် မန္တလေးရောက်တိုင်း ရွှေမကြာခဏလုပ်ဖြစ်တဲ့အလုပ်က

ဖေဖေ့ခြေထောက်ကိုဆေးပေးခြင်းပါ ပြီးရင်စားချင်တာတွေဝယ်ကျွေးခိုင်းတယ် သမီးအငယ်ဆုံးလေး အရမ်းသိတတ်တာဘဲနော် Ps ရွှေဖျားနေတော့အိမ်ပိုလွမ်းမိနေတယ် ခုတော့သက်သာပါတယ် (လည်ပင်းနာပြီး နဲနဲဖျားနေပေမဲ့ အစားတွေအများကြီး အများကြီးစားဖြစ်နေလို့ ကိုယ့်ဟာကိုနာမည်ပေးပစ်လိုက်တယ် ဝက်တုပ်ကွေး)” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်……။

Source : ေ႐ႊသမီး’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *