သက္ႀကီးရြယ္အို ပညာရွင္(၃၈)ဦးအား တစ္ဦးလွ်င္(၂)သိန္းစီ လွဴဒါန္းခဲ့တဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုး

ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ အလႉအတန္းရက္ေရာသူတစ္ေယာက္အျဖစ္ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရသူတစ္ေယာက္ပါ။ Covid-19 ကာလမွာလည္း တတ္ႏိုင္သမွ်လႉဒါန္းေပးေနတဲ့အျပင္ မေန႔ကလည္း မဂၤလာလုပ္ငန္းနဲ႔ဆက္စပ္တဲ့ သက္ႀကီးပညာရွင္(၃၈)ဦးကို

တစ္ဦးလွ်င္ေငြက်ပ္(၂)သိန္းစီ လႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္။ ဒီအလႉေလးကိုေတာ့ သူငယ္ခ်င္းေတြနဲ႔အတူ စုေပါင္းၿပီးလုပ္လာခဲ့တာ အခုဆိုရင္ စတုတၳအႀကိမ္ေျမာက္ရွိခဲ့ၿပီ ျဖစ္ပါတယ္။ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ ဥကၠဌေနရာကေန

တာဝန္ယူကာ သူငယ္ခ်င္းေတြနဲ႔စုေပါင္းၿပီး ဒီအလႉေလးျဖစ္ေျမာက္ခဲ့ပုံကို “အဖြဲ႕ဝင္(၁၇)ဦးပါဝင္ဖြဲ႕စည္းထားၾကၿပီး ကြၽန္ေတာ္ဥကၠဌ ေနရာမွာတာဝန္ယူၿပီ းတက္နိင္သေလာက္ကိုယ္စြမ္း ဉာဏ္စြမ္းရွိသေလာက္ေငြအားလူအားအျပည့္နဲ႔ပါဝင္ေဆာင္႐ြတ္ခဲ့တာ(၄)ႏွစ္ရွိခဲ့ပါၿပီ။ ကြၽန္ေတာ္နဲ႔ရွမ္းမေလးၾကက္ဆီထမင္းတို႔မွ

မတည္ဦးေဆာင္ၾကၿပီး မႏၲေလးၿမိဳ႕မိၿမိဳ႕ဖမ်ားမွလႉဒါန္းထားၾကေသာေငြေၾကးမ်ားႏွင့္မို႔ ယခုလိုကန္ေတာ့ႏိုင္တာပါ။ အရင္ႏွစ္ေတြကခမ္းနာႀကီးက်ယ္စြာကန္ေတာ့ၾကေပမယ့္ ဒီႏွစ္ေတာ့ေရာဂါကပ္ဆိုးေၾကာင့္ ယခုလိုပဲအိမ္အေရာက္ကန႔္ေတာ့ေငြပို႔ေပးရတာပါ” ဆိုၿပီး

သူတို႔ရဲ႕ႏွစ္စဥ္ျပဳလုပ္ၿမဲျဖစ္တဲ့ ဒီအလႉေလးအေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ သင္ဆရာေတြမဟုတ္ေပမယ့္လည္း ပညာဂုဏ္နဲ႔ ေလးစားတန္ဖိုးထားအပ္တဲ့ ျမင္ဆရာေတြပဲမို႔ အခုလိုမဂၤလာလုပ္ငန္းနဲ႔ဆက္စပ္လုပ္ကိုင္ေနတဲ့ သက္ႀကီး

ပညာရွင္ေတြအတြက္ ပညာဂုဏ္ကို ပူေဇာ္တဲ့အေနနဲ႔ ဒီအလႉေလးကို ျပဳလုပ္ခဲ့တာပါတဲ့ပရိသတ္ႀကီးေရ.. ၾကည္ႏူးပီတိအၿပဳံးေတြနဲ႔ သြားေရာက္ဂါဝရျပဳျဖစ္ခဲ့တဲ့ သူတို႔ရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဒီဇိုင်နာမျိုးမင်းစိုးကတော့ အလှူအတန်းရက်ရောသူတစ်ယောက်အဖြစ် ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ Covid-19 ကာလမှာလည်း တတ်နိုင်သမျှလှူဒါန်းပေးနေတဲ့အပြင် မနေ့ကလည်း မင်္ဂလာလုပ်ငန်းနဲ့ဆက်စပ်တဲ့ သက်ကြီးပညာရှင်(၃၈)ဦးကို

တစ်ဦးလျှင်ငွေကျပ်(၂)သိန်းစီ လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ဒီအလှူလေးကိုတော့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီးလုပ်လာခဲ့တာ အခုဆိုရင် စတုတ္ထအကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဥက္ကဌနေရာကနေ

တာဝန်ယူကာ သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ဒီအလှူလေးဖြစ်မြောက်ခဲ့ပုံကို “အဖွဲ့ဝင်(၁၇)ဦးပါဝင်ဖွဲ့စည်းထားကြပြီး ကျွန်တော်ဥက္ကဌ နေရာမှာတာဝန်ယူပြီ းတက်နိင်သလောက်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက်ငွေအားလူအားအပြည့်နဲ့ပါဝင်ဆောင်ရွတ်ခဲ့တာ(၄)နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်နဲ့ရှမ်းမလေးကြက်ဆီထမင်းတို့မှ

မတည်ဦးဆောင်ကြပြီး မန္တလေးမြို့မိမြို့ဖများမှလှူဒါန်းထားကြသောငွေကြေးများနှင့်မို့ ယခုလိုကန်တော့နိုင်တာပါ။ အရင်နှစ်တွေကခမ်းနာကြီးကျယ်စွာကန်တော့ကြပေမယ့် ဒီနှစ်တော့ရောဂါကပ်ဆိုးကြောင့် ယခုလိုပဲအိမ်အရောက်ကန့်တော့ငွေပို့ပေးရတာပါ” ဆိုပြီး

သူတို့ရဲ့နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ ဒီအလှူလေးအကြောင်းကို မျှဝေခဲ့ပါတယ်။ သင်ဆရာတွေမဟုတ်ပေမယ့်လည်း ပညာဂုဏ်နဲ့ လေးစားတန်ဖိုးထားအပ်တဲ့ မြင်ဆရာတွေပဲမို့ အခုလိုမင်္ဂလာလုပ်ငန်းနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ သက်ကြီး

ပညာရှင်တွေအတွက် ပညာဂုဏ်ကို ပူဇော်တဲ့အနေနဲ့ ဒီအလှူလေးကို ပြုလုပ်ခဲ့တာပါတဲ့ပရိသတ်ကြီးရေ.. ကြည်နူးပီတိအပြုံးတွေနဲ့ သွားရောက်ဂါဝရပြုဖြစ်ခဲ့တဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Myo Min Soe’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *