သမီးေလးအိမ္ေထာင္ျပဳေတာ့ မိဘေတြရဲ႕ ထံုးစံအတိုင္း ႏွေျမာၿပီး ငိုခဲ့ရတယ္ဆိုတဲ့ အိမ့္ခ်စ္ရဲ႕ မိခင္

အိမ့္ခ်စ္ကေတာ့ ဒီကေန့ ဇြန္လ(၆)ရက္ေန့မွာ သူမဘဝကို ေနြးေထြးလံုျခံဳေစမယ့္ ခ်စ္သူေလးနဲ့ လက္ထပ္လိုက္ျပီပဲ ျဖစ္ပါတယ္။ ငယ္ငယ္ကတည္းက မျပည့္မစံုပဲ မိသားစုတာဝန္ေတြကို ထမ္းပိုးလာရတဲ့ အိမ့္ခ်စ္တစ္ေယာက္ သူမကို အင္မတန္ျမတ္နိုးတဲ့ ခင္ပြန္းေကာင္းနဲ့ ဖူးစာဆံုခဲ့ရလို့ အားလံုးက ဝမ္းသာေနၾကတာပဲ ျဖစ္ပါတယ္။ အိမ့္ခ်စ္ရဲ့မိခင္ၾကီးကလည္း

သူမတစ္ေယာက္တည္းအားနဲ့ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ သမီးေလးအခုလို အိမ္ေထာင္က်သြားတဲ့အခါမွာ ဝမ္းသာဝမ္းနည္းျဖစ္ရေၾကာင္း အခုလိုပဲ ေျပာျပထားပါတယ္။ “ဒီေန႔မွာဘဝကို စိတ္ေအးခ်မ္းစြာနဲ႔ aက်နပ္ေပ်ာ္ရႊင္ခဲ့ပါတယ္။ လူေတြကေမးၾကတယ္ သမီးေလးအိမ္ေထာင္ျပဳျပီဆိုေတာ့ငိုေနလားဝမ္းနည္းေနလားႏွေမ်ာေနလားတဲ့။ ငိုခဲ့ပါတယ္။ ဝမ္းနည္းခဲ့ပါတယ္။ ႏွေမ်ာခဲ့ပါတယ္။ မိဘ

တို႔ထံုးစံအတိုင္းေပါ့… သို႔ေသာ္ မိဘေပၚသိတတ္ေသာသားသမီးမ်ားကို ပိုင္ဆိုင္ထားသည္မို႔ ဘယ္ေသာအခါမွ အနာဂတ္အတြက္ဝမ္းနည္းစရာမလိုခဲ့ပါဘူး။ ဒါေၾကာင့္ဒီေန႔စိတ္ေအးခ်မ္းေပ်ာ္ရႊင္ရတယ္ဆိုတာထက္ ေက်နပ္ခဲ့တာကိုယ့္ကိုကိုယ္။ အေမတေယာက္ရဲ႕တာဝန္အဆံုးထိ

တိုင္ေက်ပြန္ႏိူင္ခဲ့လို႔ေက်နပ္တယ္။” “လက္ေျပာင္းလႊဲလက္ထဲထည့္ေပးလိုက္ရတဲ့သားေလးကလည္း သမီးအေပၚ ျမတ္ႏိုးျခင္း၊ သည္းခံစိတ္႐ွည္ျခင္းမ်ားနဲ႔ ေအးခ်မ္းမႈ႐ွိတဲ့သူ လက္ထဲစိတ္ခ်စြာထည့္ေပးႏိူင္တဲ့အထိ အေမတာဝန္ေက်ပြန္ခဲ့လို႔ပါပဲ။ ကိုယ့္သမီးေလးကိုတန္ဖိုးထားခံခဲ့ရလို႔ပါပဲ။ တစ္ေကာင္ထဲပဲ ဒါေပမယ့္ ျခေသၤ့ပါ။ ရြက္မ႐ွိတက္နဲ႔ေလွာ္ခဲ့တယ္။ တက္မ႐ွိလက္နဲ႔ေလွာ္၍

လိုရာပန္းတိုင္ေရာက္ေအာင္လွမ္းခဲ့တဲ့တဲ့ ငါဟဲ့ဘုရင္မ” ဆိုျပီး သမီးျဖစ္သူ အိမ့္ခ်စ္အတြက္ ဝမ္းသာေၾကာင္း ေျပာထားပါတယ္။ အိမ့္ခ်စ္ရဲ့ မိခင္နဲ့ ဦးခ်စ္ေကာင္းတုိ့ကေတာ့ အိမ့္ခ်စ္ အသက္ (၁၄)နွစ္မွာကတည္းက အိမ္ေထာင္ေရးျပိဳကြဲခဲ့ၾကျပီး အိမ့္ခ်စ္ရဲ့မိခင္တစ္ေယာက္တည္းက သားသမီးေတြကို ဒီေန့ဒီအခ်ိန္ထိ ျပဳစုေစာင့္ေရွာက္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အိမ့္ခ်စ္မိခင္ရဲ့ စကားေၾကာင့္ အိမ့္ခ်စ္အတြက္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။

Read in UNICODE

အိမ့်ချစ်ကတော့ ဒီကနေ့ ဇွန်လ(၆)ရက်နေ့မှာ သူမဘဝကို နွေးထွေးလုံခြုံစေမယ့် ချစ်သူလေးနဲ့ လက်ထပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက မပြည့်မစုံပဲ မိသားစုတာဝန်တွေကို ထမ်းပိုးလာရတဲ့ အိမ့်ချစ်တစ်ယောက် သူမကို အင်မတန်မြတ်နိုးတဲ့ ခင်ပွန်းကောင်းနဲ့ ဖူးစာဆုံခဲ့ရလို့ အားလုံးက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ရဲ့မိခင်ကြီးကလည်း

သူမတစ်ယောက်တည်းအားနဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ သမီးလေးအခုလို အိမ်ထောင်ကျသွားတဲ့အခါမှာ ဝမ်းသာဝမ်းနည်းဖြစ်ရကြောင်း အခုလိုပဲ ပြောပြထားပါတယ်။ “ဒီနေ့မှာဘဝကို စိတ်အေးချမ်းစွာနဲ့ aကျနပ်ပျော်ရွှင်ခဲ့ပါတယ်။ လူတွေကမေးကြတယ် သမီးလေးအိမ်ထောင်ပြုပြီဆိုတော့ငိုနေလားဝမ်းနည်းနေလားနှမျောနေလားတဲ့။ ငိုခဲ့ပါတယ်။ ဝမ်းနည်းခဲ့ပါတယ်။ နှမျောခဲ့ပါတယ်။ မိဘ

တို့ထုံးစံအတိုင်းပေါ့… သို့သော် မိဘပေါ်သိတတ်သောသားသမီးများကို ပိုင်ဆိုင်ထားသည်မို့ ဘယ်သောအခါမှ အနာဂတ်အတွက်ဝမ်းနည်းစရာမလိုခဲ့ပါဘူး။ ဒါကြောင့်ဒီနေ့စိတ်အေးချမ်းပျော်ရွှင်ရတယ်ဆိုတာထက် ကျေနပ်ခဲ့တာကိုယ့်ကိုကိုယ်။ အမေတယောက်ရဲ့တာဝန်အဆုံးထိ

တိုင်ကျေပွန်နိူင်ခဲ့လို့ကျေနပ်တယ်။” “လက်ပြောင်းလွှဲလက်ထဲထည့်ပေးလိုက်ရတဲ့သားလေးကလည်း သမီးအပေါ် မြတ်နိုးခြင်း၊ သည်းခံစိတ်ရှည်ခြင်းများနဲ့ အေးချမ်းမှုရှိတဲ့သူ လက်ထဲစိတ်ချစွာထည့်ပေးနိူင်တဲ့အထိ အမေတာဝန်ကျေပွန်ခဲ့လို့ပါပဲ။ ကိုယ့်သမီးလေးကိုတန်ဖိုးထားခံခဲ့ရလို့ပါပဲ။ တစ်ကောင်ထဲပဲ ဒါပေမယ့် ခြင်္သေ့ပါ။ ရွက်မရှိတက်နဲ့လှော်ခဲ့တယ်။ တက်မရှိလက်နဲ့လှော်၍

လိုရာပန်းတိုင်ရောက်အောင်လှမ်းခဲ့တဲ့တဲ့ ငါဟဲ့ဘုရင်မ” ဆိုပြီး သမီးဖြစ်သူ အိမ့်ချစ်အတွက် ဝမ်းသာကြောင်း ပြောထားပါတယ်။ အိမ့်ချစ်ရဲ့ မိခင်နဲ့ ဦးချစ်ကောင်းတို့ကတော့ အိမ့်ချစ် အသက် (၁၄)နှစ်မှာကတည်းက အိမ်ထောင်ရေးပြိုကွဲခဲ့ကြပြီး အိမ့်ချစ်ရဲ့မိခင်တစ်ယောက်တည်းက သားသမီးတွေကို ဒီနေ့ဒီအချိန်ထိ ပြုစုစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်မိခင်ရဲ့ စကားကြောင့် အိမ့်ချစ်အတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။

Source : War War Htoo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *