သမီးငယ်လေးအတွက် နို့ဘူးကိုယ်တိုင်ဖျော်ပေးရလို့ ပျော်နေတဲ့ အာဇာနည်
Read in UNICODE
မြန်မာနိုင်ငံရဲ့ နာမည်ကြီးပြီး လူကြိုက်များတဲ့ အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော် အာဇာနည်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို အသံပါဝါအားကောင်းကောင်းနဲ့ လိုက်ဖက်လွန်းတဲ့ အသည်းကွဲသီချင်းများနဲ့ သိမ်းပိုက်ထားသူပဲဖြစ်ပါတယ်.။ တစ်ပုဒ်ဆို
ဆိုသလောက်ကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်.။ အာဇာနည်ကတော့ မော်ဒယ် ဝမ်းနဲ့ အိမ်ထောင်ကျခဲ့ပြီး သားနှစ်ယောက် နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ကာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ.။ လိမ္မာပြီး သိတတ်တဲ့ သားနှစ်ယောက်ကြောင့်လည်း
ပျော်ရွှင်ကြည်နူးနေရတဲ့ အာဇာနည်ကတော့ မေလ (၁၄)ရက်နေ့မှာ တတိယရင်သွေးချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။. သမီးလိုချင်ခဲ့တဲ့ သူ့ရဲ့ ဆန္ဒလေးတွေပြည့် ကာ ချစ်မဝဖြစ်နေတဲ့ အကြောင်းလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်.။ ဇွန်လ (၅)ရက်နေ့မှာတော့ ချစ်ရတဲ့ သမီးလေးအတွက် နို့ဘူး ကိုယ်တိုင် ဖျော်ပေးရလို့ ပျော်ရွှင်နေတဲ့
ဗီဒီယိုဖိုင်လေးကို “Friday” ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ သမီးလေးအတွက် အာဟာရဖြစ်စေမယ့် နိုးဘူးလေးကိုကိုယ်တိုင် သေချာဖျော်ပေးရလို့ အာဇာနည်ကတော့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းတဲ့ သမီးငယ်လေးအတွက် နိုးဘူးကိုယ်တိုင်ဖျော်ကာ ပျော်ရွှင်နေတဲ့ အာဇာနည်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source : Zarni Myo Nyunt’s Facebook
Add a Comment
Your email address will not be published. Required fields are marked *