အေဖျဖစ္သူ ကြယ္လြန္သြားတာ(၁၀)ႏွစ္ျပည့္တဲ့ေန႔မွာ အိမ္ေျခမဲ့ေတြအတြက္ မိုးရာသီ ခိုလွံုဖို႔ ထီးေတြ လွဴဒါန္းသြားမယ္ဆိုတဲ့ Sinon Loresca

ဖိလစ္ပိုင္လူမ်ိဳး Catwalk ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Sinon Loresca က ျမန္မာနိုင္ငံကို ပထမဦးဆုံး စတင္ေရာက္ရွိစဥ္ကတည္းက ပရဟိတလုပ္ငန္းမ်ား လုပ္ကိုင္ရင္း ျမန္မာပရိသတ္ အခိုင္အမာ ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ခ်ိဳ့တဲ့တဲ့ဘဝကို ျဖတ္သန္းလာရသူပီပီ Sinon က သူတစ္ပါးအေပၚ ကူညီခ်င္စိတ္အျပည့္ရိွျပီး

ေမတၱာထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီေန့မွာလည္း Sinon က ဖခင္ကြယ္လြန္ျခင္း (၁၀)နွစ္ျပည့္တဲ့ေန့ေလးမွာ အိမ္ေျခရာမဲ့ေတြအတြက္ မိုးရာသီမွာခိုလႈံရာျဖစ္တဲ့ ထီးေလးေတြလွဴဒါန္းမယ့္အေၾကာင္းကို ေျပာထားပါတယ္။ “မိုးရာသီလည္းနီးလားပီဆိုေတာ့ အခုက်ေတာ္ကေတာ့

က်ေတာ္ခ်စ္ရတဲ့ အိမ္ေျခရာမဲ့ မိသားစုနဲ႔ လူေတြအတြက္ ထီးေလးေတြ လွဴဒါန္းသြားမွာျဖစ္ပါတယ္။ ျပီးေတာ့ဒီေန႔က ကၽြန္ေတာ္ အေဖဆုံးတာ ဆယ္ႏွစ္ျပည့္ တာျဖစ္တဲ့အတြက္အေဖ့အတြက္ရည္စူးကာလႉဒါန္းျခင္းဘဲ ျဖစ္ပါတယ္။ကၽြန္ေတာ့အေဖက ကၽြန္ေတာ့ကို အၿမဲတမ္း လူတစ္ဖက္သားကိုၾကင္နာတတ္ဖို႔ ကိုယ္ကို

ကိုယ္အေကာင္းဆုံးေနထိုင္တတ္ေအာင္သင္ၾကားေပးခဲ့ပါတယ္။ ေက်းဇူးပါ အေဖ။ အေဖက ကၽြန္ေတာ့အတြက္ေတာ့ကမာၻေပၚမွာအေကာင္းဆုံး ဖခင္တစ္ဦးပါ။”ဆိုျပီး ေျပာထားပါတယ္။ Sinon Loresca ကေတာ့ သူ့ရဲ့ ဖခင္ကြယ္လြန္ျခင္း (၁၀)နွစ္ျပည့္မွာ မိုးရာသီအတြက္ ခိုလႈံရာျဖစ္တဲ့ ထီးေလးေတြကို လွဴဒါန္းမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း Sinon Loresca အတြက္ သာဓုေခၚေပးၾကပါဦးေနာ္။

Read in UNICODE

ဖိလစ်ပိုင်လူမျိုး Catwalk မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်ရောက်ရှိစဉ်ကတည်းက ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း မြန်မာပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ချို့တဲ့တဲ့ဘဝကို ဖြတ်သန်းလာရသူပီပီ Sinon က သူတစ်ပါးအပေါ် ကူညီချင်စိတ်အပြည့်ရှိပြီး

မေတ္တာထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း Sinon က ဖခင်ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်တဲ့နေ့လေးမှာ အိမ်ခြေရာမဲ့တွေအတွက် မိုးရာသီမှာခိုလှုံရာဖြစ်တဲ့ ထီးလေးတွေလှူဒါန်းမယ့်အကြောင်းကို ပြောထားပါတယ်။ “မိုးရာသီလည်းနီးလားပီဆိုတော့ အခုကျတော်ကတော့

ကျတော်ချစ်ရတဲ့ အိမ်ခြေရာမဲ့ မိသားစုနဲ့ လူတွေအတွက် ထီးလေးတွေ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ပြီးတော့ဒီနေ့က ကျွန်တော် အဖေဆုံးတာ ဆယ်နှစ်ပြည့် တာဖြစ်တဲ့အတွက်အဖေ့အတွက်ရည်စူးကာလှူဒါန်းခြင်းဘဲ ဖြစ်ပါတယ်။ကျွန်တော့အဖေက ကျွန်တော့ကို အမြဲတမ်း လူတစ်ဖက်သားကိုကြင်နာတတ်ဖို့ ကိုယ်ကို

ကိုယ်အကောင်းဆုံးနေထိုင်တတ်အောင်သင်ကြားပေးခဲ့ပါတယ်။ ကျေးဇူးပါ အဖေ။ အဖေက ကျွန်တော့အတွက်တော့ကမ္ဘာပေါ်မှာအကောင်းဆုံး ဖခင်တစ်ဦးပါ။”ဆိုပြီး ပြောထားပါတယ်။ Sinon Loresca ကတော့ သူ့ရဲ့ ဖခင်ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်မှာ မိုးရာသီအတွက် ခိုလှုံရာဖြစ်တဲ့ ထီးလေးတွေကို လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း Sinon Loresca အတွက် သာဓုခေါ်ပေးကြပါဦးနော်။

Source : Sinon Loresca’s Facebook

Add a Comment

Your email address will not be published. Required fields are marked *