အခ်ိန္အေတာ္ၾကာ လက္တြဲခဲ့တဲ့ ခ်စ္သူနဲ႔ ယေန႕ မဂၤလာလက္မွတ္ေရးထိုး ေရႊလက္တြဲလိုက္ၿပီျဖစ္တဲ့ အဆိုေတာ္ ထိုက္ထိုက္

ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈမ်ားစြာကို Melodyworld သီခ်င္းဆိုၿပိဳင္ပြဲႀကီးမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ အဆိုေတာ္ထိုက္ထိုက္ကေတာ့ အႏုပညာအလုပ္ေတြနဲ႔ေဝးကြာေနတဲ့ အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ တစ္ကိုယ္ေတာ္

သီခ်င္းေလးေတြ ထြက္ရွိခဲ့တဲ့ သူမကေတာ့ ယခုမွာ ခ်စ္ရတဲ့ ခ်စ္သူနဲ႔အတူ ေအးခ်မ္းသာယာၿပီး ၾကည္ႏူးစရာေကာင္းတဲ့ ခ်စ္သူဘဝေလးကို ျဖတ္သန္းလ်က္ရွိေနတာပဲျဖစ္ပါတယ္။ယေန႔ ဇြန္လ၆ရက္ေန႔ေလးမွာေတာ့ အဆိုေတာ္ထိုက္ထိုက္တစ္ေယာက္

အခ်ိန္အေတာ္ၾကာလက္တြဲလာကာ ခ်စ္ရတဲ့ ခ်စ္သူနဲ႔အတူ ေ႐ႊလက္တြဲလိုက္ၿပီျဖစ္ၿပီး ယေန႔မွာ မဂၤလာလက္မွတ္ေရးထိုးလိုက္ၾကၿပီျဖစ္ပါတယ္။သူမတို႔ စုံတြဲကို အားေပးတဲ့ ပရိသတ္ေတြနဲ႔ ခ်စ္ခင္ရင္းႏွီးၾကတဲ့ သူငယ္ခ်င္းေတြ မိတ္ေဆြေတြက

သက္ဆုံးတိုင္လက္တြဲၿပီး ေပ်ာ္႐ႊင္စြာေပါင္းဖက္ႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးထားၾကပါတယ္။ သူမကေတာ့ ” ကိုေတြ ေမာင္ေတြ သဲေတြ ခ်စ္ေတြ မေခၚျဖစ္ဖူး။ သူက က်မကို “ သမီးလုံး “ တဲ့ ။ က်မ က သူ႔ကို “ ကိုကိုေမေမ “

တဲ့ ။ က်မရဲ႕ အကို ။က်မ ရဲ႕ မိန္းကေလးသူငယ္ခ်င္း ။က်မရဲ႕ အမ ။က်မရဲ႕ ခ်စ္သူ ။ အခုေတာ့ က်မရဲ႕ လင္ေယာက်ာ္း ….. ။ လက္တြဲေဖာ္အစစ္သီခ်င္းေလးရဲ႕ intro မွာ သူက်မကို ေျပာခဲ့တဲ့စကားေလးက သက္ေသပဲ “ဆိုၿပီး ၾကည္ႏူးစရာ​ေကာင္းတဲ့ ပုံရိပ္ေလးေတြနဲ႔အတူ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

Read in UNICODE

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာကို Melodyworld သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်ထိုက်ထိုက်ကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ကိုယ်တော်

သီချင်းလေးတွေ ထွက်ရှိခဲ့တဲ့ သူမကတော့ ယခုမှာ ချစ်ရတဲ့ ချစ်သူနဲ့အတူ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ ချစ်သူဘဝလေးကို ဖြတ်သန်းလျက်ရှိနေတာပဲဖြစ်ပါတယ်။ယနေ့ ဇွန်လ၆ရက်နေ့လေးမှာတော့ အဆိုတော်ထိုက်ထိုက်တစ်ယောက်

အချိန်အတော်ကြာလက်တွဲလာကာ ချစ်ရတဲ့ ချစ်သူနဲ့အတူ ရွှေလက်တွဲလိုက်ပြီဖြစ်ပြီး ယနေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။သူမတို့ စုံတွဲကို အားပေးတဲ့ ပရိသတ်တွေနဲ့ ချစ်ခင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေက

သက်ဆုံးတိုင်လက်တွဲပြီး ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားကြပါတယ်။ သူမကတော့ ” ကိုတွေ မောင်တွေ သဲတွေ ချစ်တွေ မခေါ်ဖြစ်ဖူး။ သူက ကျမကို “ သမီးလုံး “ တဲ့ ။ ကျမ က သူ့ကို “ ကိုကိုမေမေ “

တဲ့ ။ ကျမရဲ့ အကို ။ကျမ ရဲ့ မိန်းကလေးသူငယ်ချင်း ။ကျမရဲ့ အမ ။ကျမရဲ့ ချစ်သူ ။ အခုတော့ ကျမရဲ့ လင်ယောကျာ်း ….. ။ လက်တွဲဖော်အစစ်သီချင်းလေးရဲ့ intro မှာ သူကျမကို ပြောခဲ့တဲ့စကားလေးက သက်သေပဲ “ဆိုပြီး ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : Htike Htike Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *