ေဖစ့္ဘုတ္ ဆယ္လီ ေနဆန္းနဲ႔အတူ ႐ိုမန္႔တစ္ဆန္တဲ့ စံုတြဲသီခ်င္းေလး ႐ိုက္ကူးေနတယ္ဆိုတဲ့ ပိုပို

ပိုပိုကေတာ့ သူမရဲ့ ပထမဦးဆံုးအယ္လ္ဘမ္ျဖစ္တဲ့ “ခ်စ္ဖူးခဲ့သမွ်” အေခြနဲ့ ေအာင္ျမင္မႈေတြ အၾကီးအက်ယ္ရရိွခဲ့တာ ျဖစ္ပါတယ္။ ပိုပိုက ပရိသတ္ရင္ဘတ္နဲ့ တစ္ထပ္တည္းက်တဲ့ သီခ်င္းေလးေတြကို သီဆိုခဲ့ရင္း တစ္နိုင္ငံလံုးရဲ့ အားေပးမႈကို

အျပည့္အဝခံယူေနလ်က္ရိွပါတယ္။ လက္ရိွမွာလည္း ပိုပိုက သူမပရိသတ္ေတြအတြက္ သီခ်င္းအသစ္ေတြကို အျမဲတမ္းခ်ျပနိုင္ဖို့ ၾကိဳးစားေနလ်က္ရိွပါတယ္။ ဒီကေန့မွာလည္း ပိုပိုက သူမရဲ့ “ေျဖ”ဆိုတဲ့ သီခ်င္း MV ေလးကို ေဖ့စ္ဘုတ္ဆယ္လီ

ေနဆန္းနဲ့အတူတူ ရိုက္ကူးေနတာကို ေတြ့ရပါတယ္။ ထို MV ေလးမွာ ပိုပိုနဲ့ ေနဆန္းကို အရမ္းခ်စ္ၾကတဲ့ ခ်စ္သူစံုတြဲေတြအျဖစ္ Romantic ဆန္ဆန္ သရုပ္ေဆာင္ေနၾကတာကို ပရိသတ္ၾကီးလည္း ေတြ့ျမင္ရမွာပါ။ ေဖ့စ္ဘုတ္ဆယ္လီ ေနဆန္းကေတာ့

အရင္ကတည္းက ပရိသတ္ေတြၾကားမွာ ေနရာတစ္ေနရာ ရရိွထားတာမို့ ပိုပိုရဲ့ သီခ်င္းေလးမွာလည္း အေကာင္းဆံုး သရုပ္ေဆာင္နိုင္မယ္လို့ ယံုၾကည္ပါတယ္။ ပရိသတ္ၾကီးလည္း ေနဆန္းနဲ့ပိုပို သရုပ္ေဆာင္ထားတဲ့ “ေျဖ” သီခ်င္း MV ေလးထြက္ရိွလာရင္ အားေပးၾကပါဦးေနာ္။

Read in UNICODE

ပိုပိုကတော့ သူမရဲ့ ပထမဦးဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “ချစ်ဖူးခဲ့သမျှ” အခွေနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပိုပိုက ပရိသတ်ရင်ဘတ်နဲ့ တစ်ထပ်တည်းကျတဲ့ သီချင်းလေးတွေကို သီဆိုခဲ့ရင်း တစ်နိုင်ငံလုံးရဲ့ အားပေးမှုကို

အပြည့်အဝခံယူနေလျက်ရှိပါတယ်။ လက်ရှိမှာလည်း ပိုပိုက သူမပရိသတ်တွေအတွက် သီချင်းအသစ်တွေကို အမြဲတမ်းချပြနိုင်ဖို့ ကြိုးစားနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ပိုပိုက သူမရဲ့ “ဖြေ”ဆိုတဲ့ သီချင်း MV လေးကို ဖေ့စ်ဘုတ်ဆယ်လီ

နေဆန်းနဲ့အတူတူ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ထို MV လေးမှာ ပိုပိုနဲ့ နေဆန်းကို အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတွေအဖြစ် Romantic ဆန်ဆန် သရုပ်ဆောင်နေကြတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပါ။ ဖေ့စ်ဘုတ်ဆယ်လီ နေဆန်းကတော့

အရင်ကတည်းက ပရိသတ်တွေကြားမှာ နေရာတစ်နေရာ ရရှိထားတာမို့ ပိုပိုရဲ့ သီချင်းလေးမှာလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းနဲ့ပိုပို သရုပ်ဆောင်ထားတဲ့ “ဖြေ” သီချင်း MV လေးထွက်ရှိလာရင် အားပေးကြပါဦးနော်။

Source : Po Po’s Facebook

Add a Comment

Your email address will not be published. Required fields are marked *