သရုပ်ဆောင် အသစ်(၂၆)ယောက်တောင် ပါဝင်ထားတဲ့ Yangon In Love ရုပ်ရှင်ဇာတ်ကားကြီးကို အကြီးကြီး မျှော်လင့်ထားတယ်ဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး
Read in UNICODE
ပရိသတ်ကြီးရေ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ အသစ်အသစ်သောဖန်တီးမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဒါရိုက်တာတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။အသက်ငယ်ငယ်လေးနဲ့ ရိုက်ကူးတဲ့ဇာတ်ကားတိုင်းအောင်မြင်အောင်ရိုက်ကူးနိုင်တဲ့ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “၂၀၁၄ ကနေ အခု ၂၀၂၀ နှစ်စ အထိ ၆ နှစ်‌ကျော် ကာလမှာ ၃
နှစ်တိတိသော အချိန်တွေကို သရုပ်ဆောင်အသစ်တွေကို လေ့ကျင့်ပေးတာ နဲ့ ဖြတ်သန်းတယ်။ ကျတာ့်ရဲ့ တခြားအနုပညာအလုပ်တွေပါ ရပ်ပြီး ကို Training လုပ်တာ။ ပြောရရင် တော့ အချိန်တွေ အများကြီး ။ အပြင်လူအနေနဲ့ ကြည့်ရင် အံ့ဩစရာကြီး ။ဒါပေမယ့် ကျတော်ပေးခဲ့တဲ့ အချိန်တိုင်းဟာ ထိုက်တန်ပါတယ်။ တယောက်ချင်းစီ အသိအမှတ်ပြုခံရတာအတွက်လဲ
ကြည်နူးပါတယ်။ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူကျေနပ်ပါတယ်။ ပထမဆုံး ရုပ်ရှင် ည မှာ သရုပ်ဆောင်သစ် ၁၀ ယောက် နဲ့ ပွဲထွက်တယ်။ သူစိမ်းအိမ်မှာ အသစ် ၄ ယောက်၊ လရဲ့ အောက်ဘက် မိုင်အဝေးမှာ အသစ် ၃ ယောက် ။အခု ၄ ကားမြောက် ရုပ်ရှင် Yangon In Love မှာ တော့ အသစ်တွေ ချည်း ခေါင်းဆောင်ပါဝင်ပြီး နောက်ထပ် အနုပညာဖန်တီးမှုတခု ကို
ထပ်လုပ်ပါတယ်။ အဓိက သရုပ်ဆောင် အသစ် ၈ ယောက် အပါအဝင် အရေးကြီး ဇာတ်ကောင်များမှာ သရုပ်ဆောင် အသစ် ၂၆ ယောက် ပါပါတယ်။ကျတော့်ရဲ့ နောက်ထပ် မျှော်လင့်ချက်တခုပါ။ မျှော်လင့်ချက် အကြီးကြီး ။ အိပ်မက် အကြီးကြီး။ရင်ခုန်တယ် Yangon In Love ” ဆိုတဲ့ စာလေးနဲ့ ပြောပြလာတာပါ။ ပရိသတ်ကြီးလည်း Yangon In Love ရုပ်ဇာတ်ကားကြီးကိုကြည့်ချင်နေကြပြီဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : Htoo Paing Zaw Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *