လက္ထပ္သြားၿပီျဖစ္တဲ့ အိမ့္ခ်စ္အတြက္ မဂၤလာဆုမြန္ေကာင္းစကားေလး ေျပာေပးခဲ့တဲ့ ေမခလာ

ပရိသတ္ခ်စ္ခင္ အားေပးတဲ့ နာမည္ႀကီးအဆုိေတာ္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ အဆိုေတာ္ ေမခလာကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ေမခလာကေတာ့ အသံအားေကာင္းေကာင္းနဲ႕ သီဆိုတတ္ၿပီး စင္ေပၚတက္ သီခ်င္းဆိုရတိုင္း လန္းဆန္း တက္ၾကြေနတတ္တဲ့သူပဲျဖစ္ပါတယ္.။ အဆုိေကာင္းသလို ပြင့္ပြင့္လင္းလင္းနဲ႕ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေမခလာရဲ႕ စိတ္ကေလးကို ပရိသတ္ေတြက ခ်စ္ျမတ္နိုးေနရတယ္လို႕ ဆုိရင္ မွားမယ္ မထင္ပါဘူးေနာ္.။ ဒီေန႕ ဇြန္လ (၆)ရက္ေန႕မွာေတာ့

ေမခလာက ငယ္ငယ္ေလးကတည္းက ကေလးေလးလို ခ်စ္ခင္လာခဲ့ရတဲ့ အဆိုေတာ္ အိမ့္ခ်စ္ရဲ႕ မဂၤလာသတင္းေၾကာင့္ မဂၤလာဆုမြန္ေကာင္းစကားေလးကို “ကိုယ့္စိတ္ထဲမွာ ခေလးေလးလို႔ပဲထင္ေနေသးတယ္။ ဩဇီ ကို အတူ သြားခဲ့ၾကတုန္းက သမီးက လက္ထပ္ေတာ့မယ္လို႔ ေျပာခဲ့တယ္။ အဲ့ဒီတုန္းက ခ်စ္ငယ္က မယူပါနဲ႔အံုးသမီးရယ္ ငယ္ပါေသးတယ္လို႔ ေျပာခဲ့တယ္။ သမီးက ဟာ ခ်စ္ငယ္ ကလဲ သမီး မငယ္ေတာ့ ဘူး။ အသက္(၃၀) ျပည့္ေတာ့မယ္တဲ့။ အင္းဟုတ္သားပဲ သူေျပာတာမွန္သားပဲ။ ကိုယ့္စိတ္ထဲမွာ သူ႔ကိုခေလးပဲထင္မိ့ခဲ့တာကိုး။ ႏွေျမာတဲ့စိတ္ေၾကာင့္ ေျပာမိ့ေပမဲ့ အခ်ိန္တန္ ရင္ ဒီလိုပဲ ႀကံဳေတြ႕ ရမွာပဲ

အမွန္ေတြကို လက္ခံမိတယ္။ ကိုယ္ေတြတုန္းကလည္း သူ႔ ထက္ေတာင္ငယ္ေသးေလ ကိုယ္မတရားေျပာမိ ေလသလားလို႔ ။ သားနဲ႔ ေတြ႕တဲ့ အခ်ိန္မွာလည္း လူရည္သန္႔ လူေကာင္း အိမ့္ခ်စ္ေပၚမွာ တကယ္ခ်စ္တာ တန္ဖိုးထားတာေတြ႕ရလို႔ သမီး ကံေကာင္းမွာပါ။ ခ်စ္ေမ” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္။ အိမ့္ခ်စ္တို႕ ခ်စ္သူနွစ္ဦးကေတာ့ ယေန႕မွာပဲ ႏွစ္ဖက္မိဘမ်ားေရွ႕ေမွာက္မွာ နွစ္ဦးသေဘာတူ လက္ထပ္စာခ်ဳပ္မွာ ေရးထိုးခဲ့ၾကၿပီးျဖစ္ပါတယ္ေနာ္.ပရိသတ္ႀကီး။ ပရိသတ္ႀကီးလည္း ယေန႕မွာ အၾကင္လင္မယားျဖစ္သြားၾကၿပီျဖစ္တဲ့ အိမ့္ခ်စ္တို႕ ဇနီးေမာင္နွံအတြက္ မဂၤလာဆုမြန္ေကာင္းစကားေလးေတြ ေျပာေပးခဲ့ပါဦးေနာ္.။

Read in UNICODE

ပရိသတ်ချစ်ခင် အားပေးတဲ့ နာမည်ကြီးအဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော် မေခလာကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မေခလာကတော့ အသံအားကောင်းကောင်းနဲ့ သီဆိုတတ်ပြီး စင်ပေါ်တက် သီချင်းဆိုရတိုင်း လန်းဆန်း တက်ကြွနေတတ်တဲ့သူပဲဖြစ်ပါတယ်.။ အဆိုကောင်းသလို ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်တဲ့ မေခလာရဲ့ စိတ်ကလေးကို ပရိသတ်တွေက ချစ်မြတ်နိုးနေရတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူးနော်.။ ဒီနေ့ ဇွန်လ (၆)ရက်နေ့မှာတော့

မေခလာက ငယ်ငယ်လေးကတည်းက ကလေးလေးလို ချစ်ခင်လာခဲ့ရတဲ့ အဆိုတော် အိမ့်ချစ်ရဲ့ မင်္ဂလာသတင်းကြောင့် မင်္ဂလာဆုမွန်ကောင်းစကားလေးကို “ကိုယ့်စိတ်ထဲမှာ ခလေးလေးလို့ပဲထင်နေသေးတယ်။ ဩဇီ ကို အတူ သွားခဲ့ကြတုန်းက သမီးက လက်ထပ်တော့မယ်လို့ ပြောခဲ့တယ်။ အဲ့ဒီတုန်းက ချစ်ငယ်က မယူပါနဲ့အုံးသမီးရယ် ငယ်ပါသေးတယ်လို့ ပြောခဲ့တယ်။ သမီးက ဟာ ချစ်ငယ် ကလဲ သမီး မငယ်တော့ ဘူး။ အသက်(၃၀) ပြည့်တော့မယ်တဲ့။ အင်းဟုတ်သားပဲ သူပြောတာမှန်သားပဲ။ ကိုယ့်စိတ်ထဲမှာ သူ့ကိုခလေးပဲထင်မိ့ခဲ့တာကိုး။ နှမြောတဲ့စိတ်ကြောင့် ပြောမိ့ပေမဲ့ အချိန်တန် ရင် ဒီလိုပဲ ကြုံတွေ့ ရမှာပဲ

အမှန်တွေကို လက်ခံမိတယ်။ ကိုယ်တွေတုန်းကလည်း သူ့ ထက်တောင်ငယ်သေးလေ ကိုယ်မတရားပြောမိ လေသလားလို့ ။ သားနဲ့ တွေ့တဲ့ အချိန်မှာလည်း လူရည်သန့် လူကောင်း အိမ့်ချစ်ပေါ်မှာ တကယ်ချစ်တာ တန်ဖိုးထားတာတွေ့ရလို့ သမီး ကံကောင်းမှာပါ။ ချစ်မေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ အိမ့်ချစ်တို့ ချစ်သူနှစ်ဦးကတော့ ယနေ့မှာပဲ နှစ်ဖက်မိဘများရှေ့မှောက်မှာ နှစ်ဦးသဘောတူ လက်ထပ်စာချုပ်မှာ ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်နော်.ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း ယနေ့မှာ အကြင်လင်မယားဖြစ်သွားကြပြီဖြစ်တဲ့ အိမ့်ချစ်တို့ ဇနီးမောင်နှံအတွက် မင်္ဂလာဆုမွန်ကောင်းစကားလေးတွေ ပြောပေးခဲ့ပါဦးနော်.။

Source : May Khalar’s Facebook

Add a Comment

Your email address will not be published. Required fields are marked *