ဓာတ်ပုံရိုက်တော့မယ်ဆို ပြုံးပြုံးလေးနဲ့ မျက်နှာပြောင်တတ်နေပြီဆိုတဲ့ ပိုးအိအိခန့်ရဲ့ သားလေး






Read in UNICODE

ပိုးအိအိခန့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ခင်ပွန်းသည်အောင်သူနဲ့ တည်ဆောက်ထားနိုင်ပြီး

ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူမကတော့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့

သားလေးကို ဂရုစိုက်နေပြီးအပြည့်အဝအချိန်ပေးနေကာ သူမရဲ့ သားလေးကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတာမို့ ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ်။ သူမရဲ့ သားလေးကတော့ ယခုမှာ မေမေကိုလိုက်ကပ်နေပြီး ဓာတ်ပုံရိုက်မယ်ဆိုတော့ ပြုံးပျော်ရွှင်စွာနဲ့ရယ်မောကာ ပိုစ့်ပေးတတ်နေပြီး

မျက်နှာပြောင်တတ်နေပြီဖြစ်ပါတယ်။ သူမကတော့ ” အမေ ဘုရားရှိခိုးနေတာကို အတင်းကပ်တက်ပြီး ဓါတ်ပုံရိုက်တော့ မျက်နှာပြောင်ပြနေသော သားတော်မောင် “ဆိုပြီး သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ

ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုးအိအိခန့်တို့သားအမိရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Poe Ei Ei Khant’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *