ဂဠဳန္ဦးေစာေနရာကေန ပါဝင္ကူညီၿပီး ေအာင္ဆန္း႐ုပ္ရွင္မွာ ႐ိုက္ေပးခ်င္ပါတယ္ ဆိုတဲ့ဆုပန္ထြာရဲ႕ခင္ပြန္း
|ခ်စ္စရာေကာင္းၿပီး သာယာခ်မ္းေျမ့ဖြယ္ေကာင္းတဲ့မိသားစုဘ၀ေလးကို တည္ေထာင္ထားၾကတဲ့ အႏုပညာရွင္ဆယ္လီမိသားစုမ်ားထဲတြင္ ဆုပန္ထြာတို႔လည္းအပါအ၀င္ျဖစ္ပါတယ္။ ဆုပန္ထြာရဲ႕ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္ဟာလည္း ဂ႐ုစိုက္ၾကင္နာတတ္တဲ့ခင္ပြန္းေကာင္းတစ္ဦးျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့

သားေလး Roar Roar Kyawကိုလည္းပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ ဥကၠာေက်ာ္ဟာ ဆုပန္ထြာရဲ႕အႏုပညာလႈပ္ရွားမႈေတြအတြက္လည္း ေနာက္ကြယ္ကေနကူညီအားျဖည့္ေပးတတ္တဲ့သူလည္းျဖစ္ပါတယ္။ မၾကာေသးမီကလည္း သူ႔ရဲ႕Facebookစာမ်က္ႏွာမွာ “အုပ္ထိန္းသူေတြ ခြင့္ျပဳမယ္ဆိုရင္… ႏိုင္ငံေတာ္အတြက္


ေမတၱာျဖင့္ အခေက်းေငြမယူပဲ ကူညီ႐ိုက္ကူးေပးခ်င္ပါတယ္။ အ႐ိုးသားဆုံးေျပာရရင္ အကယ္ဒမီေတာ့ ဇတ္ပို႔ေနရာကမွန္းပါတယ္….။ “အေ႐ြးခ်ယ္လည္း ခံခဲ့ရရင္ေပါ့ဗ်ာ။ အတည္ေရးတဲ့ Post ပါ။ တိုက္တိုက္ဆိုင္ဆိုင္ ကြၽန္ေတာ့ရဲ႕ အသက္က ၄၆ ဦးေစာ

အဲ့အခ်ိန္ ၄၆ႏွစ္ခ်င္းလည္း တိုက္ဆိုင္တယ္လို႔ၾကားသိရပါတယ္….” ဆိုၿပီးေရးသားထားပါတယ္။ ေကာမန႔္ေတြမွာလည္း ကိုဥကၠာနဲ႔သင့္ေတာ္တယ္လို႔ ပရိတ္သတ္အမ်ားစုကေရာ၊အႏုပညာရွင္အခ်င္းခ်င္းကပါ ေထာက္ခံေပးေနၾကတာပါေနာ္။ ကဲ….ပရိတ္သတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Read in UNICODE
ချစ်စရာကောင်းပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားကြတဲ့ အနုပညာရှင်ဆယ်လီမိသားစုများထဲတွင် ဆုပန်ထွာတို့လည်းအပါအဝင်ဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ဟာလည်း ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့

သားလေး Roar Roar Kyawကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဥက္ကာကျော်ဟာ ဆုပန်ထွာရဲ့အနုပညာလှုပ်ရှားမှုတွေအတွက်လည်း နောက်ကွယ်ကနေကူညီအားဖြည့်ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ “အုပ်ထိန်းသူတွေ ခွင့်ပြုမယ်ဆိုရင်… နိုင်ငံတော်အတွက်

မေတ္တာဖြင့် အခကျေးငွေမယူပဲ ကူညီရိုက်ကူးပေးချင်ပါတယ်။ အရိုးသားဆုံးပြောရရင် အကယ်ဒမီတော့ ဇတ်ပို့နေရာကမှန်းပါတယ်….။ “အရွေးချယ်လည်း ခံခဲ့ရရင်ပေါ့ဗျာ။ အတည်ရေးတဲ့ Post ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့ရဲ့ အသက်က ၄၆ ဦးစော

အဲ့အချိန် ၄၆နှစ်ချင်းလည်း တိုက်ဆိုင်တယ်လို့ကြားသိရပါတယ်….” ဆိုပြီးရေးသားထားပါတယ်။ ကောမန့်တွေမှာလည်း ကိုဥက္ကာနဲ့သင့်တော်တယ်လို့ ပရိတ်သတ်အများစုကရော၊အနုပညာရှင်အချင်းချင်းကပါ ထောက်ခံပေးနေကြတာပါနော်။ ကဲ….ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Okkar Kyaw’s Facebook | Reference & Credit : Myanmarload