ေနထူးႏိုင္မွတဆင့္ ပခုကၠဴၿမိဳ႕မွာ သစ္ပင္စိုက္ပ်ိဳးဖို႔ အလႉေငြ(၄)သိန္းတိတိ လႉဒါန္းခဲ့တဲ့ ေနတိုး

မင္းသားေခ်ာေနတိုးက ေအာင္ျမင္ေနတဲ့ ထိပ္တန္းမင္းသားတစ္လက္ပီပီ သူ့ရဲ့ရရိွသမွ် အနုပညာေၾကးေတြကို အလွဴအတန္ူေတြ ရက္ရက္ေရာေရာ ျပဳလုပ္ေလ့ရိွပါတယ္။ ေနတိုးက လတ္တေလာမွာ Covid-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္

အလွဴေငြ သိန္း(၁၀၀)ကို လွဴဒါန္းခဲ့သလို ျပည္သူေတြနဲ့ ရုပ္ရွင္အနုပညာသမားေတြအတြက္ အလွဴေငြေပါင္း သိန္း(၆၀)ေက်ာ္ကိုလည္း လွဴဒါန္းကုသိုလ္ယူထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေနတိုးက ဗီဒီယိုသရုပ္ေဆာင္

ေနထူးနိုင္ ဦးစီးေဆာင္ရြက္တဲ့ ပခုကၠဴၿမိဳ႕မွာ သစ္ပင္စိုက္ပ်ိဳးရန္အတြက္ အလွဴေငြ (၄)သိန္းတိတိကို ပါဝင္လွဴဒါန္းရင္း ကုသိုလ္ယူခဲ့တယ္လို့ ေနထူးနိုင္က သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန တဆင့္ ဝမ္းေျမာက္စြာနဲ့ ေျပာထားတာကို ေတြ့ရပါတယ္။ ေနတုိးကေတာ့

အလွဴဒါန လက္နဲ့မကြာ လွဴဒါန္းသူတစ္ေယာက္ျဖစ္ျပီး တစ္ေန့ထက္တစ္ေန့ကို ေအာင္ျမင္ၾကီးပြားလာတာ ပရိသတ္ၾကီး မ်က္ျမင္ကိုယ္ေတြ့ပါပဲ။ ေနတိုးတစ္ေယာက္ ဒီထက္မက လွဴနိုင္တန္းနိုင္ျပီး အကယ္ဒမီဆုၾကီးေတြလည္း ထပ္မံရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မင်းသားချောနေတိုးက အောင်မြင်နေတဲ့ ထိပ်တန်းမင်းသားတစ်လက်ပီပီ သူ့ရဲ့ရရှိသမျှ အနုပညာကြေးတွေကို အလှူအတန်ူတွေ ရက်ရက်ရောရော ပြုလုပ်လေ့ရှိပါတယ်။ နေတိုးက လတ်တလောမှာ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက်

အလှူငွေ သိန်း(၁၀၀)ကို လှူဒါန်းခဲ့သလို ပြည်သူတွေနဲ့ ရုပ်ရှင်အနုပညာသမားတွေအတွက် အလှူငွေပေါင်း သိန်း(၆၀)ကျော်ကိုလည်း လှူဒါန်းကုသိုလ်ယူထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေတိုးက ဗီဒီယိုသရုပ်ဆောင်

နေထူးနိုင် ဦးစီးဆောင်ရွက်တဲ့ ပခုက္ကူမြို့မှာ သစ်ပင်စိုက်ပျိုးရန်အတွက် အလှူငွေ (၄)သိန်းတိတိကို ပါဝင်လှူဒါန်းရင်း ကုသိုလ်ယူခဲ့တယ်လို့ နေထူးနိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့် ဝမ်းမြောက်စွာနဲ့ ပြောထားတာကို တွေ့ရပါတယ်။ နေတိုးကတော့

အလှူဒါန လက်နဲ့မကွာ လှူဒါန်းသူတစ်ယောက်ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ကို အောင်မြင်ကြီးပွားလာတာ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ပါပဲ။ နေတိုးတစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်ပြီး အကယ်ဒမီဆုကြီးတွေလည်း ထပ်မံရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nay Htoo Naing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *