ေစ်းေရာင္းတာနဲ႔ ပတ္သတ္ၿပီး ေဝဖန္ၾကတဲ့အေပၚ မခံစားေတာ့ဘူးဆိုတဲ့ ညီနႏၵ

သ႐ုပ္ေဆာင္ ညီနႏၵကေတာ့ COVID-19 ကာလမွာ ေထာပတ္ထမင္း ေရာင္းရင္းစီးပြားရွာေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာရွင္ေတြ ေဈးေရာင္းတာနဲ႔ ပတ္သက္ၿပီး ေဝဖန္ၾကတဲ့အေပၚ ညီနႏၵက အခုလို ေျပာလာပါတယ္။ “ ေဈးေရာင္းတာနဲ႔ ပတ္သက္ၿပီး ဦးဇာဂနာေျပာတာကို သေဘာက်တယ္။ ေဈးေရာင္းတာေလ ဓားျပတိုက္ေနတာမွ မဟုတ္တာ။ မေကာင္းတာ လုပ္ေနတာလည္း မဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ ရည္႐ြယ္ခ်က္က ခဏေရာင္းတာပဲ ျဖစ္ျဖစ္၊ တစ္သက္လုံး ေရာင္းတာပဲ ျဖစ္ျဖစ္ ခဏပဲေရာင္းေပမယ့္လည္း အစ္ကို

နာမည္က်န္ခ်င္တယ္။ ညီနႏၵေရာင္းသြားတာေလးက သန႔္ရွင္းတယ္၊ သပ္ရပ္တယ္၊ အရသာေကာင္းတယ္၊ ေဈးႏႈန္းသင့္တင့္တယ္ ဆိုတာေလးေတြကို အစ္ကို ထိန္းသိမ္းသြားမယ္။ အခုေတာ့ ဒီအလုပ္ေလးကို ေရရွည္လုပ္ဖို႔ အစ္ကို ဆုံးျဖတ္လိုက္ၿပီ။ အဓိက ကေတာ့ ကိုယ္လိပ္ျပာသန႔္ဖို႔ အေရးႀကီးတာေပါ့ေနာ္” လို႔ သူကဆိုပါတယ္။ ညီနႏၵဟာ သူ႔ဘဝမွာ ေထာပတ္ထမင္း ေရာင္းရမယ္လို႔ေတာင္ မေတြးခဲ့မိတဲ့အေၾကာင္း ေျပာျပလာပါတယ္။ သူဟာ ေအာင္ျမင္မႈရရွိခဲ့တဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ေပမယ့္ ေဈးေရာင္းရတဲ့ အလုပ္ကို ဂုဏ္ယူေနတယ္လို႔ ဆိုပါတယ္။ “ ဘယ္လိုနည္းနဲ႔မွ

ေထာပတ္ထမင္းသည္ျဖစ္လာမယ္လို႔ မေတြးမိဘူး။ ဒါေပမယ့္ ဂုဏ္ယူတယ္၊ ဝမ္းလည္း ဝမ္းသာတယ္။ အလုပ္တစ္ခု ေအာင္ျမင္ဖို႔ဆိုတာ အစစအရာရာ အကုန္လုံးျပည့္စုံဖို႔လိုတယ္။ အဓိက ကေတာ့ ဘုရား၊ တရား လုပ္တာေၾကာင့္လည္းပါတယ္။ ကိုယ့္အလုပ္အေပၚ ေစတနာထားတာကလည္း နံပါတ္(၂) ေပါ့ေနာ္။” လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ ညီနႏၵဟာ ေထာပတ္ ထမင္းေရာင္းရတဲ့ အလုပ္ကို မိသားစု စီးပြားေရးတစ္ခုအျဖစ္ တစိုက္မတ္မတ္ လုပ္ေဆာင္လာတာ ေတြ႕ရပါတယ္။ မၾကာခင္မွာ

ေထာပတ္ထမင္းကို ကိုယ္ပိုင္ အမည္ေပးဖို႔လည္း စီစဥ္ေနၿပီလို႔ သူက ဆိုပါတယ္။ “အစ္ကိုဆိုရင္ တစ္ခါတေလ တစ္ေန႔လုံးမွ အိပ္ခ်ိန္(၄) နာရီပဲရွိတယ္။ ေတာ္ေတာ္ပင္ပန္းေတာ့မွသာ ေန႔လယ္ပိုင္းေလး ခဏ အိပ္ျဖစ္တာ။ အိပ္ေရးပ်က္ေပမယ့္လည္း ဘုရားရွိခိုးရမယ့္ အခ်ိန္လုံးဝ မပ်က္ဘူး။ ေထာပတ္ထမင္းေလးကို ေရရွည္ေရာင္းသြားမွာျဖစ္လို႔ နာမည္ေပးဖို႔လည္း စဥ္းစားထားၿပီးပါၿပီ။ Logo ေလးနဲ႔တကြ မၾကာခင္မွာ မိတ္ဆက္ေပးသြားဖို႔ အစီအစဥ္ရွိပါတယ္” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။ ညီနႏၵကိုေတာ့

ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈ ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူဟာ စီးပြားေရးဘက္ကို ဦးစားေပးလိုက္တဲ့ အခ်ိန္မွာ အႏုပညာေလာကနဲ႔ ၃ ႏွစ္ေက်ာ္ ေဝးကြာသြားတယ္လို႔လည္း သိရပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းက အႏွစ္ ၂၀ ေက်ာ္ ရပ္တည္ လွ်က္ ရွိပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရတာကိုလည္း ေတြ႕ရပါတယ္။ အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္လာခ်ိန္မွာ သူ႔ကို လက္တြဲေခၚယူခဲ့တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ခင္လႈိင္ကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္းေတြကို သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။

Read in UNICODE

သရုပ်ဆောင် ညီနန္ဒကတော့ COVID-19 ကာလမှာ ထောပတ်ထမင်း ရောင်းရင်းစီးပွားရှာနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာရှင်တွေ ဈေးရောင်းတာနဲ့ ပတ်သက်ပြီး ဝေဖန်ကြတဲ့အပေါ် ညီနန္ဒက အခုလို ပြောလာပါတယ်။ “ ဈေးရောင်းတာနဲ့ ပတ်သက်ပြီး ဦးဇာဂနာပြောတာကို သဘောကျတယ်။ ဈေးရောင်းတာလေ ဓားပြတိုက်နေတာမှ မဟုတ်တာ။ မကောင်းတာ လုပ်နေတာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်က ခဏရောင်းတာပဲ ဖြစ်ဖြစ်၊ တစ်သက်လုံး ရောင်းတာပဲ ဖြစ်ဖြစ် ခဏပဲရောင်းပေမယ့်လည်း အစ်ကို

နာမည်ကျန်ချင်တယ်။ ညီနန္ဒရောင်းသွားတာလေးက သန့်ရှင်းတယ်၊ သပ်ရပ်တယ်၊ အရသာကောင်းတယ်၊ ဈေးနှုန်းသင့်တင့်တယ် ဆိုတာလေးတွေကို အစ်ကို ထိန်းသိမ်းသွားမယ်။ အခုတော့ ဒီအလုပ်လေးကို ရေရှည်လုပ်ဖို့ အစ်ကို ဆုံးဖြတ်လိုက်ပြီ။ အဓိက ကတော့ ကိုယ်လိပ်ပြာသန့်ဖို့ အရေးကြီးတာပေါ့နော်” လို့ သူကဆိုပါတယ်။ ညီနန္ဒဟာ သူ့ဘဝမှာ ထောပတ်ထမင်း ရောင်းရမယ်လို့တောင် မတွေးခဲ့မိတဲ့အကြောင်း ပြောပြလာပါတယ်။ သူဟာ အောင်မြင်မှုရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်းရတဲ့ အလုပ်ကို ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။ “ ဘယ်လိုနည်းနဲ့မှ

ထောပတ်ထမင်းသည်ဖြစ်လာမယ်လို့ မတွေးမိဘူး။ ဒါပေမယ့် ဂုဏ်ယူတယ်၊ ဝမ်းလည်း ဝမ်းသာတယ်။ အလုပ်တစ်ခု အောင်မြင်ဖို့ဆိုတာ အစစအရာရာ အကုန်လုံးပြည့်စုံဖို့လိုတယ်။ အဓိက ကတော့ ဘုရား၊ တရား လုပ်တာကြောင့်လည်းပါတယ်။ ကိုယ့်အလုပ်အပေါ် စေတနာထားတာကလည်း နံပါတ်(၂) ပေါ့နော်။” လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ညီနန္ဒဟာ ထောပတ် ထမင်းရောင်းရတဲ့ အလုပ်ကို မိသားစု စီးပွားရေးတစ်ခုအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ မကြာခင်မှာ

ထောပတ်ထမင်းကို ကိုယ်ပိုင် အမည်ပေးဖို့လည်း စီစဉ်နေပြီလို့ သူက ဆိုပါတယ်။ “အစ်ကိုဆိုရင် တစ်ခါတလေ တစ်နေ့လုံးမှ အိပ်ချိန်(၄) နာရီပဲရှိတယ်။ တော်တော်ပင်ပန်းတော့မှသာ နေ့လယ်ပိုင်းလေး ခဏ အိပ်ဖြစ်တာ။ အိပ်ရေးပျက်ပေမယ့်လည်း ဘုရားရှိခိုးရမယ့် အချိန်လုံးဝ မပျက်ဘူး။ ထောပတ်ထမင်းလေးကို ရေရှည်ရောင်းသွားမှာဖြစ်လို့ နာမည်ပေးဖို့လည်း စဉ်းစားထားပြီးပါပြီ။ Logo လေးနဲ့တကွ မကြာခင်မှာ မိတ်ဆက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ ညီနန္ဒကိုတော့

ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *