ႏွစ္ဘက္မိဘမ်ားနဲ႔အတူ မဂၤလာေမာ္ကြန္းတင္လက္မွတ္ ေရးထိုးခဲ့ၾကတဲ့ အိမ့္ခ်စ္တို႔ ဇနီးေမာင္ႏွံ

အိမ့္ခ်စ္ကေတာ့ သူမရဲ႕ ခ်စ္သူနဲ႔အတူ ဒီေန႔မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို ေျပာျပလာပါတယ္။ အေမနဲ႔သမီးပဲ ရွိတဲ့ဘဝေလးမွာ မွီစရာပုံေလးတစ္ခု နားခိုစရာ ရင္ခြင္ေလး တစ္ခုလိုခ်င္ခဲ့တဲ့ အိမ့္ခ်စ္ဖို႔ ဒီေန႔(ဇြန္လ၆ရက္)မွာေတာ့ လိုခ်င္တဲ့ပခုံးေလးတစ္ခုနဲ႔ ကမ္းလင့္တဲ့လက္ေလး တစ္စုံကိုပိုင္ဆိုင္ခြင့္ရခဲ့ၿပီ။ေမလတုန္းက သူတို႔ႏွစ္ေယာက္ရဲ႕ ေစ့စပ္ပြဲေလး မက်င္းပလိုက္ရေပမယ့္ ဒီေန႔ေလးကိုေတာ့ ရည္႐ြယ္ထားတဲ့အတိုင္း လက္မွတ္ေရးထိုးျဖစ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ “ေမတၱာတရားေတြလႊမ္းၿခဳံၿပီးဒီေန႔ ၆.၆.၂၀၂၀ မွာအိမ့္ခ်စ္တို႔ ခ်စ္သူႏွစ္ဦးႏွစ္ဖက္မိဘမ်ားနဲ႔

ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရားသူႀကီးေရွ႕ေမွာက္မွာ မဂၤလာေမာ္ကြန္းတင္လက္မွတ္ ေရးထိုးခဲ့ၾကပါၿပီ။ ဘဝကိုခက္ခက္ခဲခဲပင္ပင္ပန္းပန္းျဖတ္သန္းလာၿပီးလွမ္းၾကည့္လိုက္တိုင္းမွာအေမပဲရွိခဲ့တာ မျပည့္စုံတဲ့ မိန္းမတစ္ေယာက္ရဲ႕ေန႔ရက္ေတြကခါးသီးလြန္းခဲ့တယ္ ခက္ခဲတဲ့အခ်ိန္ေတြျဖတ္ ေက်ာ္ရတိုင္းပင္ပန္းတဲ့အခ်ိန္ေတြရင္ဆိုင္ရတိုင္းမွာ မွီစရာပခုံးေလးတစ္ခု နားခိုစရာရင္ခြင္ေလး တစ္ခုလိုခ်င္ခဲ့တာ…ဒီေန႔မွာေတာ့ လိုခ်င္ခဲ့တဲ့ပခုံးေလးတစ္ခု ကမ္းလင့္တဲ့ လက္ေလးတစ္စုံ ကိုပိုင္ဆိုင္ခြင့္ရခဲ့ၿပီ” လို႔ ဇြန္လ(၆)ရက္ေန႔က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။ေမလမွာ ေစ့စပ္ပြဲေလး

မလုပ္ျဖစ္ခဲ့ေပမယ့္ ဒီေန႔ေလးကိုေတာ့ ရည္႐ြယ္ထားတဲ့အတိုင္း လက္မွတ္ေရးထိုးခဲ့ၾကၿပီလို႔ သူမက ဆိုပါတယ္။ မဂၤလာဧည့္ခံပြဲႀကီးကိုေတာ့ ကပ္ေရာဂါေတြ ၿပီးမွ က်င္းပမယ္ျဖစ္ေၾကာင္းကိုလည္းေျပာထားပါေသးတယ္။ “ေမလတုန္းကေစ့စပ္ပြဲေလးကိုေတာ့ဖ်က္လိုက္ရေပမယ့္ ရည္႐ြယ္ထားစီစဥ္ထားတဲ့အတိုင္း ဒီေန႔မွာလက္မွတ္ေရးထိုးခဲ့ၾကပါၿပီ။ မဂၤလာဧည့္ခံပြဲကေတာ့ ကပ္ေရာဂါႀကီးၿပီးဆုံးသြားတဲ့အခ်ိန္အားလုံးေအးခ်မ္းသြားတဲ့အခ်ိန္မွပဲ က်င္းပပါမယ္ရွင့္အိမ့္ခ်စ္ကိုခ်စ္သလို အိမ့္ခ်စ္ရဲ႕လက္တြဲေဖာ္ကိုလဲ ခ်စ္ေပးၾကပါ”ဆိုၿပီး ဆက္လက္ေျပာျပထားပါတယ္။ အိမ့္ခ်စ္ကေတာ့ သူမရဲ႕ ခ်စ္သူကို

ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က စၿပီး ေဖ့စ္ဘြတ္စာမ်က္ႏွာကေနတဆင့္ ပရိသတ္နဲ႔ မိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ အဲဒီေန႔ကလည္း သူမကို လက္ထပ္ခြင့္ေတာင္းတဲ့ေန႔ အမွတ္တရ ျဖစ္ပါတယ္။ ပရိသတ္ေတြၾကားမွာေတာ့ အရမ္းကို အားက်ခဲ့ရတဲ့ စုံတြဲတစ္တြဲျဖစ္ခဲ့ပါတယ္။ အိမ့္ခ်စ္ဟာ ငယ္စဥ္ကတည္းက ဂီတနဲ႔မစိမ္းသလို ဖခင္ ဦးခ်စ္ေကာင္းနဲ႔အတူ စတိတ္စင္ေပၚမွာ ေဖ်ာ္ေျဖလာသူတစ္ဦးပါ။ အိမ့္ခ်စ္ဟာ အတြဲေခြမ်ားစြာမွာ ပါဝင္သီဆိုဖူးခဲ့သလို “ကိုယ္တိုင္ေရး ပုံတူပန္းခ်ီ” ၊ အခ်စ္ေရးစတဲ့ ေတးသီခ်င္း ေခြမ်ားနဲ႔ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းနဲ႔အတူ “၅၂၈” ေဖ်ာ္ေျဖ ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့တဲ့ အဆိုေတာ္တစ္ဦး ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ အတြင္းကလည္း သူမရဲ႕ဖခင္ ဦးခ်စ္ေကာင္းရယ္၊ ေမာင္ေလးျဖစ္တဲ့ ဂ်ဴနီယာခ်စ္ေကာင္းရယ္ သုံးေယာက္ေပါင္းၿပီး FG live Lounge.. ပြဲ လုပ္ခဲ့ပါေသးတယ္။

Read in UNICODE

အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူနဲ့အတူ ဒီနေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်။ အမေနဲ့သမီးပဲ ရှိတဲ့ဘဝလေးမှာ မှီစရာပုံလေးတစ်ခု နားခိုစရာ ရင်ခွင်လေး တစ်ခုလိုချင်ခဲ့တဲ့ အိမ့်ချစ်ဖို့ ဒီနေ့(ဇွန်လ၆ရက်)မှာတော့ လိုချင်တဲ့ပခုံးလေးတစ်ခုနဲ့ ကမ်းလင့်တဲ့လက်လေး တစ်စုံကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ။မေလတုန်းက သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲလေး မကျင်းပလိုက်ရပေမယ့် ဒီနေ့လေးကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း လက်မှတ်ရေးထိုးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ “မေတ္တာတရားတွေလွှမ်းခြုံပြီးဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦးနှစ်ဖက်မိဘများနဲ့

ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးခဲ့ကြပါပြီ။ ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီးလှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့ မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေကခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ် ကျော်ရတိုင်းပင်ပန်းတဲ့အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေး တစ်ခုလိုချင်ခဲ့တာ…ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့ လက်လေးတစ်စုံ ကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ” လို့ ဇွန်လ(၆)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။မေလမှာ စေ့စပ်ပွဲလေး

မလုပ်ဖြစ်ခဲ့ပေမယ့် ဒီနေ့လေးကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း လက်မှတ်ရေးထိုးခဲ့ကြပြီလို့ သူမက ဆိုပါတယ်။ မင်္ဂလာဧည့်ခံပွဲကြီးကိုတော့ ကပ်ရောဂါတွေ ပြီးမှ ကျင်းပမယ်ဖြစ်ကြောင်းကိုလည်းပြောထားပါသေးတယ်။ “မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ။ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့်အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါ”ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။ အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူကို

ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနေ့ကလည်း သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ အမှတ်တရ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာတော့ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ အိမ့်ချစ်ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို “ကိုယ်တိုင်ရေး ပုံတူပန်းချီ” ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ “၅၂၈” ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *