အနုပညာအလုပ်တွေကို စီးပွားရေးအခြေကျသွားမှပဲ လုပ်တော့မယ်ဆိုတဲ့ ဘေဘီမောင်
Read in UNICODE
ဘေဘီမောင်ကတော့ လှပတဲ့ကောက်ကြောင်း၊ ပွင့်လင်းတဲ့စကားပြောဆိုဟန်တွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ သမီးကြီးဖြစ်သူပီပီ အစ်မကြီးအမိရာပီသတဲ့ ဘေဘီမောင်ကတော့ မကြာသေးခင်ကမှ မိသားစုအတွက် လုံခြုံနွေးထွေးတဲ့အိမ်လေးတစ်လုံး
ဆောက်ပေးခဲ့သူပါ။ ဒါ့အပြင် ဘေဘီကတော့ ရရှိလာတဲ့အနုပညာကြေးတွေကိုလည်း မလိုအပ်တဲ့နေရာမှာမသုံးဘဲ ခြိုးခြံချွေတာတတ်သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အသက်(၃၀)မတိုင်ခင်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုနဲ့ ရပ်တည်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး
ဒီနေ့မှာတော့ ရည်ရွယ်ထားတာတွေအဆင်ပြေတော့မှာ ဖြစ်ကြောင်းသတင်းကောင်းလေး မျှဝေခဲ့ပါတယ်။ “ခုနှစ်ရက်သားသမီးများရဲ့ချစ်ခင်အားပေးမှုကြောင့် မကြာခင်မှာစီပွားရေးလုပ်ငန်းလေးတွေအကောင်ထည်ဖော်လို့ပြီးတော့မယ်… ချစ်ခင်ပြီးအားပေးကြတဲ့သူများအားလုံးကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်…. အသက်(၃၀)မှာစီးပွားရေးလေးတစ်ခုလုပ်ချင်တာခုတော့ရခဲ့ပါပြီ” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းကို အဆင်ပြေအောင် အရင်လုပ်ရဦးမှာမို့ “စီးပွားရေးခြေချမှအနုပညာလေးကိုသေချာလုပ်တော့မယ်နော်…
ခဏလေးပါနော် အနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေအများကြီးရှိပါတယ်လို့” ဆိုပြီးတော့လည်း အနုပညာအလုပ်တွေခဏရပ်နားထားဦးမယ့် အကြောင်းကို ရေးသားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေ အချိန်ခဏလောက်ရပ်နားထားဦးမယ်ဆိုတော့ လွမ်းနေရတော့မှာ အမှန်ပဲမဟုတ်လားနော်။
Source : Baby Maung | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *