ငြိမ်းမြတ်သူကို သွားခေါလို့ ဝေဖန်နေကြတဲ့သူတွေကို စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောခဲ့တဲ့ ဥက္ကာမင်းမောင်






Read in UNICODE

ဥက္ကာမင်းမောင်ကတော့ Tik Tok ဆယ်လီ ငြိမ်းမြတ်သူတစ်ယောက် ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ များစွာဝေဖန်ခံနေရတဲ့အပေါ်မှာတော့ ဝေဖန်နေသူကို စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောထားပါတယ်။ ငြိမ်းမြတ်သူကတော့ အပျော်သဘောနဲ့ Tik Tok ဆော့ကစားရာကနေ နာမည်ကြီးလာတဲ့ Tik Tok ဆယ်လီဖြစ်ပြီး ဝေဖန်မှုများစွာခံနေရကာ

အထူးသဖြင့် သွားခေါတာနဲ့ ပတ်သက်လို့ ဝေဖန်ခြင်းခံနေရတာဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အခုလို Tik Tok ဆယ်လီ ငြိမ်းမြတ်သူအပေါ် ဝေဖန်နေတဲ့သူတွေကို “မိန်းခလေးတယောက် သွားခေါတာကို မင်းသမီးပုံတွေနဲ့ယှဉ်ပြီး ဝိုင်းဝေဖန် နှိမ်ပြီး ပြောဆိုနေကြတဲ့ စိတ်ဓါတ်တွေ .. လူတွေလူတွေ.. Cyber bully

ဆိုတာ အဲ့ဒါပဲ.. နဂို သဘာဝအတိုင်းနေတာလဲ ရှက်စရာတခုမဟုတ်ဘူး.. Just be yourself. သွားတွေပြင်ချင်လို့ ပြင်မယ်ဆိုလဲ အားပေးတယ်.. လူတယောက်ရဲ့ ပင်ကိုယ်ပုံစံသဘာဝအလှကို ပတ်ဝန်းကျင်က လှောင်စရာတခုလို့ သတ်မှတ်တာ

စိတ်ပျက်ဖို့ ကောင်းတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ဥက္ကာမင်းမောင်ကတော့ ငြိမ်းမြတ်သူကို ဝေဖန်မှုတွေဟာ Cyber bully လုပ်နေတာဖြစ်ပြီး လူတစ်ယာက်ရဲ့ ပင်ကိုယ်ပုံစံသဘာဝအလှကို ပတ်ဝန်းကျင်က

လှောင်စရာတခုလို့ သတ်မှတ်တာဟာ စိတ်ပျက်ဖို့ကောင်းပါတယ်တဲ့။ ပရိသတ်ကြီးရေ ဥက္ကာမင်းမောင်ကတော့ Tik Tok ဆယ်လီ ငြိမ်းမြတ်သူအပေါ် ဝေဖန်နေတဲ့သူတွေကို လူတစ်ယာက်ရဲ့ ပင်ကိုယ်ပုံစံသဘာဝအလှကို ဝိုင်းလှောင်ပြီးဝေဖန်နေတာဟာ စိတ်ပျက်ဖို့ကောင်းပါတယ်တဲ့။ ပရိသတ်ကြီးရေ Cyber bully ဆိုတာ ဒါပဲတဲ့။

Source : Ye Htoo Win | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *