အသက်(၃၀)ကျော်အရွယ်ထိ စောင့်ရှောက်ကျွေးမွေးခဲ့တဲ့ မိဘနှစ်ပါးကို အရမ်းချစ်တယ်လို့ ပြောခဲ့တဲ့ ထွန်းထွန်း
Read in UNICODE
သရုပ်ဆောင်နဲ့ အဆိုတော် အကယ်ဒမီ ထွန်းထွန်းက လက်ရှိမှာလဲ အနုပညာ လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေသလို နှင်းဆီအဖွဲ့နဲ့လဲ ပရဟိတ လုပ်ငန်းတွေ လိုက်လံလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းက တစ်ကိုယ်တည်း လူပျိုကြီးအနေနဲ့ အေးဆေးတည်ငြိမ်စွာ နေထိုင်နေပြီး မိသားစုတွေ၊
သူငယ်ချင်းတွေနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း စိတ်ဝင်တစားရှိကြပါတယ်။ ဒီကနေ့ ဇွန်လ (၅) ရက်နေ့ကတော့ ထွန်းထွန်းရဲ့ ဖခင်ကြီးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထွန်းထွန်းက
သူ့ဖခင်အတွက် မွေးနေ့ဆုတောင်းစကားလေးပြောရင်း “Happy Birthday ဖေဖေ !! သား အဖေနဲ့အမေကို အရမ်းချစ်တယ် !!” ဆိုပြီး မိဘနှစ်ပါးကို အရမ်းချစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့
လက်ရှိမှာ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် တစ်ဦးတည်းသောသားဖြစ်တာကြောင့် မိဘနှစ်ပါးထံမှာ ဒီအရွယ်ထိ ကလေးတစ်ယောက်လို ဖြစ်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထွန်းထွန်းတို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးနေကြမယ် ထင်ပါတယ်နော်။
Source : Htin Aung Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *