ကြယ္လြန္သြားၿပီျဖစ္တဲ့ မိခင္ႀကီး နဲ႔ အဖိုးအဖြားေတြအတြက္ ဘုရားမွာ ရင္ျပင္ေတာ္ခင္းဖို႔ လွဴဒါန္းခဲ့တဲ့ ဂြမ္းပံု

ဇာတ္ပို႔သ႐ုပ္ေဆာင္ ဂြမ္းပုံေလးကေတာ့ ကြယ္လြန္သြားၾကၿပီျဖစ္တဲ့ အဘိုးအဘြားနဲ႔ မိခင္ျဖစ္သူအတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳေပးေနတာ ေတြ႕ရပါတယ္။ မိခင္ျဖစ္သူရဲ႕ ဇာတိ႐ြာေလးက ႐ြာဦးေစတီ ေတာ္မွာ လိုအပ္တာေတြ ျဖည့္ဆည္းေပးလႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ “ကြယ္လြန္သူ ဖိုးဖိုး ဖြားဖြားႏွင့္ ေမေမေဒၚယဥ္သန္း(ခ)မေလးပေလာင္

အားရည္စူး၍ ေမေမ့ရဲ႕႐ြာေလးရွိ ဖိုးဖိုး၊ဖြားဖြား(7)ရက္သားသမီးမ်ားတည္ခဲ့ေသာ ႐ြာဦးေစတီေလးအတြက္ ဘုရားရင္ျပင္ေတာ္ခင္းရန္ ဘိလပ္ေျမအိတ္(၅၀)၊ ေက်ာက္ျပား(၂၀၅၀)ခ်ပ္၊ေနပူခံေက်ာက္ျပား (၃၃၀)ခ်ပ္၊ ေက်ာက္စရစ္ခဲ (၃)က်င္း ကို ေမေမ့႐ြာ အေရာက္ပို႔ေဆာင္လႉဒါန္းလိုက္ပါသည္။( ေမေမ့တလျပည့္ဆြမ္းေကြၽးေလးကို ေမေမ့႐ြာေလးမွာ

သံဃာေတာ္(၁၁)ပါး၊ အားဆြမ္းကပ္ေရစက္ခ်လႉဒါန္းပါမည္။ ေမေမေကာင္းမြန္ရာဘုံဘဝမွၾကည္ႏူးပီတိျဖင့္..သာဓုေခၚဆိုႏွိင္ပါေစေနာ္” ဆိုၿပီးေတာ့ ဇြန္လ ၅ ရက္ေန႔ ေန႔လယ္ (၁၁) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ဂြမ္းပုံေလးရဲ႕ မိခင္ကေတာ့ ေမလ (၂၄) ရက္ေန႔ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ Covid

ကာလျဖစ္တာေၾကာင့္ ဈာပနကိစၥအဝဝကို နာေရးကူညီမႈအသင္းက ေဆာင္႐ြက္ေပးခဲ့တာ ျဖစ္ၿပီး သူမကလည္း မိခင္ျဖစ္သူအတြက္ ရည္စူးၿပီး အလႉအတန္းေတြ ခ်က္ခ်င္းလုပ္ခဲ့တာ ေတြ႕ရပါတယ္။ ေမလ(၃၀) ရက္ေန႔ တုန္းကလည္း မိခင္ျဖစ္သူအတြက္ ရက္လည္ဆြမ္းေကြၽး တရားနာကုသိုလ္ျပဳေပးခဲ့ပါေသးတယ္။ ဂြမ္းပုံေလးဟာ က်ရာဇာတ္႐ုပ္ကို

အေကာင္းဆုံး ႀကိဳးစားသ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ ၁၀ စုႏွစ္ တစ္စု ေက်ာ္လာတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိလာတဲ့ ဇာတ္ပို႔ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူ႔အေနနဲ႔ အိမ္အကူ ကာ႐ိုက္တာ၊ မင္းသမီးရဲ႕ သူငယ္ခ်င္းေနရာ၊ အေဒၚေနရာ၊ အေမ ေနရာ နဲ႔ အစ္မႀကီး ေနရာေတြမွာ အမ်ားဆုံး ပါဝင္သ႐ုပ္ေဆာင္ရသူျဖစ္ပါတယ္။ သူမဟာ ၂၀၁၅ ခုႏွစ္တုန္းက အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု အျဖစ္ “ဤအရာကိုအခ်စ္ဟုေခၚသလား” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီဆု ရရွိထားသူျဖစ္ပါတယ္။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင် ဂွမ်းပုံလေးကတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ အဘိုးအဘွားနဲ့ မိခင်ဖြစ်သူအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုပေးနေတာ တွေ့ရပါတယ်။ မိခင်ဖြစ်သူရဲ့ ဇာတိရွာလေးက ရွာဦးစေတီ တော်မှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ကွယ်လွန်သူ ဖိုးဖိုး ဖွားဖွားနှင့် မေမေဒေါ်ယဉ်သန်း(ခ)မလေးပလောင်

အားရည်စူး၍ မေမေ့ရဲ့ရွာလေးရှိ ဖိုးဖိုး၊ဖွားဖွား(7)ရက်သားသမီးများတည်ခဲ့သော ရွာဦးစေတီလေးအတွက် ဘုရားရင်ပြင်တော်ခင်းရန် ဘိလပ်မြေအိတ်(၅၀)၊ ကျောက်ပြား(၂၀၅၀)ချပ်၊နေပူခံကျောက်ပြား (၃၃၀)ချပ်၊ ကျောက်စရစ်ခဲ (၃)ကျင်း ကို မေမေ့ရွာ အရောက်ပို့ဆောင်လှူဒါန်းလိုက်ပါသည်။( မေမေ့တလပြည့်ဆွမ်းကျွေးလေးကို မေမေ့ရွာလေးမှာ

သံဃာတော်(၁၁)ပါး၊ အားဆွမ်းကပ်ရေစက်ချလှူဒါန်းပါမည်။ မေမေကောင်းမွန်ရာဘုံဘဝမှကြည်နူးပီတိဖြင့်..သာဓုခေါ်ဆိုနှိင်ပါစေနော်” ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သရုပ်ဆောင် ဂွမ်းပုံလေးရဲ့ မိခင်ကတော့ မေလ (၂၄) ရက်နေ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Covid

ကာလဖြစ်တာကြောင့် ဈာပနကိစ္စအဝဝကို နာရေးကူညီမှုအသင်းက ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး သူမကလည်း မိခင်ဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေ ချက်ချင်းလုပ်ခဲ့တာ တွေ့ရပါတယ်။ မေလ(၃၀) ရက်နေ့ တုန်းကလည်း မိခင်ဖြစ်သူအတွက် ရက်လည်ဆွမ်းကျွေး တရားနာကုသိုလ်ပြုပေးခဲ့ပါသေးတယ်။ ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို

အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် “ဤအရာကိုအချစ်ဟုခေါ်သလား” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *